မြန်မာနှစ်သစ် (၁၃၈၂) မှာ သတိထားရမယ့် နာမည်ရှင်များ

မြန်မာသက္ကရာဇ် ဒီနှစ် ၁၃၈၂ ခုနှစ် တစ်နှစ်လုံးမှာ အောက်ပါနာမည်ရှင်တွေဟာ အထူး ဂရုစိုက်ရမယ့် နာမည်တွေ ဖြစ်လာပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ထို့အတူ…ဒီကာလတွေမှာ…ဆိုးအားအများနိုင်ဆုံးကတော့  သောကြာ + အင်္ဂါ + စနေ နာမည်တွဲပဲ ဖြစ်ပါတယ်။ ဥပမာ သူဇာထွန်း၊ ထွန်းဇော်သိန်း၊ သန်းထွန်းဇော် စသည်ဖြင့် သောကြာ + အင်္ဂါ + စနေ တွေ တွဲစပ် မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေအဖို့ ဒီကာလတွေသည် အချက်ပေးခေါင်းလောင်းသံ မြည်နေသည့် အထူးဂရုပြုနေထိုင်ရမည့် ကာလတွေ ဖြစ်ပါတယ်။

ကျွန်တော် လူတွေကို မနှစ်သက်ဖွယ်၊ အကြောက်တရားဖြစ်စေဖွယ်တွေ မရေးလိုပါ။ သို့သော် မရေးရင်လည်း မသိနိုင်ပါ။ ဒီအမည်ရှင်တွေ ဂရုစိုက်နေထိုင် ဖြတ်သန်းရမယ့် ကာလဖြစ်လို့ပါပဲ။ ထို့အတူ အရမ်းကာရော အစိုးရိမ်ကြီးပြီးတော့လည်း မနေထိုင်သင့်ပါ။(၇) နှစ်တစ်ခါ အလှည့်ကျ ဆိုးတစ်ခါ ကောင်းတစ်လှည့် ဖြတ်သန်းနေကြရမယ့် အချိန်ကာလလေးတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြီးခဲ့တဲ့ တပေါင်းလပြည့်ကျော်ပြီးနောက်ပိုင်း တလောက ပြင်ဦးလွင်ဘက်မှာ ယာဉ်မတော်တဆမှုနဲ့ အသက်ဆုံးရှုံးသွားတဲ့ ကလေးငယ်လေးတစ်ယောက်ရဲ့ နာမည်ကို ဖတ်လိုက်ရလို့လည်း ဒီပို့စ်ကို မရေးပေးဘဲ မနေရဲတော့တာပါ။ ကလေးလေး အမည်လေးက သွန်း….ထွန်း နဲ့ တူပါတယ်။ သောကြာနံ..သွန်းပညတ်ဖြင့် အစပြုပြီး စနေနံဖြင့် အဆုံးသတ်ထားသော အမည်ရှင်လေးဆိုတာ တွေ့လိုက်ရပါတယ်။ ဒီတစ်နှစ်ကတော့ ဒီအမည်ရှင်လေးတွေ အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်။

ငယ်သေးတဲ့ကလေးတွေဆိုရင်လည်း မိဘတွေက ခါတိုင်းထက်ပိုပြီးတော့ ဂရုစိုက်ပေးကြသင့်ပါတယ်။ လုပ်ပေးသင့်တာလေးတွေလည်း ကျွန်တော်ဆက်လက် တင်ပြပေးသွားဦးမှာပါ။ နောက်တစ်ခု ဆက် ပြောချင်တာက မကြာခဏ ကျွန်တော် ပြန်ဖြေပေးနေရ တားမြစ်နေရသည့် သွန်းပညတ်ပါ။ ဒီပညတ်မျိုး မမှည့်သင့်ကြောင်း ကျွန်တော် ဘယ်လိုပဲ ရှင်းပြနေသည့် ဖြစ်စေ အချို့မိဘတွေသည် ခေါင်းအလွန်မာပြီး လှတာလေးပဲ မက်မောနေတတ်ကြပါတယ်။

ဖြစ်နိုင်သမျှ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနှစ်ခုမှာ ဖြစ်သင့်တာကိုသာ ရွေးချယ်စေလိုပါခင်ဗျား။ အားလုံးပဲ အစစအရာရာ အဆင်ပြေပြီး မကောင်းကျိုးများလည်း ပြေလျော့ကြပါစေ။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)