နေ့သားအလိုက် သဘာဝအဆောင်ယတြာများ (အပိုင်း-၂)

အဆောင်ဆိုတာ အင်းတွေ စမတွေနဲ့ ဘာမှန်းမသိတဲ့ အရုပ်တွေ ရေးထိုးထားတဲ့ အဆောင်မှ စွမ်းတာ မဟုတ်ပါဘူး။ သဘာဝထဲက စွမ်းအင်တွေကို ဂြိုဟ်ပရိယာယ်အလိုက် တွေးခေါ် ထုတ်ယူပြီး အသုံးပြု အဆောင်ပြုရင်လည်း စွမ်းတာပါပဲ။ ဒီနေရာမှာ (၇) ရက်သားသမီး အလိုက် အစဉ်အမြဲ အသုံးပြုနိုင်တဲ့ အဆောင်တချို့ကို ဒုတိယပိုင်းအဖြစ် ဖော်ပြပေးပါမယ်။ ပထမပိုင်းမှာ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါနေ့ဖွား အားလုံးအတွက် တင်ပေးခဲ့ပြီး အခုတစ်ခါမှာတော့ ကျန်နေ့သားတွေအတွက် ဆက်တင်ပေးပါမယ်။

ဗုဒ္ဓဟူးနေ့ဖွားတွေသည် ငွေသားစစ်စစ်လက်ဝတ်ရတနာတစ်ခုခုကို ဆောင်ထားသင့်ပါတယ်။ ငွေသား စစ်စစ် မတတ်နိုင်ရင်သော်မှ ချည်သားဖြူဖြူကို လက်စွပ်ပုံလေးကျစ်.ဝတ်ထားပါ။ ညစ်သွားရင်တော့ ပြန်ပြန် လျှော်ပေးပေါ့။ ဒါမှမဟုတ် အသစ်ထပ် ကျစ်ပြီး ဆောင်။ ငွေသားစစ်စစ် လက်စွပ် ၊ လည်ဆွဲ၊ ရင်ထိုး ဘာပဲဖြစ်ဖြစ် ဆောင်ထားနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြာသာပတေးနေ့ဖွားတွေက ဆွဲအားကောင်းတဲ့ သံလိုက်တုံးလေး တစ်တုံးကို ဆောင်သင့်ပါတယ်။ မြင်းခွာပုံသံလိုက် ရရင်တော့ အကောင်းဆုံးပါ။ ဒီအတိုင်းဆောင်မယ့် အစား ခရမ်းပြာရောင် ပုဝါလေးကို ရေမွှေးလေးဆွတ် အဲဒီ့ထဲမှာ သံလိုက်တုံးလေး ထည့်ပြီး ဆောင်ထားသင့်ပါတယ်။ အချိန်လေးပါရွေးချင်သပါ့ဆိုရင်…ကြာသာပတေးနေ့ နံနက်၆နာရီ တိတိကနေ ၇း၃၀ အတွင်း စပြီး ဆောင်ထားနိုင်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

သောကြာနေ့ဖွားတွေအဖို့ကတော့ ကျန်တာချွေတာပါ။ ဖိနပ်ကလေးတော့ ကောင်းကောင်း ဝယ်စီး စေချင်ပါတယ်။ ထို့အတူ ကြမ်းခင်း၊ ကော်ဇော ၊ ဖျာ ၊ ခြေသုတ်ခုံ စတာလေးတွေကို မနှမျောပါနဲ့။ သင့်တင့်ကောင်းမွန်မှာလေးတွေ ဝယ်သုံးပါ။ သံမဏိစစ်စစ်ကိုလည်း လက်ဝတ်တန်ဆာအဖြစ် အသုံးပြုနိုင်၊ ဆောင်နိုင်ပါသဗျား။ တတ်နိုင်သူတွေကတော့ ရတနာ ဝတ်မယ်ဆင်မယ်ဆိုရင် စိန်သည် အကျိုးပေးသော ရတနာ ဖြစ်ပါတယ်။

စနေနေ့ဖွားတွေက ပယင်းကို အသားဖြင့် နီးနီးကပ်ကပ် ဝတ်ဆင်ထားခြင်း ၊ ဆောင်ထားခြင်း အားဖြင့် အကျိုးစီးပွား ရရှိလွယ်တတ်ကြပါတယ်။ ရိုသေထိုက်သော အမျိုးသား အကြီးအကဲ တစ်ဦးဦး၏ ဓာတ်ပုံလေးကို ဖြစ်စေ မိမိပိုက်ဆံအိတ်ထဲမှာ ဆောင်ထားသင့်ပါတယ်။ လက်ဝတ်ရတနာ အသုံးပြုမယ်ဆိုရင်တော့. ဥဒေါင်းပုံဘယက် ၊ ရင်ထိုးစသဖြင့် ဆင်မြန်းထားခြင်းအားဖြင့် အကျိုးစီးပွားကို တိုးတက်လွယ်ကူစေတတ်သည်ဟု မှတ်ယူသင့်ကြပါသည်ခင်ဗျား။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ယခုတင်ပြသွားတာတွေဟာ ဘာဘေးဥပါဒ်မှလည်း မရှိဘဲ အကျိုးစီးပွားအတွက် ဆောင်သင့်သည့် ကဏ္ဍလေးတွေကို တင်ပြပေးထားခြင်းဖြစ်ပါတယ်။ ယုံတာ မယုံတာထက်.. လုပ်ကိုင်ရ လွယ်ကူပြီး .မိမိတို့လည်း ဘေးဥပါဒ် မသင့်နိုင်သည့် လောကီပညာသဘာဝ အဆောင်လေးများအဖြစ်သာ မှတ်ယူကြပါခင်ဗျား။

လေးစားခြင်းဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)