နေ့နံအလိုက် ဘုရားရှိခိုးနှင့် လာဘ်ဖွင့်အစီအရင်

မြန်မာ့ရိုးရာအင်္ဂဝိဇ္ဖာပညာဖြင့် ၇ ရက်သားသမီးများ နေ့နံအလိုက် ပြုလုပ်နိုင်သော လာဘ်ဖွင့်အစီအရင်ကို အများအကျိုး မျှော်ရည်၍ အလွယ်တကူ နားလည်ဖတ်ရှု အသုံးပြုနိုင်ရန် မခြွင်းမချန် ဖော်ပြပေးလိုက်ပါသည်။ သမ္မာအာဇီဝကျသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို လုပ်ကိုင်ခြင်း၊ ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်ခြင်းတို့ဖြင့် ပြည့်စုံပါက မိမိ ကံအင်အားရှိသည့်အလျောက် ထူးခြားသော တိုးတက် အောင်မြင်ပွင့်လန်းမှုများကို မြင်တွေ့ရမည် ဖြစ်ကြောင်းကို ကြိုတင် အသိပေးအပ်ပါသည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္ဂနွေနေ့သားသမီးများအတွက် – တနင်္ဂနွေနေ့ဖွားများအတွက် မြန်မာ့ရိုးရာအင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်ဟာ အင်္ဂါနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ တနင်္ဂနွေနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး အုန်း ဆွမ်း(၁)ပွဲ၊ အလင်းတိုင် အမွှေးတိုင် ၆ တိုင်စီ၊ သောက်တော်ရေ ၆ခွက် ကပ်လှူပြီး တနင်္ဂနွေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၆ ကြိမ် ရွတ်ဖတ် ပူဇော်ပေးရမှာဖြစ်ပါတယ်။

***တနင်္ဂနွေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

ဆွမ်းကပ် ဂါထာရွတ်ဆိုပူဇော်ပြီးတာနဲ့ ဘုရားစေတီမှာ ကျောက်ပြားလှူခြင်းဖြစ်စေ ကျောက်ပြားအလှူအတွက် ငွေထည့်ခြင်းဖြစ်စေ ပြုလုပ်ရပါမယ်။ တနင်္လာထောင့်မှာ သန့်ရှင်းရေးကုသိုလ် ပြုခြင်း၊ ငါးစာကျွေးခြင်း စသော အဆင်ပြေရာ ကုသိုလ်ဒါနတစ်ခုကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ဒ့ါအပြင် တနင်္ဂနွေသားရဟန်းတစ်ပါးကို သင်္ကန်း(ကိုယ်အောက်ပိုင်းသုံး)တစ်ထည်ဖြစ်စေ၊ သင်းပိုင်ဖြစ်စေ၊ ရေသနုပ်ဖြစ်စေလည်း လှူဒါန်းနိုင်ပါတယ်။ ကိုယ့်အတွက် လွယ်ကူအဆင်ပြေနိုင်မယ့် အားဖြည့်ကုသိုလ် တစ်ခုကိုဆောင်ရွက်နိုင်ပါတယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်း ရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘ ပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

တနင်္လာသားသမီးများအတွက် – တနင်္လာနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်ဟာ ဗုဒ္ဓဟူးနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ တနင်္လာနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး ကျောက်ကျောဆွမ်း ၂ ပွဲ၊ အလင်းတိုင် အမွှေးတိုင် ၁၅ တိုင်၊ သောက်တော်ရေ ၁၅ခွက် ကပ်လှူပြီး တနင်္လာနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၁၅ ကြိမ် ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

***တနင်္လာနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘ ပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

အင်္ဂါသားသမီးများအတွက် – အင်္ဂါနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်သည် ကြာသပတေးနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ အင်္ဂါနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွ ပင့်ဖိတ်ပြီး ဆီထမင်း (၃)ပွဲ (သို့မဟုတ်) ဆွမ်းအဖြူပေါ်မှာ ဇီးယို တင်ထားသော ဆွမ်း(၃)ပွဲ၊ အလင်းတိုင် အမွှေးတိုင် ၈ တိုင်စီ၊ သောက်တော်ရေ ၈ခွက် ကပ်လှူပြီး အင်္ဂါနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၈ ကြိမ် ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

