မေ့နိုင်လွန်းတဲ့ ရာသီဖွားတွေ

သက်ကြီးရွယ်အို မဟုတ်ပါဘဲနဲ့ ခဏခဏ မေ့တတ်တာ၊ ဟိုဟာ မေ့ ဒီဟာကျန် ဖြစ်တတ်တာ ကိုယ့်သဘာဝလို ဖြစ်နေပြီဆိုရင်တော့ ခင်ဗျားဟာ ဒီ ရာသီဖွား (၆) မျိုးထဲမှာ ပါဝင်နေလို့ပါပဲ။

ကိစ္စများမြောင်ကို တပြိုင်တည်း လုပ်နိုင်သလောက် ကိစ္စတစ်ခုတည်းပေါ်မှာ အာရုံစိုက်နိုင်စွမ်း နည်းပါးကြတာ မိဿရာသီဖွားတွေရဲ့ အားသာချက်နဲ့ အားနည်းချက်တစ်ခု ဖြစ်နေပါတယ်။ တချိန်တည်းမှာ တစ်ခုတည်းကို အာရုံ မထားနိုင်လို့လည်း သတိမေ့လွယ်တတ်ကြပါတယ်။ ချက်ချင်း မှတ်နိုင်သလို တပြိုင်တည်းမှာပဲ ချက်ချင်း မေ့သွားတတ်ကြတာကြောင့် မိဿရာသီဖွားတွေဟာ ဒီအချက်ကို ကောင်းကောင်း သတိထားရပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အဖြစ်အပျက် အကြောင်းအရာအားလုံးကို ခြုံငုံ မှတ်မိနိုင်ပေမယ့် အသေးစိတ်ကို ပြန်မေးရင်တော့ ဘာတစ်ခုမှ တိတိပပ ပြန်မပြောနိုင်တော့တာ ဓနုရာသီဖွားတွေပါပဲ။ သူတို့ မှတ်ချင်ရာကိုပဲ ကွက်ပြီး မှတ်ထားတတ်လို့ ကျန် ကိစ္စတွေ ပြန်စဉ်းစားရင် မေ့ကုန်တတ်ပါတယ်။ သူတို့ မှန်မယ် ထင်တာ၊ သူတို့ လိုချင်တာလေးကိုပဲ ကွက်ပြီး သိမ်းဆည်း မှတ်သားတတ်ကြလို့ ကျန်တာအကုန် မေ့လွယ်ပျောက်လွယ် ဖြစ်တတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကိုယ်လိုရာလောက်ပဲ မှတ်မိတာ၊ ကိုယ်ဖြစ်စေချင်တာပဲ ကွက်ပြီး သတိရတာ သိဟ်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ အတိတ်ကကိစ္စတွေကို ပြန်တူးဆွ စဉ်းစားတဲ့အခါ သူတို့ အထင်အမြင် ယူဆချက်တွေ၊ ဖြစ်ချင်တာနဲ့ လုပ်ချင်ခဲ့တာတွေကိုပဲ ကွက်ပြီး မှတ်မိတတ်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ မှတ်ဥာဏ်ကို ရောထွေးပစ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – ကိုယ့်အတွေးကမ္ဘာထဲမှာ ကိုယ့်ဖာသာ ပျော်မွေ့နေတတ်တဲ့ မိန်ရာသီဖွားတွေက လက်တွေ့ ပြင်ပက ကိစ္စတွေကို ပြန်စဉ်းစားတဲ့အခါ တလွဲတချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့ ခံစားရသလိုပဲ ပြန်မှတ်မိတတ်ကြလို့ အဖြစ်မှန်နဲ့ ဝေးကွာတတ်ပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ကိုယ် ခံစားနေထိုင်တတ်ကြလို့လည်း တကယ့်အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင် အကုန် ပြန်မပေါ်ဘဲ မေ့တတ်ကြပါတယ်။ တကယ် ဖြစ်ခဲ့ပါလား ဆိုတာတောင် မေ့ကုန်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြောစရာတွေ ရှိတယ်၊ မှတ်လည်း မှတ်မိတယ်၊ ဒါပေမယ့် နူတ်ဖျားက ထွက်မလာဘဲ ကိစ္စတွေ ပြီးလို့ သွားမှပဲ ဟာ .. ဒါ ငါသိသားပဲ ဆိုတာမျိုး ဖြစ်တတ်တာ မေထုန်ရာသီဖွားတွေပါပဲ။ သဘာဝအလျောက်ကိုက စကားများ နူတ်သွက်လျှာသွက် ဖြစ်နေလို့ ပြောစရာအသင့် ဖြစ်နေပေမယ့် တကယ်တမ်း ပြန်စဉ်းစားတဲ့အခါ နူတ်ဖျားက ထွက်ကျမလာဘဲ ဆွံ့အသွားတတ်ပါတယ်။ ပြောချင်ဇော အားကြီးလို့လည်း မေ့ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အသစ်တွေချည်း အမြဲ တောင့်တ ကြံဆနေတဲ့ ကုမ်ရာသီဖွားတွေဟာ အဟောင်းကို မေ့ပစ်ဖို့ ဘယ်တော့မှ ဝန် မလေး နောက်မတွန့်ကြပါဘူး။ ဒါကြောင့်လည်း အရင်က အတွေ့အကြုံ၊ အသိသညာ အမှတ်ဟောင်းတိုင်းကို မေ့ပစ်လွယ်တတ်ကြပါတယ်။ တစ်ခုခုကို ပြန်စဉ်းစားရင် သူများထက် ပို ခက်ခဲနေတတ်ပြီး တော်တော်နဲ့ကို ပြန် မှတ်မိဖို့ မလွယ်တော့ပါဘူး။ ဒါကြောင့်လည်း မေ့တတ်သူများစာရင်းမှာ ကုမ်ရာသီဖွားတွေ ပါဝင်နေတာပါ။ အားလုံး မမေ့မလျော့ သတိတရ ရှိကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)