၁၂ ရာသီဖွားများအတွက် ချစ်မှုရေးရာအထူးဟောကိန်း (၂၀၁၉၊ ဖေဖော်ဝါရီ)

(၁) မိဿရာသီဖွားများ (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

မေတ္တာရေး ကံကောင်းသောလ ဖြစ်သည်။ ချစ်သူ မရှိသူများ စန်းပွင့်ခြင်း ကြင်ဖော်တွေ့တတ်ခြင်း ရှိမည်။ အနေဝေးသော သူများအဖို့ ကြင်နာယုယမှုနှင့်အတိ ပြီးသော သတင်းစကား အဆက်သွယ်များ ပြန်လည် ရရှိမည်။ ချစ်ရသူ၏ ကျန်းမာရေး အားနည်း ချူခြာတတ်သော ကာလ ဖြစ်သည်။ မေတ္တာရေး နှလုံးသားရေးရာနှင့် ပက်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရမည်။

ယတြာ – တနင်္ဂနွေတစ်ရက်တွင် ဘုန်းတော်ကြီးတစ်ပါးကို ၀တ္ထုငွေ တတ်အားသရွေ့လှူဒါန်းပါ။

(၂) ပြိဿရာသီဖွားများ (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

သာယာပျော်ရွှင်ဖွယ် ချစ်ခရီးလမ်းကို လျှောက်လမ်းရမည်။ ချစ်သူထံမှ လက်ဆောင်ပစ္စည်းများ လက်ခံရရှိမည်။ မေတ္တာရေးနှင့် ပက်သက်သော သတင်းစကားကောင်းများ ကြားရမည်။ မင်္ဂလာပွဲ ပါတီပွဲ အလှူ ပွဲလမ်းသဘင် စသည်များသို့ အတူ တက်ရောက်ခွင့် ရမည်။ ချစ်သူ၏ သားချင်းဆွေမျိုးထဲတွင် မင်္ဂလာအခမ်းအနား ပေါ်ပေါက်ပါက မေတ္တာရေးတွင် ပိုမို အဆင်ပြေချောမွေ့ခြင်းရှိမည့် နိမိတ်ဖြစ်သည်။

ယတြာ – ပန်းကန်ပြားတစ်ချက်ပေါ်တွင် စံပယ်ပန်းများတင်ပြီး ပန်းမွေ့ယာခင်းဘုရားလှူပါ။

(၃) မေထုန်ရာသီဖွားများ (မေ ၂၁ မှ ဇွန် ၂၀ အထိ)

ဆုံးဖြတ်ရခက်သော ကိစ္စများပေါ်ပေါက်တတ်သောကာလဖြစ်သည်။ ချစ်သူရှိသူများအဖို့ တတိယလူ ကြားဝင်ခြင်း၊ အထင်လွဲ သံသယဖြစ်စရာများ ကြုံရတတ်ခြင်း ရှိတတ်သည်။ ချစ်သူမရှိသူများအဖို့ ရွေးချယ်ရ ခက်သော နှစ်ဦးနှစ်ဖက်မေတ္တာကမ်းလှမ်းမှုမျိုး ရှိလာတတ်သည်။ ရုတ်တရက် အိမ်ထောင်ရေးရာ ဆုံးဖြတ်ချက်များထိ ချမှတ်ရတတ်သည်။ အားပေးကူညီမှု ဖေးမမှု ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းဖြင့် အဆင်ပြေ ချမ်းမြေ့သော မေတ္တာရေးကို ဖန်တီးနိုင်မည့်ကာလဖြစ်သည်။

ယတြာ – အနီရောင်ဖယောင်းတိုင်ကို မြစ်ကမ်းနား ချောင်းနားနီးသော နေရာတွင် ထွန်းညှိရင်း ဆုတောင်းပါ။

(၄) ကရကဋ်ရာသီဖွားများ (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

ရုတ်တရက် အညံ့ဆိုးများ ၀င်ရောက်တတ်သော ကာလဖြစ်သည်။ စိတ်ရှုပ်စရာများ အချစ်ရေးတွင် ပေါ်ပေါက်လာတတ်သည်။ ချစ်သူသည် ရပ်ဝေးမြေခြားသို့ လည်းကောင်း နိုင်ငံရပ်ခြားသို့လည်းကောင်း ခရီးထွက်ရပါက အညံ့ သက်သာမည်။ ချစ်ရေးဆိုခြင်း၊ ချစ်ခွင့်ပန်ခြင်း ၊ ချစ်တုန့်ပြန်ခြင်းများ မလုပ်သင့်သော ကာလဖြစ်သည်။

