ခြေလှမ်းမှားစပြုလာသော သားသမီးများအတွက်

အချို့သော မိဘများသည် သားသမီးများ ထိန်းရခက်လာသော အခါမျိုးတွင် သောကများကြသည်ကို မကြာခဏ တွေ့ခဲ့ရဖူးသည်။ မူလက လိမ္မာရေးခြားရှိသော်လည်း အပေါင်းအသင်းကြောင့်သော်လည်းကောင်း နေရာဒေသကြောင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်သော်လည်းကောင်း မူးယစ်ဆေး သုံးစွဲလာတတ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ အပျော်အပါးလောင်းကစား ၀ါသနာ ထုံလာခြင်းများ ဖြစ်လာတတ်ကြသည်။

ဤအကြောင်းအရာကို လွယ်ကူ ထိရောက်သော မြန်မာ့ရိုးရာအင်္ဂ၀ိဇ္ဇာပညာဖြင့် ဖြေရှင်းနိုင်ပါသည်။ ဇာတာရှင်ကလေးငယ်၏ ဆပွတ်အညွန့်နှင့် အညွန့်နံကို ကြွေပန်းကန်တွင်ထည့်ပြီး ဘုရားကပ်လှူ ဆုတောင်းခြင်းဖြစ်ပါသည်။ ဆပွတ်ကို သုံးစွဲခြင်းသည် သူ့ကိုနိုင်လိုဆကိုခို ဟူသော အလင်္ကာအရ မိဘစကားနားထောင်ခြင်း၊ သားသမီးအပေါ်ပြောရေးဆိုရေး အောင်မြင်စေခြင်းအတွက် သုံးသည်။ အညွန့်သုံးစွဲခြင်းသည် သားသမီး၏ တိုးတက်ရာတိုးတက်ကြောင်းကို အထောက်အကူ ပြုစေရန် အသုံးပြုခြင်း ဖြစ်ပါသည်။

နေ့အလိုက်တင်ရန် အညွန့်များနှင့် စွန့်ပစ်ရမည့် အရပ်မျက်နှာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နေ့သားအလိုက် တစ်ညွန့်စီသာတင်ရန်ဖြစ်ပါသည်။ ပန်းအိုးနှင့်တင်ရန် မဟုတ်ဘဲ ပန်းကန်ပြားတွင် ထည့်၍ တင်ရန် ဖြစ်သည်။ ထိုသို့တင်ပြီး ၃ညသိပ်ထားကာ နေ့သားအလိုက် ဘုမ္မိအရပ်သို့ စွန့်ပစ်ရပါမည်။ ဘုမ္မိအရပ်ကို အထက်တွင် ဖော်ပြထားပါသည်။ သားသမီးဖြစ်သူ၏ မွေးနေ့နံနက် ၆နာရီမှ ၇နာရီခွဲအတွင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဥပမာ- တနင်္ဂနွေသားသမီးတစ်ဦးသည် ခြေလှမ်းမှား ကျောင်းစာ စိတ်မ၀င်စား အပေါင်းအသင်း အပျော်အပါးများကြောင့် ခြေလှမ်းပျက်လာသောအခါ တနင်္ဂနွေနေ့ မနက် ၆နာရီမှ ၇နာရီခွဲအတွင်း သီဟိုဠ်ညွန့်တစ်ညွန့်နှင့် ကံကော်တစ်ညွန့်ကို ကြွေပန်းကန်ပြားတွင် ထည့်၍ မိဘဖြစ်သူမှဘုရားတွင် လှူဒါန်းပြီး လိုရာဆုတောင်းပေးရမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထို့နောက် ၃ည သိပ်ထားပြီး နောက်နေ့မနက်တွင် တောင်အရပ်တွင် သွားရောက် စွန့်ပစ်ရပါမည်။ အခြားနေ့များလည်း ထိုနည်းအတိုင်း ဆောင်ရွက်ရပါမည်။ ယခုဖော်ပြလိုက်သော နည်းလမ်းသည် အထက်အညာဒေသတွင် တစ်ချိန်က ပြိုင်ဘက်ကင်း ကျော်ကြားခဲ့သော ဆရာကြီးတစ်ဦး၏ နည်းပညာဖြစ်ကြောင်း မှတ်သားခဲ့ရဖူးပါသည်။ ခေတ်ကာလအရ မိမိရင်သွေးများ ခြေလှမ်းမှားလာသော ဗေဒင်မေးပရိတ်သတ်အား ဤနည်းဖြင့် လမ်းညွှန်ပေးခဲ့ရာအောင်မြင်မှုများ ရရှိခဲ့သောနည်းဖြစ်သောကြောင့် တင်ပြပေးလိုက်ပါသည်။ ဆရာလင်းဝေအောင် – မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)