မြန်မာနှစ် (၁၃၈၂) မှာ ကံအားသာမယ့် နာမည်ရှင်များ

အခု ဖြတ်သန်းနေတဲ့ ၁၃၈၂ ခုနှစ်မှာ အောက်ဖော်ပြပါ နာမည်ရှင်များဟာ ကံအခွင့်အလမ်းနှင့် အားသာချက် အရှိနိုင်ဆုံး အမည်ရှင်များ ဖြစ်ပါတယ်။

ဥပမာပြ အမည်များသာ ဖြစ်ပါသည်

ဒီ့ထက်မက ဆိုရရင်တော့..တနင်္ဂနွေ + ကြာသာပတေး + တနင်္လာ သုံးမျိုး ပေါင်းစပ်ထားတဲ့ အမည်ရှင်များ ဖြစ်ကြတဲ့ ဥပမာ အောင်မျိုးခိုင်၊ အေးမြမြခင် ၊ ကျော်ဖြိုးအောင် စတဲ့ အမည်ရှင်တွေကို ကံအားသာချက်အရှိဆုံး နာမည်အမျိုးအစားတွေအဖြစ် သတ်မှတ်ရမှာပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တကယ်လို့ အထက်ပါအမည်ရှင်အမျိုးအစားများမှာ ပါဝင်ပြီး ရောက်ဆဲအသက်အားဖြင့်လည်း ၄ နှစ်၊ ၁၁ နှစ် ၊ ၁၈ နှစ် ၊ ၂၅ နှစ်၊ ၃၂ နှစ်၊ ၃၉ နှစ်၊ ၄၆ နှစ်၊ ၅၃နှစ်၊ ၆၀ နှစ်၊ ၆၇ နှစ်၊ ၇၄ နှစ်၊ ၈၁ နှစ်၊ ၈၈ နှစ်၊ ၉၅ နှစ် စသော အသက်ပိုင်းခြားများကို ဖြတ်သန်းနေဆဲအမည်ရှင်များ ဖြစ်ခဲ့မယ် ဆိုရင်တော့ မြန်မာနှစ်သစ် ၁၃၈၂ ခုနှစ်သည် .သူတို့အတွက် ကံကောင်းစေတတ်သော နှစ်တစ်နှစ်အဖြစ် သတ်မှတ်ရတော့မယ့် အနေအထား ဖြစ်လာပါမယ်။

မူလဇာတာ အနေအထား၊ ဒသာအနေအထားတွေပါ ကောင်းနေမယ်ဆိုရင်တော့ လာမယ့် မြန်မာနှစ် ၁၃၈၂ ခုနှစ်ဟာ ဒီနာမည်ရှင်တွေဟာ မုချ ကံကောင်းစေမယ့် နှစ်တစ်နှစ် ဖြစ်လာပါလိမ့်မယ်ခင်ဗျား လေးစားချက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)