သောကြာနေ့ဖွားများအတွက် ၁၃၈၂ ခုနှစ် ဟောစာတမ်း

အများစုသော သောကြာနေ့ဖွားတွေအတွက် သည်တစ်နှစ် ၁၃၈၂ ခုနှစ်သည် ဖိအားတွေ၊ တာဝန်တွေ၊ အခက်အခဲတွေ များပြားစေတတ်သောနှစ် ဖြစ်ပါတယ်။ ဝဋ်လိုက်တတ်တယ် ဆိုတဲ့စကား ပမာအတိုင်း သည်တစ်နှစ်မှာ ရှေးက မိမိ ပြုဖူးသော အပြစ်အတိုင်း မိမိပြန်ပြီး ပေးဆပ်ရသလိုမျိုး အခြေအနေ အချို့ကို ရင်ဆိုင်လာကြရတတ်ပါတယ်။

သည်နှစ်ထဲမှာ သောကြာနေ့ဖွားတွေအဖို့ အပြစ်တင်ခံရခြင်း ဆိုတာ ဆန်းတဲ့ကိစ္စ မဟုတ်သလိုကို ဖြစ်လာတတ်ပါတယ်။ လူတွေက မိမိတို့ကို မြင်တာနဲ့ အပြစ်ပေးချင်၊ အပြစ်ပြောချင် လာတတ်ပါတယ်။ ထို့အတူ မကောင်းတာဆိုရင်တော့ ကိုယ့်အပေါ် တန်းတန်းမတ်မတ် ကျလာတတ်ချိန်လည်း ဖြစ်ပါတယ်။ ဥပမာ ရာထူးတိုး လျှောက်တယ်။ ပယ်ခံရတဲ့လူ ရွေးမယ်ဆိုပါစို့။ သောကြာနေ့ဖွား အများစုကို ပယ်ပစ်တတ်သည့် ကာလပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

မနေလိုတဲ့နေရာ အများသူငါ မနှစ်သက်တဲ့နေရာဒေသတွေမှာ…တာဝန်ထမ်းဖို့ ရွေးမယ် …ဆိုပါစို့ ၊ သောကြာနေ့ဖွားတွေခမြာ ထို့သို့ အများမနှစ်သက်သည့်နေရာမျိုးတွေမှာ တာဝန်ထမ်းဆောင်ဖို့…အရွေးခံရတတ်သည့် အခြေအနေကြုံရတတ်သည့် ကာလပါပဲ။

အချို့သော သောကြာနေ့ဖွားတွေ ဆေးရုံဆေးခန်း ပတ်သက်လာရပါမယ်။ အချို့သော သောကြာနေ့ဖွားတွေကတော့ အပြစ်ပေး အရေးယူခံရမှုတွေ ကြုံပါမယ်။ အချို့သော သောကြာနေ့ဖွားတွေကတော့ …အလုပ်တာဝန်တွေ ဖိစီးပြီး …ပင်ပန်းလွန်းတဲ့အခြေအနေတွေ ဖြတ်သန်းကြရပါမယ်။

သောကြာနေ့ဖွားတွေသည် ဒီတစ်နှစ်ထဲမှာ ..လက်အောက်ငယ်သားတွေ၊ မိမိလက်အောက်ဝန်ထမ်းတွေ၊ တူ တူမတွေ၊ အိမ်က အိမ်အကူတွေ၊ အလုပ်သမားတွေ စသည်ဖြင့်တို့ရဲ့ တော်လှန်မှု ၊ ရန်တုန့်ပြန်မှုတွေကိုလည်း ကြုံရတတ်ချိန်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ကဲ ..ဒီလောက်ဖတ်ရရင်ကို တော်တော်စိတ်ဓါတ်ကျလောက်ပါပြီ။ ဒါဖြင့် ကောင်းကွက် မရှိနိုင်တော့ဘူးလား။ အဲလိုလည်း မဟုတ်ပါ။ ဒီနှစ်ထဲမှာ သောကြာနေ့ဖွားတွေ၊ အိုးအိမ် နေရာထိုင်ခင်းကံ၊ လုပ်ငန်းနေရာကံ တို့မှာ ကောင်းတတ်ပါတယ်။ အလုပ်ရလွယ်ပါတယ်။ မိမိစွမ်းရည်ကို အကျိုးရှိမယ့်နေရာမှာ သုံးခွင့်ကြုံရတတ်ချိန်လည်း ဖြစ်ပါတယ်။ အိမ်နီးချင်းတစ်ချို့ဆီက ကောင်းကျိုးကို ရရှိတတ်ပါတယ်။

