မေတ္တာရေးကို ကောင်းစေလို

ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို ချစ်တယ်လို့ ပြန်ဖြေလိုက်ပြီးတာနဲ့ ချစ်သူဘ၀ခရီးရဲ့ စက္ကန့် လက်တံတွေ စတင်ခုတ်မောင်းတော့တာပါပဲ ။  အဲဒီ့စက္ကန့်လက်တံတွေက လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့ ပန်းတိုင် မရောက်သေးမီ ရပ်တန့်သွားခြင်း/ မသွားခြင်း ဆိုတာသည်ပင် နှစ်ဦးသားရဲ့ ချစ်ကံဇာတာ လို့ ဆိုနိုင်ပါတယ်။

ချစ်သူဖြစ်ပြီး တစ်ပတ်မပြည့်မီ ပြန်ကွဲသွားတဲ့ စုံတွဲလေးတွေ ရှိသလို ၊ ဆယ်နှစ်နီးနီး စွဲစွဲမြဲမြဲ ချစ်သက်တမ်း ဆန့်နိုင်တဲ့ စုံတွဲမျိုးလေးတွေလည်း ရှားရှားပါးပါး တွေ့ရတတ်ပါတယ်။  ဗေဒင်ပညာ ရှုထောင့်အရ ထူးခြားတာ တစ်ခုကို တင်ပြရရင်တော့ …. အောက်ပါအသက်ပိုင်းများဟာ …ဘယ်နေ့နံသားသမီးမျိုးအတွက်မဆို လမ်းခွဲရခြင်း၊ အသည်းကွဲရခြင်း၊ လက်တွဲဖြုတ် ခွဲခွာရခြင်းများ ကြုံတွေ့ရလွယ်ကူစေတာကို တွေ့ရှိရပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)
အဓိကအားဖြင့် ငယ်ရွယ်သူတွေအတွက်ကတော့ …အသက်ပိုင်းအားဖြင့် ၁၇နှစ် ၊ ၂၄နှစ်၊ နဲ့ ၃၁နှစ် အရွယ်တွေဟာ ချစ်တဲ့သူနဲ့ လမ်းခွဲရခြင်း၊ လက်တွဲဖြုတ် ခွဲခွာရခြင်းများ ဖြစ်ပွားစေရန် အလွန်လွယ်ကူစေသော အသက်ပိုင်းများ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

အဆိုပါအသက်ပိုင်းများကို ရောက်ရှိသူတိုင်း ချစ်သူနဲ့ကွဲမယ်လို့ မဆိုနိုင်သော်လည်း အင်မတန် သတိထားရမယ့် အသက်ပိုင်းတွေ လို့တော့ ကျိန်းသေ ဆိုနိုင်တာ အမှန်ပါ။ ခါတိုင်း စိတ်ဆိုး စိတ်ကောက်လိုက် ၊ ပြန်ခေါ် ပြန်ဆက် ပြန်အဆင်ပြေလိုက် ဖြစ်ချင်ဖြစ်ပေမယ့် အဆိုပါအသက်ပိုင်းမျိုးကြုံကြိုက်နေချိန်မှာ တစ်ခါတည်း လက်စပြတ်လမ်းခွဲရတာမျိုးတွေ ဖြစ်ဖို့ လွယ်ကူလာစေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကောင်းပြီ……ထားတော့..။ အထက်ပါ အဆိုအတိုင်း အဆိုပါအသက်ပိုင်းများ ကြုံကြိုက်လာပြီထား…..။ ဘာတွေကို ဆောင်သင့်သလဲ / ရှောင်သင့်သလဲ ..။ မကွဲမကွာအောင် ဘာလုပ်သင့်သလဲ လို့ မေးဖို့ရှိပါတယ်။

ပထမဦးစွာ သိထားဖို့လိုတာကတော့….ချစ်ရေစက်ကုန်ပြီ ဆိုမှဖြင့် သိကြားမင်း ဆင်းပြီး ၀င်ညှိပေးဦးတော့ ချစ်ခရီးဆက်ဖို့ မမြင်ပါ။ ဒီအချက်ကိုတော့ ဦးစွာ သိထားရပါမယ်။ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်အရ …မေတ္တာရေး ကောင်းစေချင်သူများ ၊ အဆင်ပြေမှုကို ရှေးရှုလိုသူများအတွက်တော့ ဒီအချက်တွေကို လုပ်ကြည့်နိုင်ပါတယ်။

