၁၂ ရာသီဖွားများအတွက် ၂၀၁၈၊ ဒီဇင်ဘာလ ဟောစာတမ်း

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာပဲ အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်ပျက်လာနိုင်ပါတယ်။ ကောင်းတဲ့ဘက် ဦးတည်နေတယ် ဆိုပေမယ့် ကိုယ့်ဘက်က ပြင်ဆင်မှုတွေလည်း လိုအပ်ပါတယ်။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှကို အားကုန် ထုတ်သုံးလိုက်ပါ။ ကံကြမ္မာကောင်းတွေ ရရှိပါလိမ့်မယ်။ နှလုံးသားရေးမှာတော့ ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။ ပြန်တည်ဆောက်လို့ ရရင် တည်ဆောက်ပါ။ မရရင်တော့ လွှတ်သာပေးလိုက်ပါတော့ဗျာ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ သိသာထင်ရှားပြီး မလွှဲသာမရှောင်သာတဲ့ အပြောင်းအလဲတွေ ဖြစ်တတ်ပါတယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်လုပ်ကိုင်နိုင်ရင် လက်ရှိထက် ပိုကောင်းတဲ့ အနေအထားကို ရောက်ရှိပါလိမ့်မယ်။ ကြိုးစားထားသူတွေအတွက် ဆုလာဘ်တွေ စောင့်ကြိုနေပါတယ်။ ချစ်ရေးချစ်ရာမှာ ဒဏ်ရာဟောင်းတွေကို ပြန်ကုစားဖို့ အချိန်ကောင်းလို့ ဆိုချင်ပါတယ်။ အေးဆေးနားလိုက်ပါ။(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်၊ စီးပွား အကုန် အကောင်းဘက် ရှိလာပါလိမ့်မယ်။ တစ်ကိုယ်တော် လုပ်တဲ့ လုပ်ငန်းတွေသာမက အများနဲ့ ပူးတွဲ လုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းတွေမှာပါ အောင်မြင်တတ်ပါတယ်။ စိတ်ရောလူပါ သိပ်မပင်ပန်းဘဲ သက်တောင့်သက်သာနဲ့ အလုပ်တွေ ပြီးမြောက် အဆင်ပြေပါလိမ့်မယ်။ လုပ်ချင် ဖြစ်ချင်တာတွေ အားလုံးးကို ကြိုးစားကြည့်လိုက်ပါ။ အချစ်ရေးမှာတော့ တစ်ယောက်မကောင်း၊ တစ်ယောက် ရဲရဲ ပြောင်းလို့ ချွန်ပါရစေ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်ဟောင်းတွေ ရပ်လို့ အလုပ်သစ်တွေ စတင်ရမယ့် လပါ။ ဘာလုပ်ရမှန်း မသိရင် ဒီလထဲမှာ လမ်းကြောင်း ရှင်းလင်း ပြတ်သားသွားပါလိမ့်မယ်။ ခြေလှမ်းသစ်တွေ စဖို့ကိုလည်း မကြောက်ပါနဲ့။ သတ္တိရှိရှိ လှမ်းလိုက်ပါ။ အိုင်ဒီယာသစ်တွေ၊ အမြင်သစ်တွေလည်း အကောင်အထည် ဖော်နိုင်မယ်။ အကူအညီကောင်းတွေ ရရှိပါမယ်။ ချစ်ရေးချစ်ရာမှာ မရေမရာတွေ ပစ်ချပြီး ခြေစုံပစ် ချစ်ရမယ့် အချိန်ပါပဲ။ ဒါမှမဟုတ်ရင် လုံးဝ သွားမစလိုက်ပါနဲ့။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

အရင်က ကြိုးစားထားတာတွေ ဒီလထဲမှာ အကျိုးရလဒ် ခံစားရတော့မယ်။ ဘဝမှာ လိုချင်နေတဲ့ တည်ငြိမ်မှုနဲ့ လုံခြုံအေးချမ်းမှုကိုလည်း ရရှိပါလာလိမ့်မယ်။ တစ်ယောက်တည်း နေထိုင် လုပ်ကိုင်တာထက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ အပေါင်းအဖော်တွေနဲ့ နေပါ၊ တွဲလုပ်ပါ။ အကြံဥာဏ် ယူပါ။ ပိုကောင်းပါလိမ့်မယ်။ အချစ်ရေးမေတ္တာရေးမှာတော့ ပြဿနာ နည်းနည်း ရှိနိုင်ပါတယ်။ ကိုယ့်ဘက်က ပြန်စဉ်းစား တွေးပေးကြည့်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အလုပ်အကိုင် ဘဝအခြေအနေမှာ ကသောင်းကနင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အခြေအနေအားလုံး ပြန်သုံးသပ်ရင် ကိုယ်တိုင်က ဟိုဟာ မဖြစ်နိုင်၊ ဒီဟာ မရနိုင်ဘူးလို့ ထင်မြင်ပြီး ကန့်သတ်မိတာတွေကြောင့်ပါပဲ။ လုပ်ချင်တာ လုပ်ချလိုက်ပါ။ ဖြစ်ချင်တာ အကောင်အထည် ဖော်ပါ။ သွားစရာ ရှိတဲ့ ခရီးတွေ သွားပစ်လိုက်ပါ။ အဆင်မပြေဘူး ထင်ထားပေမယ့် အားလုံး အိုကေသွားပါလိမ့်မယ်။ အချစ်ရေးမှာလည်း ကံကောင်းလာမှာပါ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