လူပျို အပျို..လူလွတ်တွေ အဖို့ ဒီတစ်နှစ်မှာ တိတ်တခိုးမြတ်နိုးရမယ့် မိမိကို ရင်ခုန်အောင် လုပ်နိုင်တဲ့ မြတ်နိုးတွယ်တာစရာ ဖူးစာဖက် ပေါ်လာကြုံလာတတ်ပါတယ်။ အများအားဖြင့် မိမိထက် အသက် ငယ်သူ သို့မဟုတ် ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်သူ၊ ကလေးဆန်သူမျိုး ဖြစ်နေတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

အဝေးမှာနေသည့် အမျိုးသားအကြီးအကဲ တစ်ဦးဦးကနေ မိမိတို့ကို ကောင်းကျိုး အထောက်အပံ့ ပြုခြင်း ခံရတတ်ပါတယ်။ ငွေကြေးအထောက်အပံ့ကောင်း သော်လည်းကောင်း၊ အကြံဥာဏ်ကောင်း ပေးမည့် မိတ်ဆွေကောင်းများသော်လည်းကောင်း ဒီနှစ်ထဲမှာ ပေါ်လာတတ်ပါတယ်။

ကောင်းပြီ နည်းနည်း အနှစ် ပြန်ချုပ်ပါမယ်။ ဒီနှစ် ၁၃၈၂ခုနှစ်သည် သောကြာနေ့ဖွားများ အတွက် ကံညံ့ချိန်ဖြစ်ပါတယ်။ အများစုသော သောကြာနေ့ဖွားတွေ အခက်အခဲ များမယ့်ကာလပါ။ သို့သော် နေရာထိုင်ခင်းကံနဲ့ အထောက်အပံ့ကောင်း အမှီကောင်း ရတတ်သည့် အတိတ်ကုသိုလ်ကံ အကျိုးပေးလေးသည်လည်း တစ်ပြိုင်နက်တည်းမှာ လာပေါ်ပေါက်မှာ ဖြစ်ပါတယ်။ အဆိုပါ ကောင်းသောကံလေးကို ကြာသာပတေးဂြိုဟ်က ဆောင်ကျဉ်းလာနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ကြာသာပတေးဂြိုဟ်နဲ့ သက်ဆိုင်သော နံ့သာရောင်၊ ၀ါညိုရောင် ၊ သနပ်ခါးရောင်တွေသည် ဒီတစ်နှစ်အဖို့ တော့ သောကြာနေ့ဖွားတွေ မှီခိုအားထားရမယ့် အရောင် တစ်မျိုးပါပဲ။ ငွေသားဖြင့် ပြုလုပ်ထားသော လက်ဝတ်တန်ဆာတစ်မျိုးမျိုးကို အသားနဲ့နီးနီးကပ်ကပ် ၀တ်ထားခြင်းဖြင့်လည်း ..ကြာသာပတေးဂြိုဟ်ရဲ့ ကောင်းကျိုးကို ပိုမိုမျှော်လင့်ခွင့်ရနိုင်ပါတယ်။

