နောက်ကျောကို ထိုးမယ့်ဓား

မိမိအသက်ကို တည်ပြီး (၇) နဲ့စားလို့ ၃ကြွင်းတဲ့ အသက်ပိုင်းတွေသည် နောက်ကျောကို ဓားထိုးခံရခြင်း ၊ မထင်မှတ်သော အချိန်တွင် သွေးရင်း အတူနေအုပ်စုတွင်းမှ ယုံကြည်မှုအပေါ် အလွဲသုံးစား လုပ်ခြင်း၊ လူယုံ၊ အတွင်းလူ ဒုက္ခပေးခြင်းကို အများဆုံး ဖြစ်ပွားစေတတ်တဲ့ အသက်ပိုင်းများ ဖြစ်ပါတယ်။

အထူးသဖြင့် အမည်အဖျားစာလုံး တနင်္ဂနွေသမားများ ( ဥပမာ-စန္ဒာအောင်၊ ပြည့်စုံအောင်၊ သူရအောင်၊ ကျော်ကျော်အောင်၊ ဇင်မာဦး ) ၊ ကြာသပတေး+ ဗုဒ္ဓဟူး နာမည်ရှင်များ(ဥပမာ- မြတ်လင်း၊ ဖြိုးပပလှိုင်၊ မြင့်ဝင်း၊ ဘိုဘိုလင်း) ၊ စနေ+တနင်္လာ နာမည်ရှင်များ ( နိုင်ကြည်၊ နွေးနွေးခင်၊ ထက်ထက်ခိုင်) စသဖြင့် မှည့်ထားသော အမည်ရှင်များအနေဖြင့် ပိုမို သတိထားအပ်သော ကာလအပိုင်းခြားများ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၎င်းအသက်ပိုင်းများမှာ ဇာတာရှင်များအနေဖြင့် ရေလမ်းခရီး သွားခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။ လူယုံ သတ်ကိန်း၊ နောက်ကျော ဓားထိုးခံရကိန်းတွေ၊ ရေလမ်းဘေး မကင်းတာတွေ စတဲ့ အဆိုးအညံ့တွေကို ချေဖျက်မယ့် ယတြာကိုလည်း လမ်းညွှန်လိုက်ပါတယ်။

ယတြာအနေနဲ့ ကြွေပန်းကန်လုံးတစ်လုံးထဲမှာ ဖယောင်းတိုင်အဖြူလေး စိုက်ပြီး ဖယောင်းတိုင်အဖြူ တစ်ဝက်ရောက်သည်အထိ ရေဖြည့်ပါ။ ပြီးမှ ဖယောင်းတိုင်ကို မီးညှိပြီး ရေပေါ်မှာ မီးပူဇော်ခြင်းကို ကိုးကွယ်ရာ ဘာသာတရားအလိုက် ဆုတောင်း ဆန္ဒပြုနိုင်ပါတယ်။

ဒီကိန်းခန်းဟာ လူတိုင်း အလွယ်တကူ တွက်ချက်နိုင်အောင် ဖော်ပြထားတာ ဖြစ်ပြီး သက်ဆိုင်ရာ မူလဇာတာနဲ့ အမည်သာဘာဝအရ ကွဲပြားမှုရှိနိုင်ပါတယ်။ မြန်မာ့ သေသ၀ိဇ္ဇာဗေဒင်ပညာရပ်အရ အားလုံး သတိပြုနိုင်စေဖို့ ဖော်ပြပေးတာ ဖြစ်ပါတယ်။

လူယုံဒုက္ခပေးခြင်းမှ ကင်းဝေးပါစေသော် – ဆရာလင်းဝေအောင် (ဆန်းကျမ်းနှင့်ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)