၁၂ ရာသီဖွား အပတ်စဉ် ဟောစာတမ်း (၃.၂.၂၀၂၀ မှ ၉.၂.၂၀၂၀ အထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အထိ) – ဒီအပတ် အလုပ်အကိုင်ကံလေး ကောင်းနေမှာပါ။ အလုပ်ပြောင်းချင် နေရာပြောင်းချင် သူတွေလည်း လိုချင်ရာကို ရောက်နိုင်ပါတယ်။ ငွေကြေးကိစ္စကတော့ အစောပိုင်း အဆင်ပြေပြီး နောက်ပိုင်း လက်ထဲ မမြဲ ဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာ စိတ်ညစ်စရာနဲ့ ကြည်နူးစရာတွေ ရောနေပါလိမ့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – အလုပ်တွေ ကောင်းချင်ပေမဲ့ ကျန်းမာရေးကိုတော့ သတိထားရမယ်။ အများနဲ့ ပြောဆို ဆက်ဆံရာမှာလည်း ပြဿနာလေးတွေ ဖြစ်တတ်တယ်။ ငွေကြေးကိစ္စမှာ ကိုင်တွယ်ရ ခက်တဲ့ အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်။ နှလုံးသားရေးမှာတော့ အစစအရာရာ အဆင်ပြေနေမယ့် ကာလပါပဲ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အထိ) – ဒီတစ်ပတ် အလုပ်ကံက အကောင်းနဲ့အဆိုးတွေ ဒွန်တွဲနေလိမ့်မယ်။ ကောင်းလိုက်၊ ညံ့လိုက် ဖြစ်နေမယ်။ မကောင်းဘူးဆိုပြီး အပြောင်းအလဲ မလုပ်ပါနဲ့၊ ပိုဆိုးသွားလိမ့်မယ်။ ငွေကံ နိမ့်နေတယ်။ စိတ်ညစ်ရတတ်တယ်။ အချစ်ရေးမှာလည်း နှစ်ယောက်သား အချင်းများစရာတွေ ပေါ်လိမ့်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အထိ) – အလုပ်တွေ စကောင်းပြီလို့ ဆိုရမှာပါပဲ။ ဒါပေမယ့် စိတ်ညစ် အာရုံနောက်စရာတွေက ဆက်ရှိနေဦးမယ်။ အကောင်းတွေ ကြုံလာဖို့ အဆိုးကို အရင်ဖြတ်ရတဲ့ သဘောပါပဲ။ ငွေကြေးလည်း ရလိုက်ကုန်လိုက် ဖြစ်နေမယ်။ အချစ်ရေးမှာတော့ အများအားဖြင့် အဆင်ပြေပြေ ဖြစ်နေမှာပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – အလုပ်မှာ စိတ်ညစ်စရာတွေနဲ့ လုပ်ကိုင်နေရမယ်။ အကူအညီ ပေးမယ့်သူတွေတော့ ရှိနေမယ်။ ဒီအပတ်မှာ  အဆက်အသွယ်တွေ တိုးလာမယ်။ ဝင်ငွေ ကောင်းသလောက်ကို ထွက်ငွေကလည်း ပြနေမယ်။ နှလုံးသားရေးမှာ စိတ်တိုရ၊ ပျော်ရနဲ့ အမျိုးမျိုး အတက်အကျ ဖြစ်နေလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – ဒီအပတ် အလုပ်အကိုင် အခြေအနေ ကောင်းလာမယ်။ ဒါပေမဲ့ အလွဲအချော်တချို့ ဆက်ဖြစ်မယ်။ အလုပ် မပြီးတာ၊ ကျန်ရစ်တာတွေ ရှိလိမ့်မယ်။ ငွေကြေးပိုင်းမှာလည်း ရတာနဲ့ ကုန်တာ မကာမိနိုင်ဘူး။ အချစ်ရေးမှာတော့ ခါတိုင်းထက် တည်ငြိမ်အေးဆေးမှုကို