၁၃၈၂ ၊ နှစ်သစ်ကူးမှာ ပြုအပ်ဖွယ်ရာ

နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားမှာပဲ ပန်းကပ်ကပ်၊ အိမ်ရှေ့ဧည့်ခန်းမှာပဲ ပန်းအလှထိုးထိုး

အုန်းညွှန့်က (၆) ညွှန့် ၊ မေမြို့ပန်း သို့မဟုတ် ပျဉ်းမညွန့် စတဲ့  ကြာသပတေးနံ ပန်းအညွှန့်က (၁၉)  ညွှန့်၊ ကံကော် သို့မဟုတ် ကြံ စသည်ဖြင့် တနင်္လာနံအညွန့် အခက်အပွင့်က (၁၅) ညွှန့် ၊ အဲဒီသုံးမျိုးကို ပေါင်းပြီး ဘုရားပန်းကပ်တာ ဖြစ်စေ၊ ပန်းအိုး အလှထိုးတာ ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ လုပ်ရမယ့် အချိန်က နှစ်ဆန်းတစ်ရက်နေ့ မနက် ၉နာရီတိတိကနေ…. ၁၀ နာရီခွဲအတွင်းပါ။

ဒီနှစ်ဆန်းတစ်ရက်နေ့ မမီလည်း ကိစ္စမရှိသေး။ မြန်မာနှစ် ၁၃၈၂ ခုနှစ် တစ်နှစ်လုံးရဲ့ ဗုဒ္ဓဟူးနေ့တိုင်း (အချိန်ကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့မတူ…၊ ဗုဒ္ဓဟူးနေ့တွေမှာကတော့ မနက် ၆ နာရီတိတိကနေ ..မနက် ၇း၃၀ အတွင်း) ထိုးလှူနိုင်ပါတယ်။

ဖော်ပြပါကာလတွေမှာ အထက်ပါအတိုင်းအညွန့်အခကတို့ကို ဘုရားကပ်လှုခြင်း ၊ အိမ်ခန်း၊ ဆိုင်ခန်း၊ ရုံးခန်းများတွင် ထိုးပေးထားခြင်းအားဖြင့် ကံကောင်းမှုများ အောင်မြင်မှုများ ရရှိနိုင်ကြပါစေခင်ဗျား။

အထူးသဖြင့် အသက်ပိုင်းအားဖြင့် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇ နှစ်၊ ၇၄ နှစ်၊ ၈၁နှစ်၊ ၈၈ နှစ်၊ ၉၅ နှစ် စသော အသက်ပိုင်းများကို ဖြတ်သန်းနေကြသော မည်သည့် နေ့နံသားသမီးများမဆို ဒါလေးကိုတော့ မဖြစ်မနေ ဒီနှစ်ထဲမှာ မကြာခဏ အပတ်စဉ် လုပ်ပေးသင့်ပါတယ်ခင်ဗျား။

ကောင်းကျိုးဖြစ်လာတော့လည်း ခင်ဗျားတို့ပဲ ခံစားရမှာပါ။  ဒီနှစ်နဲ့ ဒီအသက်ပိုင်းမျိုး တိုက်ဆိုင်နေခဲ့ရင် အချည်းနှီး မဖြစ်ရအောင် လုပ်ကြည့်သင့်တယ်လို့သာ တိုက်တွန်းပါတယ်။ မောင်ဖုန်းကတော့ လေ့လာ အားထုတ်ထားတာလေးကို စာဖတ်ပရိတ်သတ်အားလုံးအတွက် နှစ်သစ်လက်ဆောင်အဖြစ် ရေးသား တင်ပြပေးခြင်းသာ ဖြစ်ပါတယ်။

အားလုံးပဲ နှစ်သစ်မှာ မကောင်းသော ကပ်ဘေးတို့မှ ကျော်လွှားနိုင်ပြီး ကောင်းကျိုးချမ်းသာ အဖြာဖြာဖြင့် ပြည့်စုံနိုင်ကြသည်ဖြစ်ကြပါစေ။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီ မောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)