၁၂ ရာသီဖွား အပတ်စဉ်ဟောစာတမ်း (၂၃.၃.၂၀၂၀ မှ ၂၉.၃.၂၀၂၀ အထိ)

(၁၂) ရာသီခွင်ဆိုတာ ကိုယ်မွေးဖွားတဲ့ လ၊ ရက်က ဘယ်ရာသီခွင်ထဲမှာ ကျရောက်နေသလဲ ဆိုတာ ကြည့်ပြီး ဟောကိန်းကို ဖတ်ရှုရတာမျိုးပါ။ ဥပမာ ခင်ဗျားဟာ မတ်လ ၁၄ ရက်မှာ မွေးဖွားသူဆိုရင် (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) ကို မိန်ရာသီက လွှမ်းမိုးတဲ့အတွက် မိန်ရာသီဖွားဟောစာတမ်းကို ဖတ်ရှုရပါမယ်။ ဒါလောက်ဆို နားလည်ပြီလို့ ယူဆပါတယ်။ နားမလည်သေးရင် Comment မှာ မေးမြန်းနိုင်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – အလုပ်တွေ ကောင်းပေမဲ့ အပြိုင်အဆိုင်လည်း များမယ်။ ခေါင်းခံ တာဝန်ယူရတာတွေ ရှိလာမယ်။ အလုပ်ကိစ္စတွေ ပြုံကျလာမယ်။ ဝင်ငွေလည်း ကောင်းမယ်။ ကျန်းမာရေး ပူစရာ မလို။ နှလုံးသားရေးမှာတော့ စိတ်ညစ်စရာတွေ၊ ပူပန်စရာတွေ ပေါ်လာလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အများအားဖြင့် စိတ်ချမ်းသာ ပျော်ရွှင်စရာတွေ ဖြစ်မယ်။ အကြံအစည်တွေ အောင်မြင်မယ်။ ရည်မှန်းချက် ပြည့်ဝမယ်။ ငွေကြေးကိစ္စမှာလည်း အဆင်ပြေမယ်။ မတော်တဆ ထိခိုက်မှုအသေးစား ဖြစ်တတ်တယ်။ အချစ်ရေးမှာ သာသာယာယာပဲ ဖြတ်သန်းရမယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – ကျန်းမာရေး ဂရုစိုက်ရမယ်။ နဂိုအခံ ရှိသူတွေ ပိုပြီးတော့ သတိပြုပါ။ အသွားအလာ ဆင်ခြင်ပါ။ အလုပ်အကိုင်ကတော့ အဆင်ပြေမယ်။ အဆက်အသွယ်တွေနဲ့ ချိတ်ဆက်နိုင်မယ်။ ငွေဝင်သလောက် အဖတ်မတင် ဖြစ်မယ်။ အချစ်ရေးမှာ ရန်ပေါ် စိတ်ညစ်ရမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – အကြီးအကဲတွေ ကူညီမယ်။ အလုပ်တွေ ကောင်းပြီး ရာထူးတိုး၊ နေရာကောင်းရတာတွေ ဖြစ်မယ်။ ကူညီမယ့်သူ ပေါများမယ်။ စပ်တူရှယ်ယာ ပေါ်လာမယ်။ ကျန်းမာရေး မညံ့ပေမဲ့ ခေါင်းခြောက်စိတ်ပူစရာ များမယ်။ အချစ်ရေးမှာ မကြာခဏ အဖုအထစ် ရှိမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အလုပ်တွေ ကောင်းချင်ရက်နဲ့ အဖျားရှူးသွားမယ်။ အထိုင်ချအလုပ်ထက် သွားလာလှုပ်ရှားမှ ပိုကောင်းမယ်။ ဘာလုပ်လုပ် အကြီးအကဲတွေနဲ့ တိုင်ပင်ပါ။ ကျန်းမာရေး ပူစရာမရှိပါဘူး။ ငွေကြေးကိစ္စလည်း အိုကေမယ်။ အချစ်ရေးမှာတော့ စိတ်ပင်ပန်းရမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – စောင့်ဆိုင်းနေရတဲ့ အလုပ်တွေ ပြန်စနိုင်မယ်။ အဆက်အသွယ်တွေ ပြန်ရမယ်။ အလုပ်တွေ ခါတိုင်းထက် သွက်လက် မြန်ဆန်လာမယ်။ ငွေကြေးမှာ စိတ်ညစ်ရပေမဲ့ ခဏပါပဲ။ ကျန်းမာရေးအညံ့ ရှိတယ်။ သတိပြုပါ။ အချစ်ရေးကတော့ အဆင်ပြေမှာပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – အများနဲ့ တစ်ယောက် အဆင်မပြေဘဲ ဖြစ်မယ်။ လူကြီးသူမတွေနဲ့လည်း ကီးမကိုက်ဘဲ ဖြစ်နေမယ်။ အလုပ်မှာ ယှဉ်ပြိုင်ရင်ဆိုင်ရတာတွေ များမယ်။ ငွေကံလည်း ညံ့နေတယ်။ ကျန်းမာရေး အညံ့ကြီး မရှိပါ။ အချစ်ရေးမှာတော့ ညံ့လိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – အလုပ်မှာ ပိုရုန်းကန်ရမယ်။ လှုပ်ရှားရမယ်။ ဒါပေမဲ့ လုပ်သလောက် အဆင်ပြေမယ်။ အထက်လူကြီးဆီက အကူအညီ ရမယ်။ အစိုးရလုပ်ငန်းတွေ အောင်မြင်မယ်။ ငွေအဖတ်မတင် ဖြစ်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေးကံတော့ ကောင်းမယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – စီးပွားရေး ကောင်းမယ်။ ကူညီမယ့် မိတ်ဆွေတွေနဲ့ အသိုင်းအဝိုင်းတွေ ရလာမယ်။ အလုပ်သစ်တွေ စမ်းကြည့်နိုင်တယ်။ ငွေကြေးနဲ့ ပတ်သက်လို့ကတော့ စိတ်ညစ်ရမယ်။ ကျန်းမာရေး သတိပြုရမယ်။ အချစ်ရေးမှာ အနှောင့်အယှက် ပေါ်လာတတ်တယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – အလုပ်ရော အကြံအစည် ရည်ရွယ်ချက်တွေပါ အောင်မြင်မယ်။ လုပ်ရဲကိုင်ရဲရှိရင် ပိုအဆင်ပြေမယ်။ လူအများနဲ့ ဆက်ဆံရာမှာတော့ သတိပြုရမယ်။ ငွေကြေးနဲ့ ကျန်းမာရေးမှာ အားနည်းချက် ရှိနေတယ်။ လူငယ်တွေ အချစ်ရေးကိစ္စ အဆင်ပြေမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – အခြေအနေအားလုံးက ကိုယ့်စိတ်တိုင်းကျပုံစံကို ပြောင်းလာမယ်။ အလုပ်တွေ ကောင်းသလို ရည်မှန်းချက်တွေလည်း ဖြစ်မြောက်လာမယ်။ ငွေကြေးကံ အတော်သင့် ကောင်းမယ်။ ကျန်းမာရေး အညံ့ မရှိ။ နှလုံးသားရေးမှာ စကားများ၊ ပဋိပက္ခ ရှိလာမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – ငွေကြေးကိစ္စအတွက် စိတ်ညစ်ရမယ်။ အတိုက်အခံ ပြောရဆိုရမယ်။ ပြီးမှ အဆင်ပြေသွားမယ်။ အလုပ်တွေ အရင်ထက် ကောင်းလာမယ်။ မိတ်ဆွေတွေရဲ့ ကူညီမှု ရလာမယ်။ ကျန်းမာရေး အညံ့ မရှိပါ။ အချစ်ရေးမှာလည်း စိတ်ချမ်းသာပြီး အဆင်ပြေပါမယ်။

၁၂ ရာသီဖွားအားလုံးအတွက် ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)