၁၃၈၂ ခုနှစ်၊ နေ့နံအားလုံးရဲ့ ကံဇာတာ

လက်ရှိ ဖြတ်သန်းနေပြီ ဖြစ်တဲ့ ၁၃၈၂ ခုနှစ်ဟာ မြန်မာ့မဟာဘုတ်ဗေဒင်ပညာအရ ၃ကြွင်းနှစ် ဖြစ်ပါတယ်။ ဒီလိုနှစ်မျိုးမှာ မင်းအစိုးရတွေနှင့် ပတ်သက်တဲ့ သတင်းစကားကောင်းများ ထွက်ပေါ်လာခြင်း၊ ဆေးဝါးကောင်းများ ပေါ်ထွန်းလာခြင်း၊ သဘာဝကပ်ဘေးများမှ လွတ်မြောက်မည့် အခွင့်ကောင်းများ ပေါ်ထွန်းလာခြင်း၊ တန်ခိုးသိဒ္ဓိနှင့် ဆိုင်သော (သို့မဟုတ်) ဘာသာတရားနှင့် ဆိုင်သော ထူးခြားဆန်းပြားသော ကိစ္စများ ပေါ်ပေါက်လာတော့မယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကတော့ ယေဘုယျ မျှော်လင့်လို့ ရမယ့် ကောင်းကျိုးတရားများ ဖြစ်ပါတယ်။ နေ့သားသမီးအလိုက် အကျဉ်းချုပ်ဇာတာကံအနေထားကတော့…

(၁) တနင်္ဂနွေနေ့ဖွားအနေဖြင့် ကိုယ်ပိုင်အကြံအစည်များ လက်တွေ့ အကောင်ထည်ဖော်နိုင်မယ့် နှစ်ဖြစ်ပြီး အိမ်ထောင်ရေး အချစ်ရေး မေတ္တာရေးမှာတော့ အားနည်းတတ်တဲ့ နှစ်ပိုင်းဖြစ်ပါတယ်။ နှလုံးသားခံစားချက်ထက် ဦးနှောက်နဲ့ စဉ်းစားလုပ်ကိုင်ဆုံးဖြတ်ခြင်းဟာ ပိုသင့်မြတ်ပါလိမ့်မယ်။ ယတြာအနေဖြင့် ဂုဏ်တော်ကွန်ခြာကို အဓိဌာန်ဖြင့် ရွတ်ဖတ်ပူဇော်ပါ။ ဘာသာခြားများအနေဖြင့် ဆေးဝါး လှူဒါန်းခြင်းကုသိုလ်ပြုပါ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၂) တနင်္လာနေ့ဖွားများအနေဖြင့် တချိန်က မိမိအကျိုးကျေးဇူးပြုခဲ့ဖူးတဲ့အရာတွေရဲ့ ပြန်လည်ကျေးဇူး တုန့်ပြန်မှုရမယ့် နှစ် ဖြစ်ပြီး အလှူအတန်း မင်္ဂလာအခမ်းအနားများ ပြုလုပ်ဆောင်ရွက်ဖြစ်ပါလိမ့်မယ်။ ဘဝအတွက် ခိုင်မာတဲ့ လုပ်ငန်းအစပြုတာမျိုး ၊ အနာဂတ်ကာလအတွက် ရင်းနှီးမြုပ်နှံမှုကောင်းများ လုပ်ဖြစ်တာမျိုး ရှိလာတတ်ပါတယ်။ အိမ် ခြံ မြေ နေရာထိုင်ခင်းကိစ္စများ အားနည်းသောကာလဖြစ်လို့ အရောင်းအဝယ်ပြုခြင်း ဆောက်လုပ်ခြင်းများမှာ ဦးဆောင်ဦးရွက် မပြုသင့်ပါ။ ယတြာအနေဖြင့် ညောင်ထောက်ခြင်း ကုသိုလ်ပြုပါ။

