ဒီနှစ်မှာ ဖြတ်သန်းရမယ့် နှလုံးသားရေးရာကံဇာတာ

လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ထဲမှာ စန်းအပွင့်ဆုံး နေ့နံဖွားတွေကတော့ အင်္ဂါနေ့ဖွားတွေပါပဲ။ ဒါကြောင့် အစွံထုတ်မရ၊ ဂွကျကျ ဖြစ်နေကြသေးသည့် အပျိုကြီးလူပျိုကြီး အင်္ဂါနေ့ဖွားတွေအဖို့ သည်တစ်နှစ် ပိုပြီး ကြိုးစားအားထုတ်ပေးကြသင့်ပါတယ်။

အများအားဖြင့် ဒီနှစ်ထဲမှာ အင်္ဂါနေ့ဖွားတွေနဲ့ တနင်္ဂနွေနေ့ဖွားတွေ အချင်းချင်း ပိုမို ဆွဲငင်မှု ရှိလာကြပါလိမ့်မယ်။ တနင်္လာနေ့ဖွားတွေကတော့ တနင်္လာနေ့ဖွား အချင်းချင်း ပိုမို ဆွဲဆောင်လာမယ့်နှစ် ဖြစ်ပါတယ်။

ထို့အတူ ဗုဒ္ဓဟူးနေ့ဖွားတွေနဲ့ စနေနေ့ဖွားများ၊ ကြာသာပတေးနေ့ဖွားတွေနဲ့ သောကြာနေ့ဖွားများ အချင်းချင်း ပိုမို ဆွဲဆောင် ညှိ့ငင်လာမိတတ်ကြသော နှစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီတစ်နှစ် မေတ္တာရေးမှာ ဂရုအစိုက်ရဆုံး…တနည်းအပြောရရင် အညံ့လွယ်ဆုံးကတော့ စနေနေ့ဖွားတွေ ဖြစ်ပြီး မေတ္တာရေးမှာ ကံအကောင်းဆုံး ဖြစ်လာနိုင်တဲ့ နေ့နံတွေကတော့ တနင်္လာနေ့ဖွား နဲ့ သောကြာနေ့ဖွားတွေပါပဲ။

ဒါဟာ လူများစုနဲ့ ဆိုင်သည့် သုံးသပ်ချက် ဖြစ်တာကြောင့် တစ်ဦးချင်းဆီရဲ့ ကံဇာတာနဲ့တော့ ကွာဟမှု ရှိပါမယ်။

ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်တော့ မြားနတ်မောင်သည် တနင်္လာနဲ့ သောကြာကို မျက်နှာသာ ပိုပေးမှာ ဖြစ်ပြီ စနေနဲ့ ဗုဒ္ဓဟူးကိုတော့ မျက်နှာလွှဲဖယ် ကံငယ်စေမယ့် နှစ်မျိုး ဖြစ်ပါကြောင်း ….။

ချစ်သူတိုင်းလည်း ညားကြပါစေ။ ညားသူတိုင်းလည်း ချစ်ကြပါစေဗျား။

ခင်မင်ချစ်ခြင်းဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)