မြန်မာက မြင်ရမယ့် စူပါမွန်းနဲ့ လကြတ်ခြင်း

ပုံမှန်ထက်စာရင် ကမ္ဘာနဲ့ ပိုနီးလာလို့ ခပ်ကြီးကြီး မြင်ရမယ့် လမင်းကို စူပါမွန်း Super Moon လို့ ခေါ်ပြီး နေနဲ့ လကြား ကမ္ဘာရောက်ချိန်မှာ လပေါ် အမှောင်ရိပ် ကျသွားတဲ့ ဖြစ်စဉ်ကိုတော့ လကြတ်ခြင်းလို့ ခေါ်ဆိုပါတယ်။ လာမယ့် ဇန်နဝါရီ ၁၀ ရက်ညပိုင်းနဲ့ ၁၁ ရက်အကူး မနက်အစောပိုင်းတွေမှာတော့ မြန်မာနိုင်ငံက အရိပ်ဖျော့ လကြတ်မှုကို မြင်တွေ့ရဖို့ ရှိပါတယ်။

စံတော်ချိန်အရ ပြောရရင် ဇန်နဝါရီ ၁၀ ရက် ည ၁၁ ခွဲကျော်ကနေ ၁၁ ရက်နေ့အကူး မနက် ၃ နာရီခွဲကျော် အထိ လကြတ်မှာ ဖြစ်ပါတယ်။ လပြည့်နေ့တွေမှာသာ လကြတ်လေ့ ရှိပြီး ဒီတစ်ခါ လကြတ်ရာမှာ လကလည်း ကမ္ဘာနဲ့ ပိုနီးလာတဲ့အတွက် ပုံမှန်ထက် ပိုကြီးမယ့် စူပါမွန်းနဲ့ အရိပ်ဖျော့လကြတ်ခြင်းကို တွဲလျက် မြင်ရပါမယ်။

မြန်မာက မြင်ရမယ့် လကြတ်မှုဖြစ်စဉ် အချိန်အတိအကျကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ မြန်မာနဲ့အတူ အာရှ၊ ဥရောပ၊ သြစတြေးလျ၊ အာဖရိကနဲ့ မြောက်/တောင် အမေရိကန်ဒေသတချို့ကလည်း မြင်ရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နက္ခတ်ဗေဒင်ပညာအရ နေကြတ်လကြတ်တွေ ဖြစ်ပွားအပြီးမှာ ငလျင်နဲ့ သဘာဝဘေးတွေ ဖြစ်ပေါ်လေ့ ရှိပြီး ကမ္ဘာအရပ်ရပ်မှာ နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုတွေလည်း ဖြစ်တတ်တာမို့ မကြာသေးခင် ဒီဇင်ဘာ ၂၆ ရက် နေကြတ်ဖြစ်စဉ်အပြီး အမေရိကန်-အီရန် တင်းမာမှုတွေက အခုတစ်ခါ လကြတ်အပြီးမှာ ဘယ်လောက်ထိ အရှိန် ဆက်ပြင်းနေမလဲ ဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ရှေးဟောင်းနက္ခတ်ဗေဒကျမ်းတွေအရတော့ မေထုန်ရာသီခွင်မှာ လကြတ်တဲ့အတွက် မင်းများ၊ မင်းကဲ့သို့ စည်းစိမ်အာဏာ ရှိသူများ၊ ဂုဏ်သရေရှိ အမျိုးသမီးများ၊ အနုပညာသည်များ ဆင်းရဲဒုက္ခ ရောက်ကြမည် လို့ ဆိုထားပြီး သောကြာညနဲ့ စနေနေ့အကူးမှာ လကြတ်တဲ့အတွက် မင်းများ သေကြေခြင်း၊ စစ်မက် ဖြစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဆင်းရဲသူများ အနာရောဂါ ထူပြောခြင်းတို့ ဖြစ်ပွားမည် လို့ ဖော်ပြထားပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အိန္ဒိယက နက္ခတ်ပညာရှင်တစ်ဦးက လကြတ်ခြင်းမှာ အမှောင်လောက စွမ်းအားတွေ ကြီးမားနေတာကြောင့် လကြတ်မယ့်နေ့မှာ လောကီလူမှုကိစ္စတွေ၊ စီးပွားရေးကိစ္စတွေကို ခဏ ရှောင်ထားပြီး ဘာသာရေးဆိုင်ရာ စရဏ၊ အဓိဌာန်တွေ၊ ရွတ်ဖတ်ပူဇော်တာတွေပဲ လုပ်နေသင့်တယ်လို့ အကြံပြုပါတယ်။ ဘာသာရေးကိစ္စတွေ မလုပ်ဖြစ်ရင်လည်း အများအကျိုးသယ်ပိုးရာ ရောက်တဲ့ အမှိုက်လှည်း၊ သန့်ရှင်းရေး လုပ်တာ၊ အကူအညီ ပေးတာမျိုးတွေ လုပ်သင့်တယ်လို့ ဆိုပါတယ်။ လိုရင်းကတော့ ကုသိုလ်ဖြစ် အလုပ်တွေ လုပ်နေဖို့ ဖြစ်ပါတယ်။

အားလုံး ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)