၁၂ ရာသီဖွားဟောစာတမ်း (၈.၇.၂၀၁၉ မှ ၁၄.၇.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ)

အလုပ်ထဲက နေ့စဉ် ဆက်ဆံနေကျ လုပ်ဖော်ကိုင်ဖက်တွေ၊ လုပ်ငန်းဖက် စပ်တူရှယ်ယာသမားတွေနဲ့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ လူမှုရေးပြဿနာကတစ်ဆင့် အလုပ်မှာပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။ အချစ်ရေးမှာလည်း ကတောက်ကဆတွေ သိပ်များပြီး နားလည်မှု လွဲတတ်ပါတယ်။ ငွေကလည်း ရ/ကုန်ပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ခရီးကိစ္စ၊ အဆက်အသွယ်ကိစ္စတွေက လွဲရင် လုပ်ငန်းပိုင်းက အတော်လေး အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် ကံကိုယုံလို့ ဆူးပုံနင်းကြည့်မယ့် အပေါက်မျိုးတော့ မချိုးပါနဲ့ဦး။ ငွေရေးကြေးရေး အေးဆေး ဆိုတဲ့ အခြေအနေ ရှိနေပါတယ်။ အချစ်ရေးမှာ မပြေလည်တာတွေ ပြန်အိုကေပြီး သာသာယာယာ ဖြစ်လာဖို့ ရှိနေပါတယ်လေ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ)

ငွေကြေးကိစ္စမှန်သမျှ အားလုံး သတိကြပ်ကြပ် ထားလုပ်ပါ။ အမှားလေးကနေ အမှားကြီး ဖြစ်ပြီး ဆုံးရှုံးနိုင်တယ်၊ အကုန်အကျလည်း သိပ်များသွားတတ်တယ်။ အလုပ်ကတော့ ကောင်းလိုက် ညံ့လိုက် ဖြစ်နေပါတယ်။ စိတ်ကူး ပေါက်သလို ထလုပ်တာတွေ ရှောင်ပါ။ နှလုံးသားရေးမှာ စကားအရှုပ်အရှင်းကြောင့် စိတ်ညစ်ရတတ်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ)

အလုပ်ကလေးက မဆိုးပေမယ့် လုပ်ငန်းခွင်ထဲမှာတော့ စိတ်ညစ်စရာ သိပ်များနေဦးမှာပါ။ အများနဲ့ တွဲလုပ်လေ စိတ်ပျက်စရာ များလေပါပဲ။ တစ်ကိုယ်တော် လုပ်နိုင်မှ ကောင်းပါမယ်။ လူမှုရေး ပဋိပက္ခတွေ ဆက်ရှိနေပါတယ်၊ ငွေကြေးကတော့ ကြံဖန် ရှာဖွေနိုင်မှာပါ။ အချစ်ရေးရာ သိပ်မထူးပေမယ့် စကားအပြောဆို ဆင်ခြင်ရပါမယ်။

 

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

တတ်တဲ့ ပညာကို ထိရောက်အောင် အသုံးချနိုင်မယ်။ ရောက်တဲ့နေရာမှာလည်း ထွန်းပေါက်အောင် လုပ်ပြပြီး အောင်မြင်ပါလိမ့်မယ်။ တစ်ပတ်လုံး အလုပ်တွေ ကောင်းနေပါမယ်။ ငွေကြေးကလည်း အထုပ်အထည်နဲ့ ဝင်ဖို့ ရှိနေပါတယ်။ ကြိုးစားပါ။ နှလုံးသားရေးမှာလည်း တက်တက်ကြွကြွနဲ့ သွားသွားလာလာ ဖြစ်နေပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

အထိုင်ချလို့ မရတဲ့ အလုပ်တွေ ၊ လှုပ်ရှားသွားလာနေတဲ့ အလုပ်မျိုးတွေ ကောင်းပါတယ်။ အပြောင်းအလဲတွေ လုပ်ရင်း ပိုကောင်းတဲ့ နေရာကို ရောက်မယ်။ ဒါပေမယ့် မျက်ကန်းစွန့်စားမှုမျိုးတော့ ရှောင်ပါ။ ငွေကြေးကိစ္စတွေ ပြောရဆိုရ ဖြစ်လာပါမယ်။ ပင်ပန်းလို့ နွမ်းသွားတတ်ပါတယ်။ အချစ်ရေးမှာ အညံ့ ရှိနေလို့ သတိထားရမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ)