ယတြာ – ရေသန့်ဘူး တစ်ဘူးတွင် မိမိအမည်ရေးပြီး ရေမျှောပါ။

(၅) သိဟ်ရာသီဖွားများ (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အထင်မြင် လွဲမှားမှုများ၊ အဆင်မပြေမှုများ ရှိတတ်သော ကာလဖြစ်သည်။ မေတ္တာရေး ကံညံ့နေချိန်ဖြစ်သည်။ မထင်မှတ်ထားသော ကိစ္စများ ၊ ချစ်သူ၏ လျှို့ဝှက်ထားသော အကြောင်းအရာများသည် ပျော်ရွှင်ရသော အချိန်ကာလကို ပျက်သုဉ်းစေတတ်ပါသည်။ သည်းခံနားလည် လက်ခံနိုင်မှသာ တန်ကာကျမည်။

ယတြာ – အ၀ါရောင် ပူပေါင်းတစ်လုံးကို ကလေးငယ်တစ်ဦးအား လက်ဆောင်ပေးပါ။

(၆) ကန်ရာသီဖွားများ (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

သူစိမ်းဆန်ခြင်း၊ အေးတိအေးစက်နိုင်ခြင်းများ တွေ့ကြုံရတတ်သည်။ ယခုကာလအတွင်းသည် အနေဝေးသော သူများအဖို့ ပိုမိုသွေးအေးတတ်သည်။ ချစ်သူ၏ ခေါင်းမာခြင်း ထင်ရာစိုင်းကြောင့် စိတ်မောရတတ်သည်။ မလိုလားအပ်သော နေရာများတွင် တလွဲဆံပင်ကောင်း လုပ်ဆောင်နေမှုကြောင့် အချစ်ရေးတွင် စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။

ယတြာ – ပန်းနုရောင်လက်ကိုင်ပ၀ါအတွင်း မိမိဓာတ်ပုံကို ထုပ်ပိုးပီး ပိုက်ဆံအိတ်အတွင်းဆောင်ပါ။

(၇) တူရာသီဖွားများ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

မေတ္တာရေး ကံကောင်းသောလဖြစ်သည်။ စိတ်ချမ်ြးေ့မစရာများ ကြုံရမည့်ကာလ ဖြစ်သည်။ ကြင်နာမှု ဂရုစိုက်မှုများနှင့် ချစ်မေတ္တာကို ဖော်ကြူးနိုင်မည်။ ချစ်သူမရှိသူများ ချစ်သူသစ်ရခြင်း ရှိမည်။ မိဘ အသိုင်းအ၀ိုင်းနှင့်ဘေးစကား အနှောင့်အယှက်များ ကင်းစင်မည်။ မေတ္တာရေးနှင့်ဆိုင်သော ပြဿနာ အခက်အခဲ မှန်သမျှ အဆင်ပြေခြင်းသို့ ဦးတည်မည်။

ယတြာ – တနင်္ဂနွေနေ့တွင် သစ်ပင်ကြီးတစ်ပင်အောက်သို့သွား၍ သစ်ပင်စောင့်ကို မေတ္တာပို့ပြီး အပင်ခြေရင်းကို ရေလောင်းပါ။

(၈) ဗြိစ္ဆာရာသီဖွားများ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အညံ့ဆိုး ရုတ်တရက် ၀င်ရောက်တတ်သည်။ ကာလအတန်ကြာ တည်ဆောက်ထားသော ရည်မှန်းချက်များ ပြိုလဲတတ်သည်။ နှစ်ဦးကြား မဖြစ်နိုင်သော အခြေအနေကြောင့် ရုတ်တရက် ခွဲခွာရတတ်သည်။ အတူတကွ ခရီးသွားခြင်း ရှောင်ပါ။ ချစ်သူမရှိသူများ ယခုလအတွင်း ဖြစ်ပေါ်လာသော မေတ္တာရေးသည် ယာယီသာ ဖြစ်သည်။

