နေ့ဖွားအားလုံးအတွက် မြန်မာနှစ် ၁၃၈၄ ခုနှစ် ကံဇာတာ

တနင်္ဂနွေကနေ ရာဟုအထိ နေ့ဖွား အားလုံးအတွက် မြန်မာနှစ်သစ် ၁၃၈၄ ခုနှစ် ကံကြမ္မာဟောစာတမ်းကို လိုတိုရှင်း တင်ပြပေးလိုက်ပါတယ်။ ယေဘုယျဟောချက်တွေ ဖြစ်တယ်ဆိုတာကိုတော့ သတိပြုပါခင်ဗျား..

တနင်္ဂနွေနေ့ဖွားများ

ဒီနှစ်မှာ ကျန်းမာရေး သာမန်ထက် နိမ့်ကျတတ်ပါတယ်။ လူပင်ပန်းစိတ်ပင်ပန်းမှု များပြီး တာဝန်ကြီးတွေလည်း ယူရတတ်ပါတယ်။ အလုပ်တွေ ပိုများလာနိုင်သလို အပြိုင်အဆိုင်၊ အတိုက်အခိုက်တွေလည်း ပေါ်လာတတ်လို့ စိတ်ညစ်ရတတ်တယ်။ ငွေကြေးကံ အသင့်အတင့်ပဲ ရှိပါမယ်။ မေတ္တာရေးမှာ ကောင်းဆိုး ဒွန်တွဲဖြစ်ပေါ်ပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္လာနေ့ဖွားများ

ကျန်းမာရေး သိပ်ပူစရာမလိုတဲ့နှစ် ဖြစ်ပေမယ့် နဂိုရောဂါအခံရှိသူ၊ ဝေဒနာခံစားနေရသူတွေတော့ မပေါ့ဆမိဖို့ လိုပါလိမ့်မယ်။ အလုပ်အကိုင် ကံကောင်းမယ့်နှစ် ဖြစ်ပြီး ငွေဝင်ကိန်းလည်း ရှိနေပါတယ်။ ဒါပေမယ့် ငွေတွေ အထုပ်အထည်နဲ့ ရင်းနှီးထည့်ဝင်တာမျိုးတော့ ရှောင်ရပါမယ်။ နှလုံးသားရေးမှာ စန်းပွင့်သာယာပါလိမ့်မယ်။

အင်္ဂါနေ့ဖွားများ

ဒီနှစ်မှာ ကျန်းမာသန်စွမ်းပြီး တော်ရုံတန်ရုံ အနာရောဂါ၊ ဝေဒနာတွေ ခဏလေးနဲ့ သက်သာပျောက်ကင်းပါမယ်။ လုပ်ငန်းစီးပွားပိုင်းမှာလည်း သိသာထင်ရှားတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေ ရလာပါလိမ့်မယ်။ ဝင်ငွေတိုးလာပေမယ့် ထွက်ငွေလည်း မနည်းတတ်ပါဘူး။ သူခိုးသူဝှက်၊လုယက်ခြင်း သတိပြုထားပါ။ မေတ္တာရေး ကံခေတတ်ပါတယ်။

ဗုဒဟူးနေ့ဖွားများ

ဒီနှစ်ဟာ ဘေးကင်းတဲ့၊ ကျန်းမာတဲ့နှစ်တစ်နှစ် ဖြစ်လာပါမယ်။ ဒါပေမယ့် မတော်တဆ ထိခိုက်မှုလေးတွေတော့ သတိထားရပါမယ်။ အလုပ်ကံဇာတာ အနိမ့်အမြင့်။ အတက်အကျ များတတ်ပြီး အပြောင်းအလဲ လုပ်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ စပ်တူကိစ္စတွေ ပေါ်ပေါက်လာတတ်ပါတယ်။ မေတ္တာရေးမှာ စိတ်နှလုံး ပူပန်ရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ရာဟုနေ့ဖွားများ

ရာဟုသားသမီးတွေအနေနဲ့ ဒီနှစ်မှာ ကျန်းမာရေး မပေါ့ဆဖို့ လိုပါတယ်။ တစ်ခုခု ဖြစ်ပြီဆိုရင် သေသေချာချာကို ကုသပေးရပါမယ်။ ပေါ့ဆမိရင် အခြေအနေ ဆိုးသွားတတ်ပါတယ်။ အလုပ်ကိစ္စမှာ အရင် လုပ်ကိုင်ဖူးတဲ့နေရာနဲ့ နယ်ပယ်တွေဆီ ပြန်လှည့်ရတတ်ပါတယ်။ ငွေအဝင် နည်းတတ်ပါတယ်။ နှလုံးသားရေးမှာ စိတ်ညစ်နေရပါမယ်။

ကြာသပတေးနေ့ဖွားများ

ဒီတစ်နှစ်မှာ အဆီအဆိမ့်တွေ၊ သွေးတိုးစာတွေ ရှောင်ရပါမယ်။ ကျန်းမာရေး ဘေးဥပဒ် မရှိပေမယ့် ကိုယ်တိုင် သတိထားဖို့တော့ လိုပါမယ်။ အလုပ်အကိုင်ရေးမှာ ရွေးရခက်တာ၊ စဉ်းစားရခက်တာတွေ ဖြစ်လာပါလိမ့်မယ်။ အလုပ် တစ်ခုမက လျှောက်လုပ်ရတတ်ပါတယ်။ ငွေကြေးကံ ပုံမှန်ပဲ ရှိပါမယ်။ မေတ္တာရေး ကံကောင်းပါမယ်။

သောကြာနေ့ဖွားများ

သောကြာတွေအနေနဲ့ ဒီနှစ်မှာ ကျန်းမာရေး ညံ့လွယ်တတ်ပါတယ်။ တစ်ခုခုဆို ဖျားနာလွယ်ပြီး ဆေးဝါးကုသဖို့ ခက်ခဲတတ်ပါတယ်။ အလုပ်၊ စီးပွားကံဇာတာ ထူးခြားလာနိုင်ပေမယ့် ကိုယ်တိုင်က မပြတ်မသားတွေ ဖြစ်နေလို့ ရသင့်တာနဲ့ လွဲချော်တတ်ပါတယ်။ မကြာခဏ ငွေပြတ်တတ်ပါတယ်။ မေတ္တာရေးမှာ သဘောကွဲလွဲပါလိမ့်မယ်။

စနေနေ့ဖွားများ

ဒီနှစ်မှာ ကျန်းမာရေး အညံ့ ကြီးကြီးမားမားတွေ မဖြစ်တတ်ပေမယ့် အသေးစား ထိခိုက်မှု၊ သွေးထွက်သံယိုတွေ ဖြစ်တတ်ပါတယ်။ အလုပ်မှာ ခါတိုင်းနှစ်တွေနဲ့မတူဘဲ ခက်ခဲပင်ပန်းမှု များတတ်ပါတယ်။ ရပ်ဝေးမြေခြားအလုပ် နိုင်ငံခြားအလုပ်တွေ အောင်မြင်လွယ်တတ်ပါတယ်။ မေတ္တာရေးမှာ ယာယီပြဿနာလေးတွေ ရှိတတ်ပါတယ်။

နှစ်သစ်မှာ နေ့ဖွားအားလုံး လိုရာဆန္ဒ ပြည့်စုံကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)