***အင်္ဂါနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများအတွက် – ဗုဒ္ဓဟူးနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်သည် သောကြာနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး လမုန့် ၄-ခုဖြစ်စေ ဆွမ်းအဖြစ်ပေါ်တွင် ရှောက်ယိုတင်၍ ဖြစ်စေ လှူဒါန်းပြီး၊ အလင်းတိုင် အမွှေးတိုင် ၁၇ တိုင်စီ၊ သောက်တော်ရေ ၁၇ ခွက် ကပ်လှူပြီး ဗုဒ္ဓဟူးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၁၇ ကြိမ် ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

***ဗုဒ္ဓဟူးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

ကြာသပတေးသားသမီးများအတွက်- ကြာသပတေးနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်သည် စနေနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ ကြာသပတေးနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွပင့်ဖိတ်ပြီး မြေပဲဆွမ်း (၅)ပွဲ၊ အလင်းတိုင် အမွှေးတိုင် ၁၉ တိုင်စီ၊ သောက်တော်ရေ ၁၉ခွက် ကပ်လှူပြီး ကြာသပတေးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၁၉ ကြိမ် ရွတ်ဖတ် ပူဇော်ပေးရမှာ ဖြစ်ပါတယ်။

***ကြာသပတေးနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

အထက်ပါ ဘုရားကပ်လှူခြင်းဆောင်ရွက်ပြီးသည်နှင့် ဘုရားစေတီတစ်ဆူဆူရဲ့ သောကြာထောင့်ကို သွားပြီး ရေသပ္ပါယ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းကုသိုလ်တွေနဲ့ အားဖြည့်လုပ်ဆောင်ပေးရပါမယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘ ပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

သောကြာသားသမီးများအတွက်- သောကြာနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်သည် တနင်္ဂနွေနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ သောကြာနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွ ပင့်ဖိတ်ပြီး ဆွမ်းဖြူပေါ်တွင် သီဟိုစေ့ဖြူထားသော ဆွမ်း(၆)ပွဲ (သို့မဟုတ်) သင်္ဘောသီး ၆-စိပ်ကို ပန်းကန်ပြားထဲ ထည့်၍ဖြစ်စေ၊ အလင်းတိုင် အမွှေးတိုင် ၂၁ တိုင်စီ၊ သောက်တော်ရေ ၂၁ ခွက် ကပ်လှူပြီး သောကြာနေ့ဖွားများ အတွက် ကုသိုလ်ကံပွင့် ဂါထာကို ၂၁ ကြိမ် ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

***သောကြာနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။

စနေသားသမီးများအတွက် – စနေနေ့ဖွားများအနေနဲ့ မြန်မာ့အင်္ဂ၀ိဇ္ဇာပညာခန်းလာ လာဘ်ဖွင့်ခြင်းအစီအရင်အတွက် လုပ်ဆောင်ရမယ့် နေ့နဲ့အချိန်သည် တနင်္လာနေ့ မနက် ၆း၀၀ နာရီကနေ ၇း၃၀ နာရီအတွင်းဖြစ်ပါတယ်။ စနေနေ့ဖွား ဘုရားရှင် တစ်ပါးအား ဘွဲ့တော်နှင့်တကွ ပင့်ဖိတ်ပြီး ထောပတ်ဆွမ်း (၇)ပွဲ၊ အလင်းတိုင်အမွှေးတိုင် ၁၀ တိုင်စီ၊ သောက်တော်ရေ ၁၀ခွက် ကပ်လှူပြီး စနေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့် ဂါထာကို ၁၀ ကြိမ် ရွတ်ဖတ်ပူဇော်ပေးရမှာဖြစ်ပါတယ်။

***စနေနေ့ဖွားများအတွက် ကုသိုလ်ကံပွင့်ဂါထာ***

တစ်ပတ်တစ်ကြိမ် ပုံမှန်လှူဒါန်းရွတ်ဖတ်ပူဇော်ခြင်းဖြင့် လုပ်ငန်းဝင်ငွေကောင်းခြင်း၊ လာဘ်လာဘပွင့်လန်းခြင်း၊ ငွေကြေး ကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်ပါတယ်။ ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(၇ ရက်သားသမီး ကံပွင့်ဂါထာများကို အသင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားသော မူရင်းဖန်တီးသူအား ဗေဒင်သုတမှ လေးစားစွာ ကျေးဇူးတင်ပါသည်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)