နေ့သားအလိုက် သဘာဝအဆောင်ယတြာများ (အပိုင်း-၁)

အဆောင်ဆိုတာ အင်းတွေ စမတွေနဲ့ ဘာမှန်းမသိတဲ့ အရုပ်တွေ ရေးထိုးထားတဲ့ အဆောင်မှ စွမ်းတာ မဟုတ်ပါဘူး။ သဘာဝထဲက စွမ်းအင်တွေကို ဂြိုဟ်ပရိယာယ်အလိုက် တွေးခေါ် ထုတ်ယူပြီး အသုံးပြု အဆောင်ပြုရင်လည်း စွမ်းတာပါပဲ။ ဒီနေရာမှာ (၇) ရက်သားသမီး အလိုက် အစဉ်အမြဲ အသုံးပြုနိုင်တဲ့ အဆောင်တချို့ကို ဗေဒင်သုတအဖြစ် ဖော်ပြပေးပါမယ်။

တနင်္ဂနွေနေ့ဖွားတွေသည် မှန်အသေးစားလေးတစ်ချပ်ကို အမြဲ ဆောင်ထားသင့်ပါတယ်။ အဲလို မှန်ကို မဆောင်ထားမိသည့်တိုင်အောင် အရေးအကြောင်းကြုံလို့ အကျိုးစီးပွားအတွက် …လုပ်စရာကိုင်စရာ ပေါ်လာသည့်အခါမှာ ရေသန့်ဗူးလေးတစ်ဗူးကို ယူသွားပါ။ ဗူးကို မဖောက်ဘဲ မထားပါနဲ့။ ဖောက်ပြီး အဖုံးပြန်ပိတ် ယူသွားပြီး ဆောင်သွားသင့်ပါတယ်။ သောက်ချင်လည်းသောက်လို့ရပါတယ်။ ငွေကုန် သက်သာသည့် အကျိုးစီးပွားအတွက် ဆောင်စရာလေးများ ဖြစ်ပါတယ်။

တနင်္လာနေ့ဖွားတွေကတော့ ဘ၀တိုးတက်အောင်မြင်ချင်ရင် လက်ပေါ်မှာ နာရီကောင်းကောင်းလေး တစ်လုံးလောက်တော့ ရှိနေဖို့ လိုပါတယ်။ ကျန်တာကို ချွေတာလိုက်ပါ။ နာရီအကောင်းစားကိုတော့ ၀ယ်ပတ်ကြစေလို။ ယုံချင်ယုံ မယုံချင် သဘောပါပဲ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အင်္ဂါနေ့ဖွားတွေက အစိမ်းရောင်လက်ကိုင်ပုဝါလေးတစ်ထည်ကို ဆောင်သင့်ပါတယ်။ မြားနတ်မောင်ပုံ ပါသည့် အစိမ်းရောင် လက်ကိုင်ပုဝါလေးသာ ရရင် ဘယ်ပြောကောင်းမလဲ ကောင်းလှသပေါ့။ မရတောင် အစိမ်းရောင်ပုဝါလေးပေါ်မှာ ပန်းထိုးသူတွေကို မြားနတ်မောင်ပုံလေး ထိုးခိုင်းလို့ရရင် အဆင်ပြေပါတယ်။

လက်ကိုင်ပုဝါလေးနဲ့ နှပ်တော့ မညှစ်ပစ်နဲ့ပေါ့။ သန့်သန့်လေး ဆောင်ထားပါ။ အကျိုးစီးပွား အတွက် ဆောင်သင့်သော သဘာဝအဆောင် လို့သာ မှတ်ယူပါ။ ဘာဖြစ်မယ်တွေ ညာဖြစ်မယ်တွေ တွေးနေမယ့်အစား ဒါလေးဆောင်ပြီးတဲ့နောက် မိမိလိုလားကိုင်းညွတ်သည့် အကျိုးစီးပွားတို့ကို ရှာဖွေယူရာမှာ လွယ်ကူချောမွေ့လာခြင်း ရှိမရှိကို သတိပြုကြည့်ရုံသာ။ ကျန်နေ့ဖွားများအတွက် ဆက်လက် ဖော်ပြပေးပါမယ်။ (၇) နေ့ဖွားအားလုံး ဆောင်တိုင်း ထိရောက်၍ ကြံတိုင်း ပေါက်မြောက် အောင်မြင်ကြပါစေ။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)