ကိုယ့်ကိစ္စနဲ့ အလုပ်ကိစ္စ ရောထွေးပြီး စိတ်ညစ်စရာတွေနဲ့ တည့်တည့် တိုးမိမယ်။ နေရင်းထိုင်ရင်းက စိတ်ညစ် သောက များရတတ်တယ်။ ဒါပေမယ့် အခက်အခဲတွေ ပြီးဆုံးသွားမှာပါ။ ငွေကြေးရလမ်းတွေ ကောင်းလာလို့ ပျော်ရွှင်ရပါလိမ့်မယ်။ နှလုံးသားရေးမှာလည်း အနှောင့်အယှက်တွေကြားက ကြည်နူးပျော်ရွှင်စရာ ရှိလာမှာပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

စွန့်စားလေ အကျိုးရှိလေပဲမို့ ကိုယ်လုပ်ချင်သလောက် ရည်မှန်းချက် ချပြီးတော့သာ အသားကုန် ကြိုးစားပါ။ သူမတူ ထူးခြားတဲ့ အောင်မြင်မှုတွေက အသင့်စောင့်ကြိုနေပါတယ်။ လုပ်ပါ။ ချပါ။ ငွေရေးကြေးရေးကလည်း အိုကေဖို့ စိုပြေဖို့ အသင့် ဖြစ်နေပါလိမ့်မယ်။ အချစ်ရေးမှာ ဘေးပတ်ဝန်းကျင် ပယောဂကို သတိထားရမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

ဆရာသမား၊ အကြီးအကဲတွေက လိုလိုလားလားနဲ့ ကူညီဝိုင်းမ ပံ့ပိုးကြပါတော့မယ်။ ကိုယ်လုပ်နေတာတွေက လမ်းကြောင်းမှန်ပေါ် ရောက်ပြီး ဖြောင့်ဖြူး အောင်မြင်ဖို့ ရှိနေပါတယ်။ ငွေကြေးကိစ္စမှာ ရစရာပေးစရာတွေက ဝေ့လည်ပြီး ခက်ခဲတတ်ပါတယ်။ အချစ်ရေးမှာ စိတ်ကူးထားတာတွေကို အကောင်အထည် ဖော်ဖြစ်လိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

အများနဲ့တစ်ယောက်ဆိုသလို ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ စစ်ဖြစ်သလို မပြေလည်နိုင်တဲ့ ပြဿနာတွေ ရှိနေတယ်။ ဒါပေမယ့် နားလည်မှု တည်ဆောက်နိုင်ရင် အဆင်ပြေပြီး အေးဆေး ဖြစ်သွားမှာပါ။ ရုန်းကန်ရမှာမယ့်အချိန်မို့လို့ အကောင်းဆုံးသာ ကြိုးစားပါ။ လုပ်သလောက် ပြန်ရမှာပါ။ အချစ်ရေးကတော့ ညစ်စရာတွေပဲ ဖြစ်နေဦးမှာပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)

တစ်ယောက်တည်း ကြံစည်လုပ်ကိုင်တာနဲ့စာရင် အများနဲ့ အနည်းဆုံး စပ်တူစပ်ဖက် သဘောမျိုးနဲ့ လုပ်ကိုင်ပါ။ ပိုအောင်မြင် အဆင်ပြေပါလိမ့်မယ်။ ဒီကာလမှာ ရန်သူ၊ ပြဿနာ အနည်းဆုံး ဖြစ်အောင်နေပါ။ ဖြစ်မိရင်တော့ ဖြေရှင်းရ ခက်နိုင်ပါတယ်။ အချစ်ရေးနှလုံးသားရေးကတော့ စိတ်ချမ်းသာစရာတွေချည်း ဖြစ်နေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

ဒီအပတ် ကျန်းမာရေး အညံ့ ရှိတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ပိုဂရုစိုက်ပါ။ အနည်းဆုံး ကျန်းမာရေး မထိခိုက်ရင် စိတ်ညစ်စရာတွေ၊ အာရုံများစရာတွေ ဖြစ်တတ်ပါတယ်။ အလုပ်မှာပါ လာထိခိုက်နိုင်ပါတယ်။ ငွေကြေးကိစ္စမှာ အမြတ်နည်းပေမယ့် ဝင်ငွေဖြောင့်တဲ့ ခွင်တွေ ရှိလာပါမယ်။ အချစ်ရေးမှာ နည်းနည်း စိတ်ရှုပ်ရပါလိမ့်မယ်။

၁၂ ရာသီဖွားအားလုံး အဆင်ပြေပါစေဗျား

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)