၁၂ ရာသီဖွား တစ်ပတ်စာဟောကိန်း (၂၀.၅.၂၀၁၉ မှ ၂၆.၅.၂၀၁၉ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

အလုပ်အကိုင် စီးပွားရေးမှာ အတိုက်အခံ အပြိုင်အဆိုင် ပေါများလာတတ်ပါတယ်။ ငွေရေးကြေးရေးမှာတော့ ရလမ်းဖြောင့်ပြီး ဝင်ငွေ ကောင်းလာဖို့ ရှိပါတယ်။ နှလုံးသားရေးမှာ သံသယတွေ ကြီးစိုးတတ်တဲ့ ကာလ ဖြစ်လို့ နားလည်မှုတွေ ပိုပြီးတော့ လိုအပ်ပါလိမ့်မယ်။ အရှုပ်အရှင်းတွေနဲ့ ကင်းနိုင်လေ ပိုကောင်းလေပါပဲ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

လုပ်ရင်ကိုင်ရည် ပိုကောင်းလာပြီး ကိုယ့်အရည်အချင်းကို အပြည့်အဝ အသုံးချနိုင်ပါမယ်။ ကိုယ်ပိုင်လုပ်ငန်းနဲ့ စပ်တူရှယ်ယာ လုပ်ငန်းတွေ အကျိုးပေး ကောင်းနေပါမယ်။ အများကို ဆွဲဆောင်စည်းရုံးနိုင်စွမ်း ရှိနေပါမယ်။ အချစ်ရေးမှာလည်း သာယာချမ်းမြေ့နေပြီး နှစ်ဖက်စလုံးမှာ ချစ်ခြင်းတရားတွေ ပြည့်ဝနေပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

ငွေကြေးပြဿနာတွေ ဖြစ်ပွားလွယ်တဲ့ သီတင်းပတ် ဖြစ်လို့ အပေးအယူ အားလုံးမှာ သတိထားရပါလိမ့်မယ်။ ကုန်ကျစရိတ် သိပ်များတတ်ပါတယ်။ အလုပ်မှာကတော့ အကောင်းအဆိုးတွေ သိပ်မထင်ရှားဘဲ ဖြစ်နေပါမယ်။ နှလုံးသားရေးမှာ ပြဿနာဟောင်းတွေ ပြေလည်ဖို့ ရှိပြီး ကြည်နူးချမ်းမြေ့ဖွယ်ရာတွေ ကြုံရပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

အများနဲ့ တစ်ယောက်ဆိုသလို အမြင်မတူ၊ သဘောကွဲလွဲမှုတွေ သိပ်များလာနိုင်တဲ့ ကာလပါ။ လူမှုဆက်ဆံရေး အားနည်းတတ်ပြီး အငြင်းပွားစရာ များနေပါမယ်။ အလုပ်မှာလည်း အခက်ကြုံတတ်ပါတယ်။ ချစ်ရေးချစ်ရာမှာ စိတ်တိုင်းမကျစရာတချို့က လွဲရင် အဆင်ပြေနိုင်ပါတယ်။ နားလည်မှု ပိုပေးဖို့ လိုအပ်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

အလုပ်အကိုင်နဲ့ ပတ်သက်လို့ မတည်ငြိမ်မှုတွေ များလာနိုင်ပါတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ လုပ်ကိုင်ရ ခက်ခဲတဲ့ အဖြစ်တွေ ရှိတတ်ပါတယ်။ ကြိုးစားသလောက် ခရီးမပေါက် ဖြစ်တတ်ပါတယ်။ ချစ်မှုရေးရာပိုင်းမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေတတ်ပေမယ့် များသောအားဖြင့် သာသာယာယာ ဖြစ်နေပါမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

ငွေရေးကြေးရေး အခက်အခဲတွေ မကြာခဏ ရင်ဆိုင်ရတတ်ပြီး လက်ထဲ ငွေဘယ်လိုမှ မမြဲအောင် ကုန်စရာက သိပ်များလာနိုင်ပါတယ်။ အလုပ်မှာလည်း ခေါင်းပူအာရုံနောက်စရာတချို့ ဖြစ်လာတတ်ပါတယ်။ တတ်နိုင်သမျှ ခေါင်းအေးအေးထား ဖြေရှင်းပါ။ အချစ်ရေးမှာလည်း ပြဿနာလေးတွေ ဖြစ်လွယ်နေတတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

