၁၂ ရာသီဖွားဟောစာတမ်း (၂၉.၇.၂၀၁၉ မှ ၄.၈.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

ဒီအပတ်မှာ လူရောစိတ်ပါ မလှုပ်နိုင်အောင် အလုပ်တွေ သိပ်များနေပါလိမ့်မယ်။ သူများကိစ္စတွေက ကိုယ့်ဆီ လာပတ်လို့ ဝိုင်းကူဖြေရှင်းရမယ်။ ငွေကြေးကိစ္စမှာ မျှော်လင့်ထားတာတွေ အဆင်ပြေလာပြီး လုပ်လို့ ကိုင်လို့ ဖြစ်နေပါမယ်။ အချစ်ရေးမှာ ခွဲခွာရကိန်းတွေ ရှိနေလို့ နားလည်မှုတွေ သိပ်လိုပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

အပြိုင်အဆိုင်နဲ့မှ တိုးတက်မယ့် သီတင်းပတ် ဖြစ်ပါတယ်။ ကိုယ့်ဖာသာ အေးရာအေးကြောင်းလေးပဲ ထိုင်နေရင် အခက်တွေ့သွားနိုင်ပါတယ်။ ငွေကြေးကတော့ ဝင်လိုက်ထွက်လိုက်နဲ့ မမြဲဘဲ ဖြစ်နေမယ်။ အချစ်ရေး နှလုံးသားရေးမှာ တည်မြဲဖို့ ကြိုးစားရပါလိမ့်မယ်။ ပျော်လိုက်၊ ဝမ်းနည်းလိုက် ဖြစ်ရပါမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

အလုပ်မှာ အရေးပါသူတွေနဲ့ ဆုံရပါမယ်။ အရင်က မကောင်းတာတွေလည်း ခုချိန်မှာ ပြန်ပြီးတော့ ကောင်းလာပါမယ်။ လုပ်ချင်တာ စိတ်ကူးထားတာတွေလည်း ဖြစ်လာပါမယ်။ ငွေကြေးကိစ္စတွေမှာ ထင်သလို မဖြစ်တာ၊ နောက်ကျတာတွေ ရှိတတ်ပါတယ်။ အချစ်ရေးက ကံကောင်းနေတုန်းပါပဲ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

စိတ်ထဲ မကြည်မသာ အဖြစ်များပြီး လုပ်နေတာလည်း တလွဲတချော်တွေ ဖြစ်တတ်ပါတယ်။ အလုပ်က အကြီးအကဲတွေ၊ အစိုးရဘက်က လူတွေနဲ့ အဆင်မပြေဘဲ ဖြစ်နေပါမယ်။ ငွေကြေးကံ မဆိုးသေးလို့ ရစရာလေးတွေ ဝင်လာဖို့ ရှိနေပါတယ်။ အချစ်ရေးမှာ နားလည်မှု လွဲတတ်ပေမယ့် ပြန်ပြေလည်ပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

နေရာမှန်ကို ပြန်ရတာ၊ အခွင့်အရေးတွေ ရလာတာ၊ အကြီးအကဲတွေက ကူညီမစတာတွေ ကြုံရမယ်။လုပ်ချင်တာ ဖြစ်ချင်တာတွေ စနစ်တကျ အကောင်အထည် ဖော်နိုင်ပါမယ်။ ငွေကြေး အဆင်မပြေမှု ရှိတတ်လို့ ကြိုပြင်ထားရပါမယ်။ အချစ်ရေးမှာတော့ ပျော်ရွှင်ကြည်နူးစရာလေးတွေ ဖြစ်နေပါလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အများနဲ့ တစ်ယောက်၊ တစ်ရွာလုံးနဲ့ တစ်ကိုယ်တော်ဆိုသလို လူမှုရေးပြဿနာလေးတွေ အဖြစ်များပြီး လုပ်ငန်းမှာပါ ထိခိုက်တတ်ပါတယ်။ အစုစပ်ရှယ်ယာတွေ ရှောင်ထားပါ။ ဝင်ငွေ ကောင်းသလောက် ကုန်စရာတွေလည်း များလို့ ဂရုစိုက်ရပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကောင်းတစ်ခါ၊ ညံ့တစ်လှည့်ပါပဲ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ကြွေးမြီကိစ္စတွေ ရတက်မအေး ဖြစ်တတ်ပါတယ်။ ငွေကြေးမှာလည်း အမှားအယွင်းနဲ့  လိုအပ်ချက်တွေ ဖြစ်လို့ စိတ်ညစ်ရတတ်ပါတယ်။ အလုပ်အကိုင်ကတော့ မဆိုးပါဘူး။ အညံ့ထဲကနေ ရုန်းထွက်နိုင်မှာပါ။ အချစ်ရေး နှလုံးသားရေးမှာ နားလည်မှုတွေ လွဲမှားပြီး ပြဿနာတွေ ဖြစ်လွယ်နေပါမယ်။ သတိပြုပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

