ခြောက်ထောင့်ကြယ်ကို အသုံးပြုခြင်း

လူ့ဘဝကို ဖြတ်သန်းရာမှာ တခါတရံ ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်အောင် ဒုက္ခအမျိုးမျိုး ပေးနေသူတွေနဲ့ မလွှဲမရှောင်သာ၊ မဖြစ်မနေ ဆက်ဆံရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ဖက်လူလည်း ဒုက္ခမရောက်၊ ကိုယ့်ကိုယ်လည်း ပြန်ပြီး ဒုက္ခ မပေးနိုင်တဲ့ လောကီပညာနည်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။


လုပ်ရမှာကတော့ ပထမဆုံး စက္ကူအဖြူပေါ်မှာ ဖော်ပြပါအတိုင်း ခြောက်ထောင့်ကြယ်တစ်ခုကို မှင်အနီနဲ့ ရေးဆွဲပါ။ ကြယ်ရဲ့ အလယ် ကွက်လပ်ထဲမှာ ဒုက္ခပေးနေသူရဲ့ နာမည်ကို ရေးပါ။ အဲဒီအမည် ရေးထားတဲ့အပေါ်မှာ ဖန်ခွက်ကလေးတင် ရေလေးထည့်ပြီး သက်ဆိုင်သူရဲ့ အမည်အစလုံးအရ သက်ဆိုင်ရာညွန့်လေး ထိုးပါ။ လုပ်ရမယ့်အဆင့်ဆင့်ကို ပုံတွေမှာ ရှင်းပြထားပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒုက္ခပေးနေသူရဲ့ နာမည်အရ သတ်မှတ်ထားတဲ့ နေ့အချိန်မှာ သတ်မှတ်ထားတဲ့ ပန်းအညွန့်များ ထိုးပြီး သိကြားမင်းဂါထာဟု ခေါ်သော ဝေသာဒါကု ဂါထာကို ၃၇ ခေါက် ရွတ်ဖတ်ရပါမယ်။ ပြီးရင် မေတ္တာသုတ် ၃ခေါက် ရွတ်ဖတ်ပြီး “စိတ်ဆင်းရဲ ဒုက္ခဆင်းရဲဖြစ်အောင် ပြုလုပ်သူသည် ဒုက္ခမပေးနိုင်ပါစေနှင့်။ ထိုကဲ့သို့ ဒုက္ခပေးသူများနှင့် ဝေးရပါလို၏ “လို့ ဆုတောင်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီအစီအရင်ကို ၉ ရက် ဆက်တိုက် လုပ်ရပါမယ်။ ပထမ စတင်တဲ့ နေ့မှာပဲ သတ်မှတ်အချိန်အတွင်း ဆောင်ရွက်မှာ ဖြစ်ပြီး တခြားနေ့တွေမှာတော့ ကိုယ်အဆင်ပြေတဲ့ အချိန်မှာ စတင်ဆောင်ရွက်ပါ။ အစီအရင်နဲ့အတူ တွဲဖက် ရွတ်ဖတ်ပူဇော်ရမယ့် သိကြားမင်းဂါထာနဲ့အတူ ဂါထာရဲ့ အနက်အဓိပ္ပါယ်ကိုပါ ဆင်ခြင်ပွားများနိုင်ရအောင် ပူးတွဲ ဖော်ပြလိုက်ပါတယ်။ (အနက်ကို ရွတ်စရာမလို၊ ဂါထာကိုသာ ရွတ်ဖတ်ရပါမယ်)

၉ ရက် ပြည့်တဲ့အခါ စက္ကူမှာ ရေးထားတဲ့ ခြောက်ထောင့်ကြယ်နဲ့ ပန်းအညွန့်တွေကို စီးနေတဲ့ မြစ်၊ ချောင်း တစ်ခုခုမှာ စွန့်ပစ်ပါ။ ကိုယ့်ကို အရမ်းဆိုးဆိုးဝါးဝါး ဒုက္ခပေးနေသူတွေတောင် ဒီအစီအရင်ကို သုံးကြိမ်ထက် ပို မလုပ်ရဘဲ အဆင်ပြေသွားပါလိမ့်မယ်။ အစီအရင်ကို လုပ်တဲ့အခါ ဘုရားကျောင်းဆောင်ရှေ့မှာ ခုံအလွတ်တစ်လုံး ချပြီး လုပ်ရမှာ ဖြစ်ပါတယ်။

၇ ရက်သားသမီးအားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)