၁၂ ရာသီဖွား တစ်ပတ်စာဟောကိန်း (၁၆.၉.၂၀၁၉ မှ ၂၂.၉.၂၀၁၉ အထိ)

ဒီအပတ်မှာ ယေဘုယျအားဖြင့် ကံဇာတာကောင်းမယ့်သူတွေကတော့ မိဿ၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ ၊ မကာရရာသီဖွားတွေ ဖြစ်ပြီး ကျန်ရာသီဖွားတွေမှာ ကံဇာတာ အားနည်းမယ်လို့ တွေ့ရှိရပါတယ်။

ကံဇာတာ ကောင်းမွန်နိုင်တဲ့ ရာသီဖွားတွေထဲမှာ မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) တွေက အလုပ်အကိုင်၊ အကြံအစည် ရည်ရွယ်ချက်တွေ အထမြောက် အောင်မြင်ဖို့ ရှိနေပြီး စပ်တူစပ်ဖက်လုပ်ငန်း၊ အများနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေမှာ အကျိုးပေး ထင်ရှားတတ်ပါတယ်။ အချစ်ရေးမှာတော့ နားလည်မှုတွေ လွဲပြီး ဖြေရှင်းရခက်တဲ့ ပြဿနာလေးတွေ ဒီအပတ်မှာ ပေါ်ပေါက်လာနိုင်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) တွေက အလုပ်ကိစ္စရော ငွေကြေးပိုင်းမှာပါ ကံကောင်းပြီး အဆင်ပြေလာမှာပါ။ ဘာလုပ်လုပ် ကံတရားက ပံ့ပိုးထားလို့ အလွယ်တကူ ပြီးမြောက် အောင်မြင်ပါမယ်။ ငွေကြေးကိစ္စတွေကလည်း အိုခေပါပဲ။ အချစ်ရေးမှာလည်း စိတ်ချမ်းမြေ့ သာယာမယ့် အချိန်ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကံကောင်းနိုင်သူတွေထဲမှာ ပါဝင်တဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) တွေက လုပ်နိုင်လေ အကျိုးရှိလေ ဖြစ်နေပြီး ကိုယ်စွမ်းကိုယ်စကို အများအလယ်မှာ ပြသနိုင်ပါမယ်။ ငွေကြေးကိစ္စ မပြေမလည် ဖြစ်တတ်လို့ အဲဒါကိုတော့ သတိပြုပါ။ အချစ်ရေးမှာ ပျော်ရွှင်ကြည်နူးစရာတွေချည်း ကြုံရပါလိမ့်မယ်။

နောက်တစ်ခါ ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) တွေက ဒီအပတ်ရဲ့ ကံကောင်းသူတွေ စာရင်းမှာ ပါနေပါတယ်။ ခေါင်းအေးအေးထား၊ ဖြည်းဖြည်း လုပ်သွားရင် ရည်မှန်းချက်ကို ရောက်သွားမှာပါ။ ရပေါက်ရလမ်းတွေ ကြီးကြီးမားမား မြင်ရမယ်။ အချစ်ရေးမှာလည်း အေးရာအေးကြောင်းပဲ ဖြစ်နေမှာပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) တွေက ဒီအပတ်ရဲ့ ကံအကောင်းဆုံးရာသီဖွား ဖြစ်နေပါတယ်။ လုပ်ချင်တာ မျှော်လင့်တာတွေ အကုန် လုပ်ပြ ဖြစ်ပြနိုင်ပါလိမ့်မယ်။ ငွေရှာလို့လည်း ကောင်းပြီး ရှာသမျှ အဆင်ပြေလာပါမယ်။ နှလုံးသားရေးမှာလည်း ပျော်စရာအချိန်ကာလတွေကို ဖြတ်သန်းရပါလိမ့်မယ်။

ကံကောင်းသူစာရင်းထဲ ပါနေတဲ့ မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) တွေက အလုပ်အကိုင် တိုးတက် အောင်မြင်ကိန်း ရှိနေပြီး ဘက်ပေါင်းစုံကနေ အဆင်ပြေလာပါလိမ့်မယ်။ ဝင်ငွေလည်း ကောင်းပါမယ်။ အချစ်ရေး နှလုံးသားရေးမှာ မပြေမလည် ဖြစ်နေတာတွေကို ပြေလည်အောင် ဖြေရှင်းသွားနိုင်ဖို့ ရှိနေပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီအပတ်ရဲ့ ကံဇာတာအားနည်းသူတွေကတော့ ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) ၊ မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) ၊ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)၊ ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ)၊ မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) ၊ ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) တွေပဲ ဖြစ်ပါတယ်။ ဒီရာသီဖွားတွေအနေနဲ့ ဒီအပတ်မှာ ဘာတွေလုပ်လုပ် အစစအရာရာ သတိရှိဖို့၊ အကောင်းဆုံး ကြိုးစားပြဖို့နဲ့ အရာရာကို နားလည်သည်းခံပေးနိုင်ဖို့ လိုလိမ့်မယ်ဆိုတာ အကြံပြုလိုက်ရပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်း အောင်မြင်ကြပါစေ

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)