၁၂ ရာသီဖွား ဟောစာတမ်း (၂၇.၅.၂၀၁၉ မှ ၂.၆.၂၀၁၉ ထိ)

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ)

ဒီအပတ်မှာ အလုပ်အကိုင်၊ စီးပွားရေးတွေ သိပ်မကောင်းဘဲ လုပ်တိုင်း မဖြစ်တာတွေချည်း ကြုံရတတ်ပါတယ်။ ငွေအချေးအငှားကိစ္စတွေလည်း မကောင်းလို့ သတိပြုရပါမယ်။ စိတ်တိုဒေါသ ဖြစ်စရာတွေ များတတ်ပါတယ်။ အချစ်ရေးပိုင်းမှာ နားလည်မှုလွဲတာ အသေးအဖွဲ ပြဿနာလေးတွေ ရှိပေမယ့် ပြေလည်သွားပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ)

အလုပ်အကိုင်က အကောင်းဘက်မှာ ရှိနေပေမယ့် အထိုင်ချ လုပ်သင့်ပါတယ်။ ခရီးတွေ ခဏခဏ သွားတာမျိုး၊ အလုပ်နေရာ ပြောင်းလဲတာမျိုးတွေ သိပ်မကောင်းပါဘူး။ ငွေကြေးကိစ္စမှာတော့ အဆင်ပြေပြေ ဖြစ်လာပါမယ်။ နှလုံးသားရေးက အထိမခံ ရွှေပန်းလို ဖြစ်နေပါမယ်။ မကြာခဏ ကတောက်ကဆ ဖြစ်တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ)

အညံ့လေးတွေ ရှိပေမယ့် အကောင်းတွေက များတော့ ဒီအပတ် အလုပ်အကိုင်က အဆင်ပြေဖို့ များနေပါတယ်။ စိတ်ရှုပ်စရာတချို့က လွဲရင် အားလုံး ပုံမှန်အတိုင်းပါပဲ။ စုပေါင်းစပ်ပေါင်း အလုပ်တွေ ကောင်းပါတယ်။ လုပ်ပါ။ အချစ်ရေးကဏ္ဍမှာ မပြေလည်တာလေးတွေ အားလုံးကို အကျေအလည် ဖြေရှင်းနိုင်ပါလိမ့်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)

ဒီအပတ်က အညံ့အခိုက်တွေ များပါတယ်။ ဘာလုပ်လုပ် အဆင်မပြေ ဖြစ်တတ်ပြီး ဘယ်သူနဲ့မှလည်း အစေး မကပ်သလို ဖြစ်နေပါမယ်။ နေရာတကာ ရန်လို၊ အတိုက်အခံ လုပ်သူတွေနဲ့ ကြုံတတ်ပြီး ကိုယ်တိုင်ကလည်း ဘုဂလန့် လုပ်မိတတ်ပါတယ်။ မိသားစုရေး ဝင်စွက်လို့ အချစ်ရေးလည်း သိပ်မကောင်းပါဘူး။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ)

အလုပ်အကိုင်က ကောင်းချင်ပေမယ့် ကိုယ်ဘာလုပ်လုပ် လိုက်အပြစ်တင်၊ ပြဿနာ ရှာသူတွေ ရှိနေပါတယ်။  ဒါပေမယ့် သူ့ဖာသာ မောပြီး နောက်ပိုင်းမှာ အဆင်ပြေပါလိမ့်မယ်။ ငွေရေးကြေးရေးကလည်း အေးဆေးပါပဲ။ အချစ်ရေးကိစ္စတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အလျှော့ပေး နားလည်ဖို့ လိုပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ)

ဒီအပတ် အလုပ်အကိုင်ကံ ကောင်းမွန်နေပါတယ်။ မပြောပလောက်တဲ့ စိတ်ညစ်စရာလေးတွေက လွဲရင်တော့ အားလုံးက အိုကေလို့ စိုပြေနေမှာပါ။ ဘေးက အကူအညီကောင်းတွေလည်း ရပါမယ်။ ငွေကြေး လိုအပ်ချက် ရှိပေမယ့် အဆင်ပြေသွားမှာပါ။ အချစ်ရေးမှာတော့ အညံ့လေး နည်းနည်း ရှိနေပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ)