ဖန်တီးနိုင်လာမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အထိ) – လုပ်ငန်းခွင်ထဲက အရှုပ်အရှင်းတွေထဲ ဝင်မပါရင် ဒီအပတ်မှာ အလုပ်ကံ ကောင်းနေမှာပါ။ သူများ ပြဿနာ ကိုယ့်ဆီ အဝင် မခံပါနဲ့။ လုပ်စရာရှိတာ လုပ်သွားပါ။ ငွေကြေးကိစ္စတော့ အဆင်ပြေပါလိမ့်မယ်။ အချစ်ရေးမှာ စိတ်ညစ်ရ ၊ ပျော်ရနဲ့ မတည်မငြိမ် ဖြစ်နေလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ) – အစစအရာရာ အဆင်ပြေ ကံကောင်းလာဖို့ ရှိတယ်။ အလုပ်တွေ ကောင်းသလို ဝင်ငွေလည်း ကောင်းလာဦးမှာပါ။ စိတ်ကူးအကြံအစည်တွေ အထမြောက်လိမ့်မယ်။ ငွေကြေးလည်း အဝင် များလာမယ်။ အချစ်ရေးမှာလည်း စိတ်ချမ်းသာ ကြည်နူးစရာတွေ ဖြစ်လာပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ) – ကိုယ်တိုင်က စိတ်တို ဒေါသထွက်လွယ်နေလို့ လူအများနဲ့ ဆက်ဆံရာမှာ အဆင်မပြေ ဖြစ်တတ်တယ်။ ဒီကိစ္စကြောင့်ပဲ အလုပ်မှာပါ ထိခိုက်နစ်နာတတ်တယ်။ ငွေကြေးကံ အတော်သင့် ကောင်းနေလိမ့်မယ်။ နှလုံးသားရေးမှာ နေရင်းထိုင်ရင်း ရန်လိုနေချင်တာကို လျှော့ရလိမ့်မယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အလုပ်တွေ ကောင်းပေမယ့် ပြဿနာတွေလည်း တွဲပြီး ပါနေဦးမယ်။ လူကြီးတွေနဲ့ ရင်ဆိုင် ဆက်ဆံရာမှာ သတိထားရမယ်။ အသွားအလာတွေလည်း သတိပြုရမယ်။  ဝင်ငွေကတော့ ရလိုက် ကုန်လိုက် မမြဲဘဲ ဖြစ်နေမယ်။ အချစ်ရေးမှာ အကောင်းနဲ့အဆိုး ဒွန်တွဲနေလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အထိ) – ဒီအပတ် အလုပ်အကိုင်က ပုံမှန်လေးပဲ လည်ပတ်မယ်။ လူကြီးတွေ၊ အပေါင်းအသင်းတွေနဲ့ တွဲလုပ်တဲ့ အလုပ်တွေကတော့ ပိုကောင်းနိုင်တယ်။ ငွေကြေးကံ မဆိုးဘူး ဆိုပေမယ့် ကုန်စရာတွေလည်း တန်းစီနေမယ်။ အချစ်ရေးက ဒီအပတ် ပြဿနာ သိပ်မတက်ဘူးပဲ ဆိုရမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – အလုပ်အကိုင်တွေ ကောင်းနေမယ်။ လုပ်ချင်တာတွေလည်း ဖြစ်လာဖို့ ရှိတယ်။ တွဲဖက်အကူအညီတွေ ရလာမယ်။ စိတ်ကူးအိုင်ဒီယာတွေ ကောင်းမယ်။ ငွေကြေးကံတော့ ကောင်းမလိုနဲ့ ပြန်ညံ့နိုင်တယ်။ နှလုံးသားရေးမှာ ပျော်စရာတွေ ကြုံရမယ်။ နားလည်မှုကို ပိုဖန်တီးနိုင်မယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းမယ့် သီတင်းပတ် ဖြစ်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)