၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (ဖေဖော်ဝါရီ ၊ ၂၀၂၃)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – လူမှုဆက်ဆံရေးမှာ အဖုအထစ် ဖြစ်တာ၊ နားလည်မှု လွဲတာလေးတွေ ဖြစ်တတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပြေလည်မယ်။ ခရီးသွားရင်းလာရင်း အက်ဆီးဒင့် သတိပြုရမယ်။ အလုပ် စီးပွားကံ ပုံမှန် ရှိမယ်။ လနှောင်းပိုင်းမှာ အခြေအနေအရပ်ရပ် တိုးတက်မယ်။ မေတ္တာရေးကံကောင်းလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – လဆန်းပိုင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ များတတ်ပေမယ့်လို့ နောက်ပိုင်းမှာ တဖြည်းဖြည်း အေးချမ်းသာယာမယ်။ မိသားစုအရေး စိတ်ချမ်းသာရမယ်။ သတင်းကောင်းတွေ ကြားရတတ်တယ်။ ၀င်ငွေလမ်းသစ် ပေါ်မယ်။ အကုန်အကျလည်း များမယ်။ အလုပ်ကိစ္စ ထူးခြားတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – လုပ်စရာကိုင်စရာတွေ တန်းစီ ပေါ်လာမယ်။ လူရောစိတ်ပါ မနားရဘဲ အသည်းအသန် အပြေးအလွှား ဖြစ်မယ်။ ထိမိခိုက်မိ ဒဏ်ရာလေးတွေ ရတတ်တယ်။ မေတ္တာရေးမှာ အံ့သြစရာ ဖြစ်မယ်။ အရေးကြီးတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရတတ်တယ်။ အလုပ် အခက်အခဲတွေ ပြေလည်မှု ရရှိမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ငွေကြေးနဲ့ ပတ်သက်လို့ အလေးထားမှာတွေ ဖြစ်လာမယ်။ ဒီလမှာ ကုန်ပေါက်တွေ အရမ်း များတတ်တယ်။ ဘယ်လောက် ရရ ပြန်ကုန်ဖို့ချည်း ဖြစ်နေတတ်တယ်။ အသုံးအစွဲတွေ စိစစ်ရလိမ့်မယ်။ အလုပ်ကိစ္စ အဆက်အသွယ်ကောင်းတွေ ရမယ်။ စောင့်မျှော်နေတာတွေ ရုပ်လုံးပေါ်လာမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ပျော်ရွှင်စရာကိစ္စတွေ ပေါ်ပေါက်လာမယ်။ လုပ်ကိုင်ကိုင်ရည်တွေပါ တိုးတက်မှု ရမယ်။ နေရာကောင်း၊ မျက်နှာကောင်း ရတာမျိုး ဖြစ်မယ်။ အခွင့်အလမ်းတွေ ရမယ်။ လူမှုရေးကနေ အကျိုးစီးပွား ဖြစ်ထွန်းတတ်တယ်။ မေတ္တာရေးမှာ ခါတိုင်းထက် ပိုတွေ့ဖြစ်တာမျိုး ဖြစ်မယ်။ ပျော်ရွှင်မှု ရရှိမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – လူမှုဆက်ဆံရေးကိစ္စတွေ များလာမယ်။ ပွဲလမ်းတက်ရတာနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာတွေ ပိုများလာနိုင်တယ်။ မေတ္တာရေးမှာလည်း မကြာခဏ နီးစပ်မှုတွေ ဖြစ်မယ်။ အလုပ်စီးပွားကိစ္စမှာ အကြိတ်အနယ်လေးတွေ ဆက်ရှိနေမယ်။ ကိုယ့်ဖာသာနေချင်စိတ်တွေ များနေလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – မေတ္တာရေးကံတွေ ထူးခြားပွင့်လန်းလာမယ်။ ဒီလဆန်း ရက်တွေထက် လနှောင်းပိုင်းမှာ ပိုသိသာမယ်။ ပျိုရွယ်သူတွေ စန်းပွင့်တာနဲ့ လက်ထပ်ရေးကိစ္စ အဆင်ပြေတာ ဖြစ်မယ်။ စပ်တူရှယ်ယာအလုပ်တွေ ကောင်းတယ်။ ငွေကြေးကံလည်း ပွင့်မယ်။ ပျော်ရွှင်ကြည်နူးစရာ များမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အလုပ်အကိုင်၊ စီးပွားရေးမှာ အလှည့်အပြောင်းလေးတွေ ဖြစ်ပေါ်လာနိုင်တယ်။ ခါတိုင်းထက် အလုပ်များ၊ တာဝန်များမယ့်လ ဖြစ်တယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတတ်တယ်။ မေတ္တာရေးမှာ ခံစားချက်တွေ ပြင်းပြမယ်။ အကောင်းအဆိုးအခြေအနေတွေ ရောထွေးနေမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လူမှုရေးကိစ္စတွေ များလာမယ်။ သွားလာရ၊ ပွဲတက်ရ၊ တွေ့ဆုံရ နဲ့ မအားလပ်နိုင်အောင် ဖြစ်မယ်။ မတွေ့တာ ကြာတဲ့သူတွေနဲ့ ပြန်ဆုံရတတ်တယ်။ လူမှုရေးမှာ ဆူဆူပူပူတွေ ဖြစ်တတ်လို့ စိတ်လျှော့ရမယ်။ အိုးအိမ်၊ အလုပ်အကိုင်ကံတွေတော့ ကောင်းမယ်။ အခွင့်ကောင်းတွေ ပေါ်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – မိသားစုထဲမှာ ပျော်ရွှင်ဝမ်းမြောက်စရာကိစ္စတွေ ဖြစ်လာမယ်။ အိုးအိမ်ခြံမြေ၊ ယာဉ်ကား ၀ယ်ယူရင် အကျိုးအမြတ် ရှိမယ်။ စိတ်ချမ်းသာရမယ့်ကိစ္စတွေ ကြားသိမယ်။ အလုပ်နဲ့ ငွေကြေးကံပါ ဖြောင့်ဖြူးမယ်။ အတိုက်အခိုက်တွေတော့ ရှိမယ်။ ကျန်းမာရေးလည်း နည်းနည်း ချူချာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အချစ်ရေး၊ အိမ်ထောင်ရေးမှာ ထူးခြားမှုလေးတွေ ရှိလာမယ်။ အကောင်းအဆိုးက ကိုယ့်ပေါ်မှာပဲ မူတည်မယ်။ ခရီးကိစ္စတွေ ပေါ်မယ်။ သွားလာရင်လည်း ကောင်းတဲ့ခရီးစဉ် ဖြစ်မယ်။ အဆက်အသွယ်ကောင်းတွေ ရရှိမယ်။ သတင်းထူး ကြားမယ်။ မိတ်ဆွေတွေနဲ့ အငြင်းပွားရနိုင်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ပျော်ရွှင်စရာတွေ၊ ဇိမ်ကျစရာတွေ ပြည့်နှက်နေမယ့်လ ဖြစ်တယ်။ အရင်လတွေက အဆင်မပြေခဲ့သမျှ စိတ်လျှော့ဖြေချနိုင်မယ်။ ငွေရလမ်းတစ်ခုမက ပေါ်မယ်။ ၀င်ငွေလမ်းသစ် ပေါ်မယ်။ ထီပေါက်၊ ချဲပေါက် ဖြစ်တတ်တယ်။ ကံစမ်းသင့်တယ်။ မေတ္တာရေးမှာတော့ သောက များနေရမယ်။

၂၀၂၃ ၊ ဖေဖော်ဝါရီလမှာ အားလုံး ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)