၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (အောက်တိုဘာ ၊ ၂၀၂၂)
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – မဖြစ်နိုင်တော့ဘူး ထင်ထားတာတွေ ဖြစ်လာမယ်။ ကြိုးစားထားတာတွေ ဖြစ်မြောက်လာမယ်။ ရပ်တန့်နေတဲ့အလုပ်တွေ ပြန်စနိုင်မယ်။ အခွင့်အလမ်းသစ်တွေလည်း ပေါ်ပေါက်လာမယ်။ မေတ္တာရေးကံ ထူးခြားလာမယ်။ စိတ်ကူးအိပ်မက်တွေ လက်တွေ့ ဖြစ်လာနိုင်လို့ အကောင်းဆုံး ကြိုးစားပေးပါ။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အလုပ်မှာ အပြိုင်အဆိုင်တွေရော အခက်အခဲတွေပါ ရင်ဆိုင်ရလိမ့်မယ်။ ငွေ ဘယ်လောက်ဝင်ဝင် ပြန်ထွက်ဖို့ချည်း ဖြစ်နေတတ်တယ်။ မိသားစုထဲမှာ စိတ်ညစ်စရာတွေ ပေါ်လာမယ်။ ပြန် ဖြေရှင်းလို့တော့ ရမယ်။ အသုံးအစွဲတွေ များမယ့်လ ဖြစ်တယ်။ အကြောင်းပေါင်းစုံနဲ့ ငွေကုန်လွယ်နေမယ်။
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အင်တိုက်အားတိုက် လုပ်ထားတဲ့အလုပ်တွေ အဆုံးသတ်ကျမှ လွဲချော် ဆုံးရှုံးတတ်တယ်။ စိတ်ရောလူပါ ပင်ပန်းမှု များသလောက် အကျိုးခံစားခွင့်တွေက စောင့်ဆိုင်းနေရတတ်တယ်။ အပျော်အပါးကိစ္စတွေတော့ များလာမယ်။ လူငယ်တွေအဖို့ နှလုံးသားရေးမှာ ထူးခြားမှုတွေ ကြုံလာရလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ပျော်ရွှင်စရာတွေ မြင်တွေ့ပြီးမှ စိတ်ပျက်အားလျော့စရာတွေ ပြန်ပြီး ရင်ဆိုင်ရတတ်တယ်။ လုပ်ကိုင်နေတာတွေ နောက်ပြန်လှည့် အကျိုးယုတ်သလို ခံစားရမယ်။ မိသားစုကိစ္စတွေ ပြဿနာ ပေါ်လာမယ်။ စိတ်လက် မချမ်းမသာ ဖြစ်မယ်။ အကုန်အကျ အရမ်း များတတ်လို့ ထိန်းသုံးသင့်တယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ကိုယ်က ရယူတာထက် ကိုယ်က ပေးဆပ်ရတဲ့အခြေအနေတွေကို ဒီလထဲမှာ ကြုံလာရမယ်။ စိတ်ရောလူပါ အေးရာအေးကြောင်း ဖြစ်မယ်။ အဆင်မပြေတဲ့ကိစ္စတွေ ပြန်ပြီးတော့ ပြေလည်သွားမယ်။ ငွေကြေးအတွက်တော့ စိတ်ပူရဦးမယ်။ ဖြစ်နေတဲ့ငွေကြေးပြဿနာတွေ ပြန်ပြေလည်မယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှု ရရှိမယ်။ လိုအင်ဆန္ဒတွေ ထပ်တူကျမယ်။ ကံကောင်းတတ်တယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာလည်း အေးချမ်းမှု ရပြီး ပျော်ရွှင်ရမယ်။ လုပ်ငန်းဆောင်တာတွေ လွယ်ကူချောမွေ့မယ်။ ရှုပ်ထွေးနေတာတွေပါ ပြန်ရှင်းလင်းသွားမယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – တစ်လအတွင်း ဘာမှ သိပ်မထူးခြားပေမဲ့ လကုန်ပိုင်းမှာ ထူးခြားမှုတွေ ကြုံလာရမယ်။ အဆက်အသွယ်သစ်တွေ ရမယ်။ အလုပ်အကိုင်ကံတွေ ကောင်းလာတတ်တယ်။ အခွင့်ကောင်းတွေ လက်ထဲ ရောက်လာနိုင်တယ်။ လအတော်ကြာ စဉ်းစားရခက်နေတာတွေ အဖြေရှာနိုင်မယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လုပ်ငန်းလည်ပတ်မှု ပုံမှန် ပြန်ဖြစ်မယ်။ အဆင်မပြေ ဖြစ်ခဲ့တာက ပြန်ကောင်းသွားမယ်။ အချိတ်အဆက်မိမိနဲ့ ပြန်လည်ပတ်နိုင်မယ်။ သတင်းကောင်းတွေ ကြားမယ်။ ကူညီမယ့်၊ ဝိုင်းဝန်းမယ့်သူတွေ ရလာမယ်။ ငွေကြေးအကျိုးအမြတ် တိုးပွားမယ်။ အတိုက်အခိုက်တွေတော့ ရှိနေလိမ့်မယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အရင်လတွေက စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခဲ့တာတွေ ဒီလမှာ အကုန် အေးချမ်းစပြုလာမယ်။ စိတ်လက်မကြည်မသာနဲ့ ဖြတ်သန်းခဲ့သမျှတွေ အကုန်လုံး ပြန်အေးချမ်းမှုရမယ်။ လုပ်ကိုင်ထားတာတွေလည်း အကျိုးပေးလာမယ်။ ကံမကောင်းခဲ့တာတွေလည်း အဆုံးသတ်တော့မှာ ဖြစ်တယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ငွေရေးကြေးရေးပိုင်းတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ မပြေလည်၊ ခက်ခဲခဲ့သမျှ အကုန်လုံး ဒီလမှာ အဆင်ပြေအောင်မြင်တော့မှာ ဖြစ်တယ်။ အိုးအိမ်နေရာကိစ္စကတော့ ဒီလထိ ဆက် ခက်ခဲနိုင်တယ်။ အလုပ်မှာ စိတ်အနှောင့်အယှက်တော့ ဆက်ရှိမယ်။ ငွေကြေးကံဇာတာ ပြန်ပွင့်လာမယ်။ – ဧက (ဗေဒင်သုတ) ရေးသားသည်။ ပြန်ကူးဖော်ပြခွင့် မပြုပါ။