ကိုယ့်အလုပ်မှာ ဖိအားတွေ၊ ပြဿနာတွေနဲ့ လုံးပန်းရတတ်ပြီး ဘာလုပ်လုပ် အခက်အခဲတွေ တပြုံတမကြီးကို ဖြတ်သန်းပြီးမှ အဆင်ပြေပါလိမ့်မယ်။ လုပ်ငန်းဖက်၊ ပါတနာချင်း ယုံကြည်မှုတွေ ပျက်ပြားတတ်လို့ သတိပြုပါ။ အချစ်ရေးကိစ္စမှာလည်း သူ့ဘက် ကိုယ့်ဘက် အမြင်ချင်း ထပ်တူကျဖို့ ခဲယဉ်းနေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အလုပ်မှာ ပုံမှန်ထက် ပိုရုန်းရမယ့် အခြေအနေလေးတွေ ရှိနေပါတယ်။ လွယ်လွယ်နဲ့ မပြီးပြတ်ဘဲ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွန်ရပါလိမ့်မယ်။ ခရီးကိစ္စတွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ နှလုံးသားရေးမှာ ပျော်ရွှင်ကြည်နူးစရာတွေ ကြုံရတတ်သလို စိတ်ရှုပ်စိတ်ညစ်စရာလေးတွေလည်း ရှိနေပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

မတော်တဆတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ၊ ရုတ်တရက် နေထိုင်မကောင်း ဖြစ်တာတွေ ကြုံရတတ်တဲ့ ကာလ ဖြစ်ပါတယ်။ ကျန်းမာရေးကြောင့်လည်း လုပ်ငန်းပိုင်းမှာ ထိခိုက်တတ်လို့ ကြိုတင် သတိပြုရပါမယ်။ အချစ်ရေး အငြင်းပွားစရာတွေ ဖြစ်တတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင် လွဲတတ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

အလုပ်အကိုင် ညံ့သလို လူမှုရေးပိုင်းလည်း ပြဿနာ ရှိတတ်တဲ့ သီတင်းပတ် ဖြစ်ပါတယ်။ လုပ်နေရတဲ့ အလုပ် အကြံအစည်တွေ ဟုတ်မလိုနဲ့ အဖျားရှူးတတ်ပါတယ်။ ငွေကုန်ကြေးကျ များပြီး အရာမထင် ဖြစ်တတ်ပါတယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာစရာလေးတွေ ရှိတတ်ပေမယ့် ကိုယ်တိုင်က မကောင်းမြင်နေပါလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

အလုပ်မှာရော  ကိုယ်ပိုင်ဘဝမှာပါ အပြောင်းအလဲတွေ အသစ်အဆန်းတွေ ကြုံရတတ်ပါတယ်။ ကြုံဆုံလာမယ့် အပြောင်းအလဲတွေကို လက်သင့်ခံနိုင်ဖို့ ကြိုးစားပါ။ ဒီထက် ပိုကောင်းတာတွေ ဖြစ်လာပါမယ်။ အချစ်ရေးမှာက အဆင်ပြေနေရာက အညံ့လေးတွေ ဖြစ်လာတတ်ပါတယ်။ စိတ်တိုချင်စရာလေးတွေ ရှိနေပါမယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

ငွေရေးကြေးရေးကိစ္စတွေမှာ ပြဿနာအဖုအထစ်တွေ ကြုံပြီးမှ အဆင်ပြေတတ်ပါတယ်။ ဝင်ငွေ ကောင်းသလို ထွက်ငွေလည်း ကြမ်းနေတတ်ပါတယ်။ အလုပ်မှာက အဆင်ပြေ ကျေနပ်စရာ ဖြစ်ပါလိမ့်မယ်။ ခရီးတွေလည်း သွားလို့ ကောင်းပါတယ်။ အချစ်ရေးမှာက သတိထားစရာ ရှိပါတယ်။ ပြဿနာ ဖြစ်လွယ်တတ်ပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းပါစေသတည်း

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)