မြုပ်နေတဲ့ငွေတွေ ပြန်ပေါ်စေမယ့် မုန့်လုံးရေပေါ်ယတြာ

ကြွေးပြန်ရစရာရှိသည်များ ပြန်မရခြင်း၊ မြုပ်နေသောငွေများကြောင့် စိတ်ညစ်ရခြင်း၊ လုပ်ငန်းမှ ငွေပြန်ဖော်ရ ခက်နေခြင်းများအတွက် ရှေးဆရာကြီးများ လက်ကိုင်ထား အသုံးပြုလေ့ရှိခဲ့သော မုန့်လုံးရေပေါ်အစီအရင်ကို အများသူငှာအကျိုးအတွက် ဖော်ပြပေးလိုက်ပါသည်။

မုန့်လုံးရေပေါ်သည် မြုပ်ပြီးမှ ပြန်ပေါ်လာတတ်သော အစားအစာဖြစ်ပေရာ ၎င်းဓာတ်ဖြင့် ပြန်မရသေးသော ကြွေးမြီများ ပြန်ယူရာတွင်လည်းကောင်း၊ လုပ်ငန်းတွင်း မြုပ်နေသော ငွေကြေးအရင်းအနှီး၊ အမြတ်အစွန်း ပြန်ဖော်ရာတွင်လည်းကောင်း ဆောင်ရွက်ရမည့် ဓာတ်ယတြာအစီအရင်ဖြစ်သည်။

နေ့သားအလိုက် စီရင်ရမည့်ကိစ္စဖြစ်၍ နေ့ဖွားတစ်ခုချင်းအလိုက် အောက်ပါအတိုင်း လုပ်ဆောင်ရပါမည်။

တနင်္ဂနွေနေ့ဖွားများ

တနင်္ဂနွေနေ့ မနက် ၆:၄၅ တွင် မုန့်လုံးရေပေါ် ၂၁ လုံးကို ဘုရားမှာ ကပ်လှူပါ။

တနင်္လာနေ့ဖွားများ

တနင်္လာနေ့ မနက် ၈:၁၀ မိနစ်တွင် မုန့်လုံးရေပေါ် ၆ လုံးကို ဘုရားကပ်လှူ ဆုတောင်းပါ။

အင်္ဂါနေ့ဖွားများ

အင်္ဂါနေ့ မနက် ၈:၃၀ တွင် မုန့်လုံးရေပေါ် ၁၅ လုံးကို အိမ်ဘုရားတွင် လှူ၍ ဆုတောင်းပါ။

ဗုဒ္ဓဟူးနေ့ဖွားများ

ဗုဒ္ဓဟူးနေ့ မနက် ၈:၀၀ တွင် မုန့် လုံးရေပေါ် ၈ လုံးကို အိမ်ဘုရားတွင် လှူပြီး ဆုတောင်းပါ။

ကြာသပတေးနေ့ဖွားများ

ကြာသပတေးနေ့ မနက် ၈:၁၅ တွင် မုန့်လုံးရေပေါ် ၁၀ လုံးကို အိမ်ဘုရားတွင် လှူဒါန်း ဆုတောင်းပါ။

သောကြာနေ့ဖွားများ

သောကြာနေ့ မနက် ၇:၂၀ တွင် မုန့်လုံးရေပေါ် ၁၂ လုံးကို အိမ်ဘုရားတွင် လှူဒါန်း ဆုတောင်းပါ။

စနေနေ့ဖွားများ

စနေနေ့ မနက် ၆း၄၅ တွင် မုန့်လုံးရေပေါ် ၁၇ လုံးကို အိမ်ဘုရားတွင် လှူဒါန်းဆုတောင်းပါ။

ဤသို့ နေ့ဖွားအလိုက် သတ်မှတ်အချိန်တွင် သတ်မှတ်ထားသည့် မုန့်လုံးရေပေါ် အရေအတွက်အတိုင်း အိမ်က ဘုရားတွင် လှူဒါန်း၍ မိမိတို့ ကြုံတွေ့နေရသော ငွေကြေး ပြန်ရလိုမှုကိစ္စများအတွက် ဆုတောင်းနိုင်ပါသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ။ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ် ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)