ဗီးနပ်စ် နောက်ပြန် အထူးဟောကိန်း

အခု ဇူလိုင် ၂၃ ကနေ စက်တင်ဘာ ၄ ရက်အထိ ဗီးနပ်စ် (ခေါ်) သောကြာဂြိုဟ်ဟာ နက္ခတ်ဗေဒ အမြင်အရ သိဟ်ရာသီခွင်ထဲမှာ နောက်ပြန် သွားလာမှာ ဖြစ်ပါတယ်။ တခါတရံမှာ ညနေကြယ်၊ တခါတလေမှာတော့ နံနက်ခင်းကြယ်လို့ မြင်လေ့ရှိကြတဲ့ ၊ တနည်းအားဖြင့် နှလုံးသားရေး၊ ဥစ္စာဓန စည်းစိမ်ခံစားမှုနဲ စီးတော်ယာဉ်တွေကို ကိုယ်စားပြုတဲ့ ဗီးနပ်စ် သောကြာဂြိုဟ် အသွားအလာ မမှန် ဖောက်ပြန်လာချိန်မှာ အခုလို အချက်တွေကို သတိပြုရပါမယ်။

၁။ သောကြာဂြိုဟ် နောက်ပြန်သွားချိန်မှာ ဟိုအရင် အတိတ်ဟောင်းတွေ ပြန်မတူးဆွဖို့ လိုပါတယ်။ အထူးသဖြင့် လမ်းခွဲခဲ့တဲ့ ချစ်သူဟောင်းတွေ၊ လက်တွဲ ဖြုတ်ခဲ့တဲ့ အိမ်ထောင်ဖက်ဟောင်းတွေနဲ့ ပြန် ဆက်သွယ်တာ၊ ပြန်လည် ဆုံဆည်းမိတာတွေ ဖြစ်တတ်ပါတယ်။ အဲသလိုများ ဖြစ်လာရင်တော့ဗျာ ကြပ်ကြပ်သာ သတိထားကြပါ။ ပြဿနာဟောင်းတွေ ပြန်ပေါ်လာပြီး ရှင်းမရ၊ ပြုမရ ဖြစ်တတ်ပါတယ်။ သင်ခန်းစာလို့ သဘောမထားနိုင်ဘဲ တကျော့ပြန် ပတ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၂။ သောကြာဂြိုဟ် နောက်ပြန် ဖြစ်နေချိန်မှာ မိသားစုချင်းတွေ၊ အခင်မင်အရင်းအနှီးဆုံးသူတွေ အပေါ် နေရင်းထိုင်ရင်း စိတ်တိုင်းမကျသလို ၊ စိတ်ပျက်လာသလိုလို ခံစားရတတ်ပါတယ်။ အဲဒီတော့ အများနဲ့ တစ်ယောက် ပြဿနာ မဖြစ်ချင်ရင် တပူးပူးတတွဲတွဲ လုပ်မနေဘဲ တစ်ယောက်တည်း အေးဆေးလေး နေတတ်အောင် ကြိုးစားကြည့်လိုက်ပါဗျာ။ တခါတလေ တစ်ကိုယ်တော် နေထိုင်တာက အကောင်းဆုံး မဟုတ်လား..။

၃။ သောကြာ နောက်ပြန်အလှည့်မှာ သတိထားရမယ့် တစ်ချက်ကတော့ ငွေရေးကြေးရေး ကိစ္စပါပဲဗျာ။ လုပ်ငန်းသစ် စတာ၊ အရင်းအနှီးတွေ စထည့်တာ၊ တန်ဖိုးကြီးပစ္စည်းတွေ၊ မော်တော်ယာဉ်ကားအသစ် ဝယ်ယူတာတွေ၊ ငွေကြေးအပေးအယူတွေ အားလုံးကို သတိထား ဆင်ခြင်ရပါမယ်။ ကိုယ့်ငွေလေးနဲ့ ဘာသုံးပစ်ချင်တယ် ဆိုတာထက် ဘယ်နေရာမှာ သုံးသင့်တယ်ဆိုတာကို ဂရုစိုက်ပါ။ အရေးမကြီးဘူး ဆိုရင် တချို့ဝယ်ချင်တာတွေ၊ သုံးချင်တာတွေကို ဇွန် ၂၅ နောက်ပိုင်းမှ စဉ်းစားပေါ့ဗျာ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၎။ သောကြာ နောက်ပြန်ကာလမှာ ကိုယ့်စတိုင်ကို လူတွေ သတိထားမိအောင် လုံးဝကြီး ပြောင်းလဲ ပစ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ အထူးသဖြင့် မိန်းကလေးတွေ ဆံပင်ပုံစံ လုံးဝ ပြောင်းပစ်တာ၊ ဒီဇိုင်းကာလာတွေ လုံးဝ လန်ပြန်ပစ်လိုက်တာမျိုး မသင့်တော်ပါဘူး။ ပြင်လွန်းလို့ ဖင်ချွန်းသွားတယ် ဆိုတာ ဒီကာလမှာ ဖြစ်တတ်ပါတယ်။ ဗီးနပ်စ် အလှနတ်ဖုရားက လှည့်မကြည့်သေးဘူး ဆိုမှတော့ အလှအပတွေ စွတ်ပြင်ပြောင်းလဲတာမျိုးကို ဘယ်သူကမှ သဘောကျမှာ မဟုတ်ပါဘူး။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

၅။ နောက်ဆုံး တစ်ချက်ကတော့ ခုလို ဗီးနပ်စ် နောက်ပြန်သွားတဲ့ ကာလမှာ  သိဟ်ရာသီဖွား၊ ကုမ်ရာသီဖွားတွေက အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ လူမှုဆက်ဆံရေးပိုင်းတွေမှာ သတိပိုထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ချစ်သူရည်းစား၊ အိမ်ထောင်ရှင်တွေကြားမှာ ပြဿနာဟောင်းတွေ ပေါ်လာတတ်ပြီး ဖြေရှင်းရ ခက်တတ်ပါတယ်။ ဗြိစ္ဆာရာသီဖွားတွေနဲ့ ပြိဿရာသီဖွားတွေက အလုပ်အကိုင်နဲ့ မိသားစုအရေး၊ အိုးအိမ်နေရာထိုင်ခင်းကိစ္စတွေမှာ အခက်အခဲ ပေါ်လာတတ်ပါတယ်။ ဒီအချက်တွေကို ကြိုသတိထားနိုင်ရင် ဒီကာလအတွက် ပြင်ဆင်နိုင်ပါလိမ့်မယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)