(၃) အင်္ဂါနေ့ဖွားများအတွက် စုတ် လာဘ်ယှဉ်တဲ့ နှစ်ပိုင်းအဖြစ် မှတ်ယူရမှာပါ။ မိတ်ဆွေအပေါင်းသင်း နှင့် ပက်သက်ပြီး စိတ်ညစ်စရာအချို့ကြုံတတ်တာလေးတော့ သတိပြုရပါမယ်။ အိမ်ထောင်ဘက်ရဲ့ လုပ်ငန်း ရာထူးတိုးတက်ခြင်း၊ ဂုဏ်သိက္ခာ တက်ခြင်း စတဲ့ကိစ္စတွေ ကြုံရတတ်ပါတယ်။ အိုးအိမ် နေရာထိုင်ခင်း ကောင်းသော အပြောင်းလဲများ ကြုံရတတ်ပြီး ခရီးကံတော့ အားနည်းနေပါတယ်။ သွားမယ် ကြံသည့် ခရီးစဉ်များ ပျက်လွယ်တတ်ခြင်း၊ လမ်းခရီးတွင်စိတ်ညစ်စရာကြုံတတ်ခြင်းများ ဖြစ်ပွားတတ်တဲ့ နှစ်ပါပဲ။ ယတြာအနေဖြင့် သက်ကြီးရွယ်အိုများကို ဖိနပ်လှူဒါန်းပါ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၄) ဗုဒ္ဓုဟူးနေ့ဖွားများအနေဖြင့် ဘုန်းတန်ခိုး သစ်လွင်တောက်ပလွယ်တဲ့ နှစ်ဖြစ်လို့ ဘုန်းကံကို နိမ့်ပါးစေတဲ့ ပြုမူဆောင်ရွက်မှုများ မပြုမိစေဖို့ လိုပါတယ်။ မိဘအကြီးအကဲများပေါ် ကောင်းစွာ ကျေးဇူးပြုနိုင်မယ့် ကာလဖြစ်ပြီး ယုံကြည်မှုတွေ အသက်ဝင်လာမဲ့ နှစ်ကာလမျိုးပါပဲ။ ငွေကြေးဥစ္စာ စုဆောင်းနိုင်ဖို့ ခက်ခဲတတ်ပြီး ကျန်းမာရေး ချူချာအားနည်းလွယ်တာကိုတော့ သတိပြုရပါမယ်။ အကူအညီမပေးသင့်သူကို ကူညီမိခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ယတြာအနေဖြင့် ဘာသာရေး အဆောက်အဦများတွင် သဲ ၊ သစ်များ တတ်နိုင်သလောက် လှူပါ။

(၅) ကြာသပတေးနေ့ဖွားများ အနေဖြင့်တော့ လုပ်ငန်း ရာထူးကိစ္စများ တိုးတက်မှုအားကောင်းမယ့် နှစ်ပိုင်းဖြစ်ပြိး ကိုယ်ပိုင်အစွမ်းအစ ရှိသလောက် အောင်မြင်မှုများမယ့် နှစ်ပါပဲ။ လုပ်ငန်းစီးပွားပိုင်းမှာ တစ်ခုသတိပြုဖို့က လောဘတကြီး တိုးချဲ့တာမျိုး မလုပ်သင့်သေးပါ။ အများနှင့်ဆိုင်သော ကိစ္စတွေမှာ စကားပြောဆိုမှု ဆင်ခြင်သင့်ပြီး မလိုအပ်ဘဲ အသင်းအဖွဲ့ ၊ လူစုလူဝေးနှင့်ဆိုင်သောကိစ္စများမှာ မပါဝင်သင့်ပါ။ ယတြာအနေဖြင့် ပရဟိတလုပ်ငန်းများအတွက် တတ်အားသရွေ့ လှူဒါန်းပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၆) သောကြာသားနေ့ဖွားများကတော့ ကျန်းမာရေး ချူချာအားနည်းလွယ်နိုင်ပြီး ရန်အတိုက်အခံနှင့် ယှဉ်တဲ့ လုပ်ငန်းစီးပွားတွေကို လုပ်ရတတ်တဲ့ နှစ်ကာလဖြစ်ပါတယ်။ မိမိ လိုချင်တောင့်တလွန်းသော ဆန္ဒအချို့ ပြည့်ဝလာနိုင်ပါတယ်။ ရပ်ဝေးနိုင်ငံရပ်ခြားနှင့် ဆက်စပ် လုပ်ကိုင်ရသော လုပ်ငန်းကိစ္စများမှ အောင်မြင်မှု ရပါမယ်။ မေတ္တာရေး အိမ်ထောင်ရေးနဲ့ ပက်သက်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပြီး မရေရာမှု မသေချာမှု၊ တွေဝေ ဒွိဟတွေပါ ဒွန်တွဲတတ်တဲ့ နှစ် ဖြစ်ပါတယ်။ ယတြာအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွေမှာ မကြာခဏ ကုဋီရေဆေးတဲ့ ကုသိုလ်ပြုပါ။