မေတ္တာရေးအဆင်ပြေလိုသူများအတွက် (၁) နံနက်တိုင်း ….. ရေကုသိုလ် ပြုပါ။ ပမာအားဖြင့် … ဘုရားတွင် သောက်တော်ရေ ၊ မျက်နှာသစ်တော်ရေ ကပ်ခြင်း ၊ အမိအဖ စသော သူတို့အတွက် ရေ ၊ ဖျော်ရည်၊ ကော်ဖီ၊ ရေနွေး စသည်တို့ကို ကောင်းစွာ စီမံပြီး လုပ်ကျွေးပြုစုပေးခြင်း။

(၂) ရေချိုးပါ။ ရေကို ဖြည်းဖြည်းမှန်မှန်ဖြင့် …ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားသည့်အလား …ချိုးပါ။ ရေးချိုးနေချိန်တွင် မိမိမြတ်နိုးသူကို စိတ်တွင် ပုံဖော်မြင်ယောင်ခြင်း ပြုပါ။ မေတ္တာပို့ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၃) ရေသောက်ပါ။ ဖန်ခွက်လှလှလေးဖြင့် ရေကို ထည့်သောက်ပါ။ မသောက်မီတွင် ..မေတ္တာပွားသော စိတ်နှလုံးထားပြီး ဖန်ခွက်ထဲမှ ရေကို တစ်စိမ့်စိမ့် ကြည့်ပြီးမှ သောက်ပါ။ နေ့စဉ် ပုံမှန်သောက်ပါ။ ဖြစ်နိုင်လျှင် နံနက်စောစော နှင့် ညအိပ်ယာဝင်များတွင် အကျင့် လုပ်ထားပါ။ လပြည့်ညများတွင် သီးသန့်ရေနှစ်ခွက် သောက်ပါ။ အဆိုပါရေနှစ်ခွက်ကို လရောင်အောက်တွင် နှစ်နာရီခန့် ရှိစေပြီးမှ သောက်ပါ။

(၄) မေတ္တာရေး အလွန်အမင်း အညံ့ကြုံနေသူများ မိဘမဲ့ကလေးများကို ကုသိုလ်ပြုခြင်း ၊ ရေသတ္တ၀ါ အစာကျွေးခြင်း၊ ဘေးမဲ့ လွှတ်ခြင်းများ မကြာမကြာ ပြုပေးပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ယုံတာ မယုံတာကတော့ …မိမိစိတ်ပါပဲ။ ယုံကြည်ဖို့လည်း မတိုက်တွန်းလိုပါ။ လမ်းရှိတဲ့ နေရာကို ညွှန်ပြပေးလိုက်တဲ့ သဘောပါပဲ။  ကိုယ်တိုင် ခရီးရောက်ဖို့အတွက်ကတော့ ..ကိုယ်တိုင်သွားမှပဲ ရောက်ပါလိမ့်မယ်။ နောက်တစ်ခုပြောလိုတာက …. အဆင်မပြေအောင် ကိုယ်တိုင်က လုပ်နေသူများအတွက်တော့ အဆင်ပြေဖို့အတွက် ယတြာမချေပါနဲ့ ။ အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဘယ်အကြောင်းအရာ ဘယ်ကိစ္စမျိုးမှာပဲဖြစ်ဖြစ် ကိုယ်တိုင်က အဆင်ပြေအောင် တကယ် ကြိုးစားမှလည်း အဆင်ပြေစေနိုင်တာကို သတိချပ်မိဖို့ လိုအပ်ပါတယ်။

လူငယ်လူရွယ် ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်လေးတွေပါ။ မေတ္တာရေးအားနည်းချက်တွေကြောင့် မဖြစ်သင့်တဲ့ တိမ်းချော်လမ်းလွဲမှုတွေ နည်းပါးစေဖို့အတွက်မေတ္တာရေး အထောက်အကူ ဖြစ်စေမယ့် အချက်အလက်တွေကို စုစည်း တင်ပြပေးလိုက်ရပါတယ် ။

ဗေဒင်တတ်သည့် မြားနတ်မောင် … ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)