မွေးရက်ဂဏန်းအလိုက် ကံကောင်း၊ ကံဆိုးတတ်သော ကာလများ

အင်္ဂလိပ် မွေးရက်ဂဏန်းအလိုက် ကံဇာတာ အားကောင်းတတ်တဲ့ လပိုင်းတွေနဲ့ ကံဇာတာ အားနည်းတတ်တဲ့ လပိုင်းတွေကို ပရိတ်သတ် အတွက် ဖော်ပြပေးလိုက်ပါတယ်။ မိမိတို့လိုရာကိစ္စအလိုက် အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (မတ် ၂၁ မှ ဧပြီ ၂၈ ၊ ဇူလိုင် ၁၀ မှ သြဂုတ် ၂၀)

ကံအားနည်းတတ်သော ကာလများ – (အောက်တိုဘာ ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ)

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (ဇွန် ၂၀ မှ ဇူလိုင် ၂၇)

ကံအားနည်းတတ်သော ကာလများ – (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဇူလိုင်) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ၊ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၂၀)

ကံအားနည်းတတ်သော ကာလများ – (အောက်တိုဘာ၊ ဒီဇင်ဘာ၊ ဖေဖော်ဝါရီ၊ ဇွန်)

၎ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (မတ် ၂၁ မှ ဧပြီ ၂၁ ၊ ဇူလိုင် ၁၅ မှ သြဂုတ် ၁၅)

ကံအားနည်းတတ်သော ကာလများ – (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၅ ၊ ၁၄ ၊ ၂၃ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (မေ ၂၁ မှ ဇွန် ၂၀ ၊ သြဂုတ် ၂၀ မှ စက်တင်ဘာ ၂၁)

ကံအားနည်းတတ်သော ကာလများ – (မေ ၊ စက်တင်ဘာ ၊ ဒီဇင်ဘာ)

၆ ၊ ၁၅ ၊ ၂၄ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (ဧပြီ ၂၁ မှ မေ ၂၀ ၊ စက်တင်ဘာ ၂၁ မှ အောက်တိုဘာ ၂၁)

ကံအားနည်းတတ်သော ကာလများ – (မေ ၊ အောက်တိုဘာ ၊ နိုဝင်ဘာ)

၇ ၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (ဇွန် ၂၁ မှ ဇူလိုင် ၂၁)

ကံအားနည်းတတ်သော ကာလများ – (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၇ အထိ) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၈ ၊ ၁၇ ၊ ၂၆ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (ဒီဇင်ဘာ ၂၁ မှ ဇန်နဝါရီ ၂၁)

ကံအားနည်းတတ်သော ကာလများ – (ဖေဖော်ဝါရီ ၊ မတ်)

၉ ၊ ၁၈ ၊ ၂၇ ရက်တွင် မွေးဖွားသူများအတွက်

ကံကောင်းနိုင်သော ကာလများ – (မတ် ၂၁ မှ ဧပြီ ၂၁ ၊ အောက်တိုဘာ ၂၁ မှ နိုဝင်ဘာ ၂၁)

ကံအားနည်းတတ်သော ကာလများ – (မေ ၊ ဇွန် ၊ အောက်တိုဘာ ၊ နိုဝင်ဘာ)

ဖော်ပြပါ ကံကောင်းတတ်တဲ့ ကာလတွေမှာ အစီအစဉ်သစ် စတာ၊ လုပ်ငန်းသစ်တွေ စတင်တာ၊ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်တာ၊ မင်္ဂလာကိစ္စတွေ ကျင်းပတာမျိုး လုပ်သင့်ပြီး ကံနိမ့်နိုင်တဲ့ ကာလတွေမှာတော့ အလိုလိုနေရင်းနဲ့ စိတ်ဖိစီးလာတာ၊ ကျန်းမာရေး ညံ့တာနဲ့ အလုပ်အကြံအစည်တွေ ပျက်ပြားတာမျိုး ဖြစ်တတ်ပါတယ်။

ဒီအချိန်ဒီကာလ ရောက်ရင် ကျိန်းသေ ကောင်းမယ်၊ ပုံသေ ညံ့မယ်လို့ သေချာပေါက် တွက်ထားလို့ မရပေမယ့် ကောင်းတဲ့အချိန်မှာ ကောင်းတာတွေ ပိုလုပ်နိုင်ပြီး ညံ့တဲ့အချိန်မှာ သတိထားနိုင်မယ်ဆိုရင် အကျိုးရှိစေမှာပါ။

ဂဏန်းဗေဒင်သုတ တိုးပွားရရှိကြပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)