အလုပ်လား၊ စီးပွားရေးလား အားလုံး ဒီလထဲမှာ အကောင်းဘက် ရှိနေပါလိမ့်မယ်။ အလုပ်ထဲမှာ ပျော်စရာတွေ များလာနိုင်သလို လုပ်ကိုင်သမျှကလည်း အပေါက်အလမ်းတည့်ပြီး အောင်မြင်တတ်ပါတယ်။ အခွင့်အရေးတွေ ရလာပြီး လုပ်ဖော်ကိုင်ဖက်၊ ရှယ်ယာရှင်တွေရဲ့ အကူအညီလည်း ရရှိလာပါမယ်။ ကံကောင်းချိန်မှာ လုပ်ချင်တာ ဖြစ်ချင်တာတွေ အကုန် စမ်းသပ်ကြည့်ပါ။ နှလုံးသားရေးမှာလည်း ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့် ရလာတတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) ကိုယ်လုပ်သမျှ အားလုံးရဲ့ အကျိုးအမြတ်ကို ပြန် ခံစားခွင့် ရမယ့် လ ဖြစ်ပါတယ်။ အရင်က ကြိုးစားထားခဲ့ရင် ဒီလမှာ အောင်ပွဲခံရမှာ ဖြစ်ပြီး ကြိုးစားမှု နည်းခဲ့ရင်တော့ လုပ်သလောက်ပဲ ပြန်ရမှာပါ။ ဒီလထဲမှာ လုပ်ချင်တာ စီစဉ်ချင်တာတွေကို စိတ်ကူးပေါက်သလို ထလုပ်တာက ပိုအောင်မြင်တတ်ပါတယ်။ ကိုယ့်စိတ်ထဲ ပေါ်လာသလို လုပ်ကြည့်တာက အစီစဉ်တကျထက် ပိုကောင်းနေပါလိမ့်မယ်။ အချစ်ရေးမှာလည်း ကံကောင်းဖို့ များပါတယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

လုပ်ငန်းပိုင်းမှာ အတိုက်အခံ ပြောဆိုစရာ၊ အချင်းချင်း အငြင်းပွားစရာတွေ အဖြစ်များတတ်ပါတယ်။ အလုပ်က မိတ်ဆွေက အပြင်က သူငယ်ချင်း မဟုတ်ဘူးဆိုတာ သဘောပေါက်ရင် ကြိုတင် ပြင်ဆင်ချိန် ရမှာပါ။ အလုပ်နဲ့ စိန်ခေါ်မှုက တစ်သားတည်း ကျလာနိုင်လို့ သတိနဲ့ လုပ်ကိုင်ဖို့ လိုပါလိမ့်မယ်။ အသေးအဖွဲကနေ အကြီးကြီးထိ ဂရုတစိုက် လုပ်ပါ။ အမှားမခံတဲ့ ကာလ ဖြစ်ပါတယ်။ နှလုံးသားရေးမှာ အမြင်မတူတာတွေ ဖြစ်တတ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

(ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) လုပ်ချင်ကိုင်ချင်စိတ်တွေ ပြင်းထန်လာပြီး ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ ခံယူချက်လည်း ဖြစ်လာတတ်ပါတယ်။ စွန့်စားချင်စိတ်နဲ့အတူ အောင်မြင်မှုတွေလည်း ရသင့်သလောက် ရလာဦးမှာမို့ စွန့်ရကျိုးနပ်တယ်လို့ ဆိုရမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့အတူ တစ်မျိုးထက်မကတဲ့ လမ်းကြောင်းသစ်တွေ ရှာဖွေ တွေ့ရှိလာပါမယ်။ ရပ်ပြီး နားရမယ့် အချိန်မဟုတ်ဘဲ အပီအပြင် ဖြဲရပါလိမ့်မယ်။ အချစ်ရေးမှာ နားလည်မှု ပိုရဖို့ ကြိုးစားရပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

ဒီလထဲမှာ ကြိုးစားသလောက် အရာမထင်တဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ အဲဒီလို ဖြစ်လာရင်တော့ လုပ်နေတာတွေ ခဏရပ်ပြီး ပြန်စဉ်းစားလိုက်ပါ။ အဲလို မလုပ်ဘဲ အတင်း ဆက်တိုးနေရင် အခြေအနေတွေက ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။ အလုပ်တွေ စီးပွားပိုင်းတွေက နှေးနှေးလေးလေးပဲ ဆက်သွားနိုင်ပါတယ်။ အတင်း အမြန် လိုနေရင် စိတ်တိုင်းမကျ ဖြစ်လာနိုင်ပါတယ်။ နှလုံးသားရေးမှာ အချိန်ပေးနိုင်လေ ကောင်းလေပါပဲဗျာ။ (ဗေဒင်သုတ – BaydinThyuta မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

အလုပ်အကိုင် စီးပွားရေးမှာ အရင်က အတွေ့အကြုံတွေ၊ လူဟောင်းတွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် အများကြီး တိုးတက် အောင်မြင်လာနိုင်ပါတယ်။ သတိထားရမှာက မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တင်းမာမှုတွေ သိပ် မဖြစ်အောင် ရှောင်ဖို့ပါပဲ။ တတ်နိုင်သမျှ ပဋိပက္ခ မဖြစ်ဖို့ သတိထားပါ။ နားလည်မှုနဲ့ ညှိနှိုင်းယူပါ။ အချစ်ရေး၊ နှလုံးသားရေးမှာလည်း များသောအားဖြင့် စိတ်ချမ်းသာရမယ့် ကာလ ဖြစ်ပါတယ်။ အေးဆေး ညှိယူကြပါလေ။

ဗေဒင်သုတပရိသတ်များ အဆင်ပြေစေရန် ရည်ရွယ်လျက်…

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)