အောင်မြင်စေရာ နဝင်းအခါ

လောကီကိစ္စအဝဝ အောင်မြင်စေဖို့ ကြိုးစားကြရာမှာ မိမိတို့ အကြံအစည် ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်စေတဲ့ နဝင်းအချိန်အခါဆိုတာ မွေးနံအလိုက် နေ့ရက်တိုင်းမှာ ရှိနေပါတယ်။

အဲဒီအခါကို သေချာ ရွေးချယ်ပြီး မိမိတို့ လိုရာကိစ္စကို ဆောင်ရွက်မယ်ဆိုရင် အောင်မြင်တာ များလို့ ဒီနဝင်းအခါကို ဗေဒင်ပညာအရ (ဇေယျံ – အောင်မြင်ခြင်း) အခါလို့ သတ်မှတ်ခဲ့ကြပါတယ်။ နေ့သားသမီးအလိုက် နေ့စဉ် ဇေယျံအချိန်ကာလကို အောက်ပါဇယားတွေအတိုင်း အလွယ်တကူ ကြည့်ရှု အသုံးပြုနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တနင်္ဂနွေသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

တနင်္လာသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

အင်္ဂါသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

ဗုဒ္ဓဟူးသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

ကြာသပတေးသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

သောကြာသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

စနေသားသမီးများအတွက် နေ့စဉ် ဇေယျံ အချိန်အခါများ

ဥပမာ တစ်ခုနဲ့ ပြပါမယ်။ အင်္ဂါသားသမီးတစ်ဦးဟာ ကြာသပတေးနေ့မှာ အလုပ်ကိစ္စ တွေ့ဆုံ ဆွေးနွေးဖို့ဖြစ်စေ၊ အရောင်းအဝယ်ကိစ္စ တေ့ဆိုင်ဖို့ ဖြစ်စေ ဆောင်ရွက်တော့မယ်ဆိုရင် အင်္ဂါနေ့ဖွားအတွက် ဇယားမှာ ဖော်ပြထားတဲ့အတိုင်း ကြာသပတေးနေ့ရဲ့ မနက် ၁၀း၃၀ နဲ့ ၁၂ နာရီအတွင်းဟာ ဇေယျံအခါ ဖြစ်တဲ့အတွက် အဲဒီအခါအတွင်း ဆောင်ရွက်မယ်ဆိုရင် အောင်မြင်အဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့နေ့သားသမီးတွေလည်း အထက်ပါအတိုင်း ကြံဆအသုံးပြုနိုင်ပါတယ်။

ဇေယျံအခါ ရွေးချယ်အသုံးပြုမှုအပြင် နေ့စဉ်နေ့တိုင်း ဇေယျံအခါတိုင်းမှာ ပြုလုပ်နိုင်တဲ့ ယတြာတစ်ခုကိုလည်း လက်ဆောင် ပေးချင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါကတော့ နေ့စဉ် ဇေယျံအခါ ရောက်လာရင် အိမ်က ဘုရားမှာ အလင်းတိုင် (၁) တိုင် ပူဇော်ပြီး မိမိတို့ ရွတ်ဖတ်ပူဇော်နေကျ ဂါထာ၊ ဂုဏ်တော်၊ ပရိတ်၊ ပဋ္ဌာန်း စတာတွေကို ရွတ်ဖတ်ပူဇော်ရင်း လိုရာဆန္ဒ ပြည့်ဝအောင် ဆုတောင်း ယူနိုင်တယ် ဆိုတာပါပဲ။ နေ့နံအားလုံး ဇေယျံအခါကို ကောင်းစွာ အသုံးပြု အောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)