နေ့နံအလိုက် ကံဇာတာညိုးမှိန်တတ်သော နှစ်များ

မြန်မာ့ရိုးရာဗေဒင်ပညာမှာ နေ့သားသမီးအားလုံးအတွက် ကံမကောင်းအကြောင်းမလှမျိုးစုံကို ဖြစ်စေတတ်တဲ့ နှစ်အပိုင်းအခြားတွေ ရှိပါတယ်။ ယေဘုယျအားဖြင့် အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းတဲ့နှစ်တွေဟာ ကံဇာတာ ညိုးမှိန်အားနည်းတတ်ပါတယ်။

အဲဒီလို ကံအားနည်းချိန်မှာ မူလဇာတာအရ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ ရလာတဲ့ အကြွင်းအလိုက် ကံဇာတာ ဘယ်အထိ နိမ့်သွားနိုင်လဲဆိုတာ သိနိုင်ပါတယ်။ အောက်မှာ နေ့သားအလိုက်၊ အကြွင်းအလိုက် အသေးစိတ် ဖော်ပြထားပါတယ်။

တနင်္ဂနွေသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းတဲ့ နှစ်ကို ရောက်လာတဲ့အခါ မိသားစုနဲ့ အိမ်ထောင်ဖက်နဲ့ ပတ်သက်လို့ စိတ်ဆင်းရဲစရာတွေ ဖြစ်တတ်ပါတယ်။ ဘယ်သူနဲ့မှ အဆင်မပြေတော့တာ၊ လူမှုပြဿနာ ကြုံရတာတွေ ဖြစ်လာနိုင်သလို ကျန်းမာရေး ချူချာအားနည်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (၁) ကြွင်းတဲ့ တနင်္ဂနွေနေ့ဖွားတွေမှာ ပိုသတိပြုရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္လာသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းတဲ့ နှစ်တွေကို ရောက်လာပြီ ဆိုရင်တော့ မထင်မှတ်တဲ့ ပဋိပက္ခတွေ၊ အမှုအခင်း ပြဿနာတွေ ဖြစ်ပွားတတ်ပါတယ်။ ဆေးရုံဆေးခန်း ရောက်ရတာနဲ့ မီးဘေးသင့်တာ၊ ကိုယ်မှာ ဒဏ်ရာအနာတရတွေ ဖြစ်တာ၊ အဆိပ်သင့်တာမျိုးတွေ ကြုံတတ်ပါတယ်။ မြန်မာ မွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (၄) ကြွင်းတဲ့ တနင်္လာဆိုရင် ပိုပြီးတော့ ဂရုစိုက်ရပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းတဲ့ နှစ်တွေကို ရောက်လာရင် လုပ်ငန်းစီးပွားရေး ကျဆင်းမှု ဖြစ်တတ်ပါတယ်။ ငွေကြေးပြဿနာ ပေါ်တတ်ပါတယ်။ လာဘ် ပိတ်တာ၊ ငွေကြေး အကျပ်အတည်း ကြုံတာတွေ ဖြစ်တတ်သလို ခင်မင်ရင်းနှီးသူတွေ၊ မိသားစုတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မြန်မာမွေးခုနှစ်ကို (၇) နဲ့ စားလို့ (၂) ကြွင်းတဲ့ အင်္ဂါသားသမီးတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗုဒ္ဓဟူးသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄)  ကြွင်းတဲ့နှစ်တွေကို ရောက်လာရင် စီးပွားရေးတွေ လုပ်ရကိုင်ရ ခက်ခဲလာတာ၊ အတိုက်အခံတွေ သိပ်များတာမျိုး ဖြစ်တတ်သလို လူမှုရေး၊ ကျန်းမာရေးကဏ္ဍမှာပါ ထိခိုက်မှုတွေ ရှိလာတတ်ပါတယ်။ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (၁) ကြွင်းရင် ပိုသတိထားရပါမယ်။

ကြာသပတေးသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းတဲ့နှစ်ကို ရောက်လာရင် အဲဒီနှစ်ထဲမှာ အိုးအိမ်နေရာထိုင်ခင်း ကိစ္စ ၊ လူမှုရေးပြဿနာ စတာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ မြေ၊ အမွေကိစ္စနဲ့ တခြား အရှုပ်အရှင်းတွေ ဖြစ်ပွားတတ်ပါတယ်။ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (၅) ကြွင်းရင် ပိုဖြစ်တတ်ပါတယ်။

သောကြာသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းမယ် ဆိုရင် အဲဒီနှစ်တွေမှာ ဒေါသထွက်ချင် ပေါက်ကွဲချင်စရာတွေ သိပ်များလာတတ်ပါတယ်။ အလုပ်၊ နေရာအပြောင်းအလဲတွေ ဖြစ်တတ်ပြီး ရပ်ဝေးဒေသ ပြောင်းရွှေ့ရတတ်ပါတယ်။ ငွေရေးကြေးရေးပြဿနာတွေလည်း များလာနိုင်ပါတယ်။ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (ဝ) ကြွင်းသူဆိုတွေဆိုရင် ပိုသတိပြုရပါမယ်။ ရန်များ၊ အတိုက်အခိုက်များတဲ့အချိန် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

စနေသားသမီးများ – အသက်ကို တည် (၈) နဲ့စားလို့ (၄) ကြွင်းမယ် ဆိုရင် ခရီးအသွားအလာ ဆင်ခြင်ရပါမယ်။ လမ်းခရီးမှာ မတော်တဆ ဖြစ်တတ်ပါတယ်။ လုပ်ငန်းမှာ အတိုက်အခံ များပြီး အမှုအခင်းအချုပ်အနှောင်တွေပါ ကြုံရတတ်ပါတယ်။ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားလို့ (၃) ကြွင်းတဲ့ စနေသားသမီးဆိုရင်တော့ ပိုပြီး သတိပြု နေထိုင်ရပါလိမ့်မယ်။

၇ ရက်သားသမီးအားလုံး ဘေးဥပဒ်အန္တရာယ်အားလုံးကနေ ကင်းဝေးချမ်းသာရကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)