ရောက်ဆဲအသက်ပိုင်းအရ စီးပွားဖက်ကောင်း ရှာဖွေနည်း

လူသားဟူသည် တစ်ဦးတစ်ယောက်တည်း ရပ်တည်နေထိုင်ဖို့ ခက်ခဲလှပေသည်။ မိတ်ဆွေကောင်း အပေါင်းဖော်ကောင်း လိုအပ်သည်မှာ အမှန်ပင်ဖြစ်ပေသည်။ အထူးသဖြင့် စီးပွားရေးလုပ်ကိုင်သူများအတွက် တစ်ဦးတည်း လုပ်ကိုင်၍ မရသော လုပ်ငန်းကြီးများတွင် အကျိုးတူ ပူးပေါင်းမည့် မိတ်ဖက်ပါတနာကောင်းကို ရှာဖွေ ရရှိ လက်တွဲနိုင်ရေးမှာ ပို၍ပင် အရေးကြီးလှသည်။

ထို့ကြောင့် လက်ရှိ ကိုယ်ရောက်နေသော အသက်ပိုင်းတွင် မည်သည့်နေ့သားသမီးနှင့် စီးပွားလုပ်ငန်းကိစ္စများ တိုင်ပင်နှီးနှော သင့်သနည်း၊ မိမိအကြံအစည်များ အောင်မြင်ရေးအတွက် မည်သည့်နေ့သားသမီးကို ရင်ဖွင့်မလဲ စသည့် အရေးကိစ္စများ အတွက် တွက်စစ်အဖြေရှာနိုင်သော မြန်မာ့ရိုးရာဗေဒင်နည်းလမ်းတစ်ခုကို လွယ်ကူစွာ တွက်ချက်အသုံးပြုနိုင်စေရန် ဖော်ပြပေးလိုက်ရပါသည်။

တွက်နည်းမှာ – မိမိ ရောက်ဆဲအသက်ကို သာသနာနှစ် ၅၀၀၀ နှင့် ပေါင်းပါ။ (ဤနေရာတွင် ရောက်ဆဲအသက် ဆိုသည်မှာ ပြည့်ပြီး အသက်ကို ယူရပါမည်။ ဥပမာ – အသက် ၃၀ ပြည့်ပြီးပါက ၃၁ နှစ်ဟု ယူရမည်။ ၃၅ ပြည့် ပြီးပါက ၃၆ နှစ်အဖြစ် ယူ၍ တွက်ရမည်။)

ထိုပေါင်း၍ ရသော ရလဒ်ကို (၇) ဖြင့် စားရမည်။ အကြွင်းသည် မိမိလက်ရှိအသက်ပိုင်းအတွက် စီးပွားဖက် မှီခိုအားထားတိုင်ပင်ရာ နေ့နံသားသမီးပင် ဖြစ်ပေတော့သည်။ ဥပမာ – အသက် ၃၁နှစ်အတွင်း ရောက်ရှိနေသူအတွက် တွက်မည်ဆိုပါစို့,,, ၃၁+၅၀၀၀ = ၅၀၃၁ ၅၀၃၁ ÷ ၇ = ၅ ကြွင်း ရပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထက်ပါအသက်ပိုင်းတွင် ၅ကြွင်းသောကြောင့် တစ်နှစ်တာအတွင်း ကြာသပတေးသားသမီးနှင့် အရာရာ တိုင်ပင်ညှိနှိုင်းခြင်း၊ လုပ်ငန်းစီးပွားအတွက် အကြံဉာဏ် ရယူခြင်းဖြင့် အဆင်ပြေတိုးတက်မှု ရရှိပါမည်။  ၎င်းအတိုင်း တွက်စစ်ရာတွင် ရလာသော အကြွင်းအလိုက် နေ့သားသမီးကို အောက်ပါအတိုင်း ခွဲခြားရမည်။

စီးပွားဖက်ကောင်းများ ရရှိ အဆင်ပြေကြပါစေ – ဆရာလင်းဝေအောင်  

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)