အလုပ်နဲ့ စီးပွားရေးမှာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်က သည်းခံဖို့ စိတ်ရှည်ဖို့ပဲ လိုပါတယ်။ ဒီကာလမှာ စိတ်တိုင်းမကျတာတွေ များပေမယ့် တတ်နိုင်သမျှ ထိန်းသိမ်းပါ။ ငွေကြေးကိစ္စတွေမှာ သိပ်အညံ့ မရှိဘဲ ပြေလည်ပါလိမ့်မယ်။ နှလုံးသားရေးမှာ စိတ်ညစ်ရတတ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

အလုပ်အကိုင်လေး ပုံမှန် ကောင်းနေပြီး ခွင်ကောင်းတွေ၊  ရပေါက်ရလမ်းတွေ ပေါ်လာနိုင်ပေမယ့် မထင်မှတ်တဲ့ အခုအခံလေးတွေကို ဖြတ်သန်းရတတ်ပါတယ်။ ခရီးကိစ္စဆို အားလုံး ဆိုင်းထားသင့်ပါတယ်။ အကြီးအကဲတွေနဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။ ငွေကြေးကံက မဆိုးပါဘူး။ အချစ်ရေးလည်း အိုကေပါပဲ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ)

ကိုယ့်လုပ်ငန်းအပြင် စပ်တူရှယ်ယာတွေကလည်း အကျိုးပေးတတ်ပါတယ်။ အများနဲ့ ပူးပေါင်းလုပ်ကိုင်တာတွေ အောင်မြင်လွယ်နေပါတယ်။ အနှောင့်အယှက် ရှိပေမယ့် အေးဆေးပါပဲ။ ငွေကြေးကတော့ အသုံးအစွဲ ကြမ်းလို့ လက်ထဲ မမြဲ ဖြစ်နေပါမယ်။ ချစ်ရေးချစ်ရာမှာ ခါတိုင်းထက် ပိုချစ်၊ ပိုပျော်စရာ ဖြစ်လာပါမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ)

နေရင်းထိုင်ရင်းက ပြဿနာတောထဲ အချောင် ဝင်ပါမိတတ်ပါတယ်။ အလုပ်တွေ အဆင်မပြေ ဖြစ်နေသလိုပဲ ကိုယ်ရေးကိုယ်တာပိုင်းမှာလည်း ဘေးကျပ်နံကျပ်တွေ များနေပါမယ်။ ငွေကြေးကိစ္စမှာ ကံကောင်းချင်ပေမယ့် ကိုယ်တိုင်က ညံ့လို့ လက်လွှတ်ရတတ်ပါတယ်။ အချစ်ရေးက ရန်ဖြစ်၊ ပြန်ချစ် ဖြစ်နေပါမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ)

ကိုယ်ပိုင်လုပ်ငန်း ကောင်းသလို စပ်တူရှယ်ယာအလုပ်တွေလည်း ကောင်းနေပါတယ်။ ပုံမှန်ထက် စွန့်စားရတဲ့ အလုပ်မျိုးတွေလည်း မထင်မှတ်ဘဲ အကျိုးပေးပါလိမ့်မယ်။ ကျန်းမာရေးတော့ သတိထားပါ။ ငွေကြေးပိုင်းမှာက ရသလောက် ပြန်ကုန် ဖြစ်နေတတ်ပါတယ်။ အချစ်ရေးက သာယာချမ်းမြေ့ချိန် များပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ)

အလုပ်အကိုင်တွေ ကောင်းပြီး ငွေရေးကြေးရေးလည်း မညံ့လှပေမယ့် ကိုယ်တိုင် ကျန်းမာရေး အားနည်းတာ၊ မကြာခဏ ချူချာတာတွေ ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်အစာအိမ် ဖြစ်တတ်ပါတယ်။ ခြေထောက်မှာ ထိခိုက်၊ ဒဏ်ရာ ရတတ်ပါတယ်။ မေတ္တာရေးမှာလည်း မကြာခဏ ပဋိပက္ခလေးတွေ ဖြစ်တတ်ပါတယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းပါစေသတည်း

ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)