မွေးသက္ကရာဇ်ပါ ဂဏန်းသင်္ချာအဟော

ခရစ်နှစ်အလိုက် မွေးဖွားတဲ့ ရက်၊ လ၊ နှစ် ဂဏန်းတွေကို ချရေးကြည့်ပါ။ မွေးသက္ကရာဇ် (ရက်၊ လ၊ နှစ်) ထဲမှာ ဘယ်ဂဏန်းတွေက အများဆုံး ပါနေသလဲ ဆိုတာကို ကြည့်ပြီး ဒီအဟောတွေကို ဖတ်ရှုနိုင်ပါတယ်။

ဥပမာ သင်ဟာ ၃ ၊ ၃ ၊ ၁၉၉၀ မှာ မွေးဖွားတယ် ဆိုပါစို့။ သင့်မွေးသက္ကရာဇ်မှာ ၃ ဂဏန်း နှစ်ကြိမ် ပါဝင်နေပြီး ၉ ဂဏန်းကလည်း နှစ်ကြိမ် ပါဝင်နေတာ တွေ့ရပါလိမ့်မယ်။ ပါဝင်တဲ့ ဂဏန်းအနည်းအများအလိုက် အဟောကို ဖတ်ကြည့်ပြီး စရိုက်သဘာဝနဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိနိုင်ပါလိမ့်မယ်။

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၁) ဂဏန်း များများ ပါနေရင် မျှမျှတတ မြင်ပေးတတ်သူ၊ နိုင်ငံခြားခရီးရှည် သွားလာရတတ်သူ၊ အလုပ်တွေ အရမ်း လုပ်တတ်သူ၊ စကား အငြင်းအခုံလည်း သန်သူ ဖြစ်ပြီး (၁) ဂဏန်းက တစ်ကြိမ်ပဲ ပါသူဆိုရင်တော့ အပေါ်ယံ ကြည့်ရုံနဲ့ စိတ်ကို ခန့်မှန်းရ ခက်ခဲသူ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၂) ဂဏန်း များများ ပါနေရင် ရှေ့ဖြစ်ကို ကြိုမြင်တတ်သူ၊ စိတ်ဓာတ် တက် ကျ လွယ်သူ၊ တစ်နေရာတည်း မထိုင်မကျနိုင်သူ၊ အနုပညာ ဝါသနာပါ လိုက်စားသူ ဖြစ်တတ်ပြီး (၂) ဂဏန်းက တစ်ကြိမ်ပဲ ပါနေရင် ခံစားချက်နောက် လိုက်ပါလွယ်သူ၊ အကင်းပါးသူ ဖြစ်တတ်ပါတယ်။

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၃) ဂဏန်းတွေ များများ ပါနေရင် ဗဟုသုတ ပေါများသူ၊ စိတ်နေစိတ်ထား မြင့်မားသူ၊ အများနဲ့ လိုက်လျောညီထွေနိုင်လေ အောင်မြင်လေ ဖြစ်မယ့်သူ၊ စာအရေးအသား ကောင်းသူ ဖြစ်ပြီး (၃) ဂဏန်းတစ်ခါပဲ ပါရင် စိတ်ကူးတွေပဲ များပြီး လက်တွေ့လုပ်ဖို့ အားနည်းသူ ဖြစ်နေပါတယ်။

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၄) ဂဏန်း များများ ပါရင် ဇွဲကောင်းပြီး တိကျပြတ်သားစွာ လုပ်တတ်သူ၊ အေးအေးနေရင် မသိသာဘဲ စိတ်ပါပြီဆို ထိပ်တန်းရောက်အောင် လုပ်နိုင်သူ၊ ဂီတအနုပညာ ကျွမ်းကျင်သူမျိုး ဖြစ်ပြီး (၄) ဂဏန်း တစ်ကြိမ်ပဲ ပါရင် စည်းရုံးရေး ကျွမ်းကျင်ပြီး လူအများနဲ့ ရောနိုင်သူ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၅) ဂဏန်းများများ ပါရင် အပျော်အပါးကိစ္စ များလွန်းသူ၊ အောင်မြင်မှု ရဖို့ ထိန်းချုပ်နိုင်စွမ်း လိုအပ်သူ၊ နှလုံးသားစေရာ လိုက်နာတတ်သူ ဖြစ်ပြီး (၅) ဂဏန်း တစ်ကြိမ်ပဲ ပါသူဆိုရင်တော့ ပိုက်ဆံအရှာကောင်းသူ၊ လွတ်လပ်မှုကို ခုံမင်သူ၊ စိတ်ဂဏှာ မငြိမ်သူ ဖြစ်တတ်ပါတယ်။

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၆) ဂဏန်း များများ ပါရင် ဘာမဆို အဆိုးမြင်လွယ်ပြီး ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အတည်တကျ မရှိတတ်သူ၊ မိသားစုနဲ့ အဆင်မပြေသလို အချစ်ရေးလည်း ပွေရှုပ်တတ်သူ ဖြစ်ပြီး (၆) ဂဏန်း တစ်ကြိမ်သာ ပါရင်တော့ အားငယ်လွယ်ပြီး အများနဲ့ အဆင်ပြေပြေ နေတတ်သူ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၇) ဂဏန်း များများ ပါရင် လူတော်တွေ ဖြစ်ပြီး ဘယ်လို အခက်အခဲမဆို ဖြေရှင်းနိုင်သူ၊ စိတ်ဓာတ်ခိုင်မာသူ၊ ဥာဏ်ရည်ကောင်းသူ ဖြစ်ပြီး (၇) ဂဏန်း တစ်ကြိမ်ပဲ ပါရင်တော့ ခံစားမှု ဦးစားပေးသူ၊ အလွန် လွတ်လပ်လိုသူ၊ အချစ်ရေးကံခေသူ၊ ပြောင်းလဲလွယ်သူ ဖြစ်တတ်ပါတယ်။

မွေးရက်၊ မွေးလ၊ မွေးနှစ်တွေထဲမှာ (၈) ဂဏန်း များများ ပါရင် ယုံကြည်ချက် ခိုင်မြဲသူ၊ သံသယများတတ်သူ၊ ခပ်တန်းတန်း ဆက်ဆံတတ်သူ၊ ငွေရှာကောင်းသူ၊ အများနဲ့ ပြေလည်ဖို့ ခက်သူတွေ ဖြစ်တတ်ပြီး (၈) ဂဏန်း တစ်ခါပဲ ပါရင် ဒဲ့ဒိုးသမားနဲ့ ဘယ်အလုပ်ကိုမှ လက်စမသတ်သူမျိုး ဖြစ်လာတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မွေးရက်၊ မွေးလ မွေးနှစ်တွေထဲမှာ (၉) ဂဏန်း များများ ပါရင် ခက်ခဲသမျှ လွယ်အောင် လုပ်ပြသူ၊ ဒေါသအိုး၊ ဒုတ်ထိုးအိုးပေါက်သမား၊ စိတ်ဓာတ် ခိုင်မာသူ၊ အမှန်တရားဘက်တော်သား ဖြစ်ပြီး (၉) ဂဏန်း တစ်ကြိမ်သာ ပါရင်တော့ ဘဝဖြတ်သန်းမှု ကြမ်းပြီး အတိုက်အခံများသူ၊ ဆန္ဒစောပြီး ဖြစ်ချင်စိတ် များလွန်းသူ ဖြစ်ပါတယ်။

ဂဏန်းသင်္ချာ ဗေဒင်သုတတွေ တိုးပွားရရှိကြပါစေလို့ ဆန္ဒပြုပါတယ် –  ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)