ဒီကုသိုလ်ကံအကျိုးပေးကို မလွဲမချော်အောင် အမှန်လိုလားမယ်ဆိုရင် (ဗုဒ္ဓဘာသာဝင်လည်း ဖြစ်မယ်ဆိုရင်) ဘုရားစေတီပုထိုးများမှာ အဓိဌာန်ဝင်သည့်အခါတွေမှာ ကြာသာပတေးထောင့်မှာ အဓိဌာန်ဝင်သင့်ပါတယ်။ ကြာသာပတေးဂြိုဟ် နတ်မင်းကြီးကိုလည်း ကောင်းစွာ ..မေတ္တာပို့အမျှဝေပြီး ဆုတောင်းကြည့်နိုင်ကြပါတယ်ခင်ဗျား။ ဘုရားမှာ မလုပ်နိုင်သေးရင်လည်း အိမ်ကနေပဲ အဓိဌာန်ဝင်ပြီး မေတ္တာပို့ ဆုတောင်းနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

သောကြာနေ့ဖွားတွေ ဒီတစ်နှစ်ထဲမှာ သူတစ်ပါး ရန်ပွဲတွေ၊ ပြဿနာတွေနဲ့လည်း ဖြစ်နိုင်သမျှ ကင်းအောင် နေသင့်ပါတယ်။ မဆီမဆိုင်ဘဲ မိမိကိုပါ စွပ်စွဲခံရပြီး အချောင်သက်သက် အပြစ်ပေးခံရသည့်ကံမျိုး မိမိတို့မှာ ကျရောက်လာနိုင်တဲ့အချိန်မို့ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်ကိုတော့ သည်းခံစိတ်ရှည်ခြင်းများနဲ့ ဇွဲနဲ့ ရုန်းကန်ဖြတ်သန်းကြရမှာမို့..၊ ခုနှစ်စကတည်းက အားမွေးထားကြဖို့ လိုအပ်ပါလိမ့်မယ်။

သောကြာနေ့ဖွားတိုင်း ကံညံ့တတ်ကြသည့် နှစ်ဖြစ်သော်လည်း မိမိတို့ရဲ့မူလဇာတာ၊ အမည်အနေအထား၊ ရောက်ဆဲအသက် စသည်ဖြင့် တို့ပေါ်မူတည်ပြီး ..၊ အညံ့သက်သာမယ့်သူတွေ ရှိမှာဖြစ်သလို၊ ပိုမိုညံ့တဲ့သူတွေလည်း ရှိလာပါမယ်။ အညံ့အတော်ကို နည်းသွားပြီး ကောင်းတဲ့ ဘက်မှာတောင် ရပ်တည်နိုင်သွားတဲ့ သောကြာအချို့တစ်လေလည်း ရှိနိုင်တာမို့…အရမ်းကြီးတော့ မစိုးရိမ်ကြစေလိုပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

၎နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ်…စသော သောကြာနေ့ဖွားများကတော့ …ဒီတစ်နှစ်သည်…အထူးတောင့်ခံရမယ့် ကံအားနည်းလှသည့် နှစ်တစ်နှစ် ဖြစ်ကြပါလိမ့်မယ်။ ( ဒါတောင် မူလဇာတာနဲ့ ဒသာအနေအထား၊ မှည့်ထားသော အမည်တွေ က ..အားကောင်းနေမယ်ဆိုရင်၊ အတော်ညံ့တတ်သည့် ဒီနှစ်မျိုးနဲ့ အသက်ပိုင်းမျိုး နှစ်ခုလုံးတိုက်ဆိုင်နေသည့်တိုင်အောင် ..အဆိုးထဲကနေ အကောင်းဘက်ကို ပြန်ဦးတည်လာနိုင်ပါသေးတယ်။ အစိုးရိမ်မပိုကြစေလိုပါခင်ဗျား။)

အားလုံးသော သောကြာနေ့ဖွားအပေါင်းတို့သည် …ကပ်ဘေးတို့မှ ကျော်လွှားနိုင်သည် ဖြစ်ပြီး မကောင်းကျိုးများမှလည်း လွှဲဖယ်ရှောင်ရှားနိုင်ကြသည် ဖြစ်ကြပါစေ။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)