အလုပ်တွေကို အားပါးတရနဲ့ ရှေ့ဆက်တိုး လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အကြီးအကဲနဲ့ ဆရာသမားတွေရဲ့ ကူညီဖေးမမှုကိုလည်း ရရှိပါမယ်။ လုပ်ချင်တာ ရဲရဲသာလုပ်ပါ။ အောင်မြင်ပါလိမ့်မယ်။ ငွေကြေးကိစ္စက ရသင့်သလောက် မရတာမျိုး ဖြစ်တတ်ပါတယ်။ နှလုံးသားရေးမှာတော့ စိတ်ချမ်းသာစရာ ရှိနေပါမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

တစ်ယောက်တည်း တစ်ကိုယ်တော် ကြံစည်လုပ်ကိုင်တာထက် အကြီးအကဲတွေ နားလည်သူတွေနဲ့ တိုင်ပင် လုပ်ကိုင်ရင် အောင်မြင်ဖို့ များပါတယ်။ လုပ်ချင်တာတွေ လွဲနေတတ်လို့ ဂရုစိုက်ရလိမ့်မယ်။ ငွေကြေးပိုင်းမှာ နည်းနည်းနဲ့ မှန်မှန် ရပါမယ်။ အချစ်ရေးမှာတော့ အဆင်မပြေတာက ပိုများနေမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

လူမှုပြဿနာကနေ စီးပွားဘက်အထိ ဂယက်ရိုက်တတ်လို့ ဘာပြဿနာပဲ ဖြစ်ဖြစ် နားလည်မှုတွေ ယူနိုင်ရင် အကောင်းဆုံးပါ။ ကျန်းမာရေး အားနည်းတတ်ပြီး မတော်တဆတွေ ဖြစ်လွယ်နေပါမယ်။ ငွေကြေးလည်း အခက်အခဲ ဖြစ်တတ်ပါတယ်။ အချစ်ရေးကတော့ ကောင်းဆိုး ရောနေပါတယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

အလုပ်တွေ ကောင်းနေပေမယ့် အများနဲ့ ဆက်ဆံရာမှာ ပဋိပက္ခ ဖြစ်လွယ်နေပါမယ်။ ပြန်ပြေလည်ဖို့ ရှိပေမယ့် ဖြစ်နိုင်ရင် ဘာပြဿာမှ မဖြစ်တာ အကောင်းဆုံးပါ။ ငွေကြေးကိစ္စမှာ မကျေလည်စရာတွေ ဖြစ်တတ်ပါတယ်။ ငွေကျပ်သွားနိုင်ပါတယ်။ အချစ်ရေးကတော့ အညံ့ဘက် ပိုအားသာနေပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

အနာရောဂါနဲ့ ကျန်းမာရေးမှာ ဂရုစိုက်ရမယ့် ကာလပါ။ ထစ်ခနဲဆို ကိုယ်ကချည်း ဖြစ်နေတတ်ပါတယ်။ လုပ်ချင်တာတွေ လုပ်ကိုင် အောင်မြင်နိုင်ပေမယ့် အခက်အခဲတွေနဲ့ လုံးပန်းပြီးမှ အဆင်ပြေပါလိမ့်မယ်။ ငွေကြေးကိစ္စမှာ အဝင်နဲ့ အထွက် ညီနေပါမယ်။ နှလုံးသားရေးမှာတော့ အဆင်ပြေသာယာနေပါမယ်။

၁၂ ရာသီဖွားအားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒပြည့်ဝပါစေ..

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)