နေ့စဉ် လာဘ်ရွှင် ဆုတောင်းပြည့် အစီအရင်

နေ့စဉ် လာဘ်လာဘ ရွှင်လန်းရေးနှင့် လုပ်ငန်းစီးပွားများ အောင်မြင်စွာ လည်ပတ်နိုင်ရေးတို့ အတွက် ရှေးဆရာသခင်များ လမ်းညွှန် ပြသခဲ့သော လာဘ်ပွင့်ဂါထာနှင့် လာဘ်နေအရပ် အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

မြန်မာဗေဒင်ပညာရှင်များ ညွှန်ကြားခဲ့သော နတ်နေ၊ လာဘ်နေ လင်္ကာများတွင် လာဘ်နေ ဟူသော နေ့စဉ် လာဘ်လာဘ ပွင့်လန်းရာ အရပ်ကို မျက်နှာမူ၍ လာဘ်ပွင့်စေသော ဂါထာကို နဝင်းပြည့်အောင် ရွတ်ဖတ် ပူဇော်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

နေ့စဉ် မနက်ခင်းတစ်ခုကို စတင်ပြီဆိုသည်နှင့် လာဘ်ပွင့်ဂါထာကို အနည်းဆုံး (၉) ခေါက် ရွတ်ဖတ်ပါ။ ရွတ်ဖတ် ပူဇော်သည့်အခါ နေ့အလိုက် ဖြစ်တည်သော လာဘ်နေအရပ်ကို မျက်နှာမူ၍ ရွတ်ဖတ်ရမည် ဖြစ်ပါသည်။ “အစွမ်းထက်သော လာဘ်ပွင့်ဂါထာ” မှာ အောက်ပါအတိုင်း ဖြစ်သည်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တစ်ပတ်အတွင်း တည်ရှိနေသော လာဘ်နေအရပ်မျက်နှာများမှာ အောက်ပါအတိုင်း ဖြစ်သည်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

လာဘ်နေအရပ်ကို အသုံးပြု ဆောင်ရွက်ပုံ ဆောင်ရွက်နည်းကား ရိုးရှင်းလှ၏။ တနင်္လာနေ့ နံနက်ဆိုပါက မနက်မိုးလင်း ရေမိုးချိုး ကိုယ်လက် သန့်စင် ဘုရားဝတ်ပြုပြီးနောက် လာဘ်နေအရပ် ဖြစ်သော အနောက်အရပ် သို့ မျက်နှာမူ၍ “ဥုံ ဧဟိလာဘံဘဝိဿတိ” ဟု ၉ ခေါက် ရွတ်ဖတ်ပူဇော်ပါ။ တစ်နေ့တာအတွင်း လာဘ်ရွှင်ခြင်း၊ လုပ်ငန်းစီးပွားလုပ်ဆောင်မှု အဆင်ပြေခြင်းများ ဖြစ်ထွန်းမည်။

ရှေးဆရာ အစဉ်အဆက် သုံးစွဲခဲ့သော လွယ်ကူထိရောက်သော နည်းလမ်းတစ်ခုအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ..ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)