ယတြာ – ငွေ ၂၀၀ ကို သီလရှင်တစ်ပါးအား လှူဒါန်းပါ။

(၉) ဓနုရာသီဖွားများ (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အိပ်မက်ဆိုးများ ပြန်လည်မြင်မက်တတ်သော ကာလဖြစ်သည်။ မေတ္တာရေး အချစ်ရေးတွင် ဘေးစကား သွေးသားအနှောင့်အယှက်များ အလွယ်တကူ ၀င်ရောက်လာတတ်သည်။ သော့ချိတ် အဟောင်းများ ရှာဖွေစွန့်ပစ်ပါ။ အစီအစဉ် ချမှတ်ထားသော ချစ်ခရီးလမ်းကို ပျက်ယွင်းအောင် နှောင့်ယှက်ခြင်း ခံရတတ်သည်။ နောက်ကွယ်မှ အလစ်ချောင်းမြောင်း နှောင့်ယှက်ခြင်းမျိုးကို ပိုမို သတိပြုရမည်။ ချစ်သူနှင့် မိမိကြား အထင်မြင်လွဲမှားအောင် ဖန်တီးမှုများ ရှိတတ်သည်။

ယတြာ – မွေးနေ့တွင် အဖြူရောင် လက်ကိုင်ပ၀ါတစ်ထည်ပေါ်တွင် ၅ ဂဏန်းရေးပြီး ဆောင်ပါ။

(၁၀) မကာရ ရာသီဖွားများ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

မေတ္တာရေး ကံအထူးကောင်းသောလ ဖြစ်သည်။ အိမ်ထောင်မင်္ဂလာပြုရသည်အထိ ကံကောင်းခြင်းရှိမည်။ စိတ်ကူးယဉ်ဆန်ဆန် အိပ်မက်များ အမှန်တကယ် ဖြစ်လာမည်။ ချစ်သူ မရှိသူများလည်း ဖူးစာဖက်ကို ဆုံတွေ့ရတတ်မည်။ အချစ်ရေးနှင့် ပက်သက်သော သတင်းစကားကောင်းများ ကြားရမည်။ လက်စွပ် ၊ ငွေထည်ပစ္စည်း၊ အဖြူရောင်ပါသော လက်ဆောင်ပစ္စည်းများ လက်ခံရရှိမည်။

ယတြာ – ဇွန်းခရင်း တစ်စုံကို အသိမိတ်ဆွေတစ်ဦးအား လက်ဆောင်ပေးပါ။

(၁၁) ကုမ်ရာသီဖွားများ (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

မေတ္တာရေး အချစ်ရေး အထူးကောင်းသော ကာလဖြစ်သည်။ ချစ်ခြင်းမေတ္တာ၏ နူးညံ့သိမ်မွေ့မှု သိရှိနားလည်မည်။ နှစ်ဦးကြား ခိုင်မာသော သံယောဇဉ်ကြိုးကို ချည်နှောင်နိုင်မည်။ အခက်အခဲ မည်မျှရှိစေကာမူ ကျော်လွှားနိုင်မည်။ ချစ်သူမရှိသူများ ချစ်သူရမည်။ စန်းပွင့်ခြင်း လူချစ်လူခင်များခြင်း မေတ္တာရေး ကံကောင်းခြင်းများ ရှိမည်။

ယတြာ – မျက်မှန်တပ်ထားသော သူတစ်ဦးအား ထိုးမုန့်လက်ဆောင်ပေးပါ။

(၁၂)မိန်ရာသီဖွားများ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

ကာလအတန်ကြာ ညှိနိုင်းရခက်သော ကိစ္စများ ပြန်လည် အဆင်ပြေမည်။ မိမိနှင့်ချစ်သူကြား တစ်ဖက်သတ် ဆန်နေမှုများကို ညှိနှိုင်းမှုဖြင့် အဆင်ပြေသွားမည်။ ခရီးအတူထွက်ရခြင်း ကောင်းသောတွေ့ဆုံမှုများရှိခြင်းများ ကြုံရမည်။ လက်ထပ်မင်္ဂလာပြုလုပ်ရန် ကြန့်ကြာနေမှုများ အဆင်ချောမည်။ ပွင့်လင်းမှုရှိခြင်းဖြင့် ပိုမို အဆင်ပြေသော ချစ်ခရီးလမ်းကို လျှောက်လမ်းရမည်။

ယတြာ – ချောကလက် အရှည်နှစ်ခုကို ကလေးငယ်တစ်ယောက်အား လက်ဆောင်ပေးပါ။

ချမ်းမြေ့ပျော်ရွှင်သော ချစ်ခရီးကို တူနှစ်ကိုယ်လျှောက်လှမ်းနိုင်ကြပါစေ…

ဆရာလင်းဝေအောင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)