(၇) စနေနေ့ဖွားများအနေဖြင့် အကျိုးစီးပွားရှာဖွေရလွယ်ကူသော နှစ်ပိုင်းဖြစ်ပြီး ငွေကြေးဥစ္စာဓနတွေ စုဆောင်းနိုင်မှုကံ အားကောင်းသော နှစ်တစ်ခုပါပဲ။ ရန်အတိုက်အခံ မကင်းတတ်တဲ့ ကာလဖြစ်တာမို့ သည်းခံခြင်းကသာ အကောင်းဆုံးယတြာပါ။ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများ လုပ်ရန်မသင့်သေးဘဲ လောလောလတ်လတ် အကျိုးအမြတ် ဖြစ်ထွန်းမယ့် လုပ်ငန်းကိစ္စများကိုသာ ဦးစားပေးဆောင်ရွက်ပါ။ မိမိနှင့်မသက်ဆိုင်သော သူတပါးကိစ္စများမှာ ဝင်ရောက်စွက်ဖက်ခြင်း လုံး​ဝ မပြုသင့်ဘဲ လုပ်မိပါက သူတပါးပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ ယတြာအနေဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ အနေကထိုင်၊ ကျောက်ပြား ၊ ကြွေပြား လှူဒါန်းခြင်း ကုသိုလ်ပြုပါ။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၈) ရာဟုနေ့ဖွား(ဗုဒ္ဓဟူးညနေဖွားများ) အနေဖြင့် အများနှင့်ဆိုင်သောကိစ္စများတွင် ဦးဆောင်ရခြင်း၊ ခေါင်းဆောင်တတ်ဖြစ်ခြင်းများ ကြုံရတတ်သည်။ ခါးပိုက်နှိုက်ခံရခြင်း ပစ္စည်းပျောက်ရှလွယ်တတ်ခြင်း အနေအထိုင်မတတ်ပါက ကိုယ်ပိုင်ပစ္စည်းမှ သူတပါးပစ္စည်းဖြစ်ပွားလွယ်ခြင်းများ သတိပြုပါ။ ဒီနှစ်မှာ အတတ်ပညာသစ် ဆည်းပူးခြင်း ၊ အဆင့်မြင့်ပညာလေ့လာခြင်းများအတွက် အခွင့်ကောင်းတွေ ပေါ်လာနိုင်ပါတယ်။ ယတြာအနေဖြင့် မိမိကိုင်တွယ်သုံးစွဲနေသော ပစ္စည်းတစ်ခုခုအား လက်ဆောင်ပေးပါ။

ဒါကတော့ လက်ရှိ မြန်မာနှစ် ၁၃၈၂ ခုနှစ်အတွင်းမှာ နေ့သားသမီးအလိုက်  ကြုံရမယ့် ယေဘုယျ ကံအနေအထားဖြစ်ပါတယ်။ ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ကြပါစေ ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)