(၁) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၁) ကြွင်းရင် ဒီအဟောတွေကို ဖတ်ကြည့်နိုင်ပါတယ်။ (၁) ကြွင်းဖွားဟာ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်တစ်ခုခုနဲ့ ပြည့်စုံနေကြသူများ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရားနဲ့ ပိုင်းခြားဝေဖန်နိုင်မှုစွမ်းရည်ကို အသုံးပြုတတ်ကြသူများလို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။ ပညာရပ် အသီးသီးကို စူးစမ်း ရှာဖွေနေတတ်ကြပြီး ဆရာကောင်းဆိုသူများကိုလည်း အလွန် တပ်မက်လေ့ ရှိတတ်ကြပါတယ်။

သတိအမြဲ ဆောင်ပြီး ခြေလှမ်းတိုင်းကို စဉ်းစားအကွက်ချ နေတတ်ကြသူတွေဟာ (၁) ကြွင်းဖွားတွေပါပဲ။ (၁) ကြွင်းဖွားတွေဟာ ဘယ်လောက် အရေထူပြီး မာကျောတယ် ထင်ရပေမယ့် ဘယ်လောက်ကြမ်းတမ်းခက်ထန်ပြ နေကြပေမယ့် သူတို့ရဲ့ အမှန်တစ်ကယ် ခံစားမှုကတော့ ထိလွယ်ရှလွယ် ၊ ကြေမွလွယ်တဲ့ ဖန်ပန်းအိုး လှလှလေး တစ်လုံးလိုပါပဲ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကလေးကလားဆန်တဲ့ ခံစားမှုမျိုးကို ပိုင်ဆိုင်ထားကြပြီး ကမ္ဘာမှာ အလှဆုံး ၊ အနူးညံ့ဆုံး ခံစားမှုမျိုး ၊ လောကရဲ့ အနူးညံ့အဖြူစင်ဆုံး ကြည်နူးဖွယ်ရာ အကောင်းဆုံး ခံစားမှုမျိုးတွေကို သိုဝှက်သိမ်းဆည်း ထားနိုင်ကြသူများလည်း ဖြစ်ပါတယ်။ ဝမ်းနည်းဖို့ ကောင်းတာကတော့ အဲဒီလို နူးညံ့တဲ့ စိတ်ခံစားမှုတွေကို တစ်ဖက်သတ် အနိုင်ကျင့် ခြေမွခံရတတ်တဲ့ ကံတရားမျိုးကလည်း သူတို့မှာ ကြုံနိုင်ကြတာကြောင့်ပါပဲ။ ဒါကြောင့်လည်း သူတို့ဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို (ခြေမွခံရမှာ စိုးစိတ်နဲ့) တိုးတိတ်စွာ သိုဝှက်ထားလေ့ ရှိတတ်ကြပါတယ်။ ကံမကောင်း အကြောင်းမလှမှု တစ်ခုကို ပြပါ ဆိုရင်တော့ အသိမှတ်ပြု မခံရခြင်းကံပဲ ဖြစ်ပါတယ်။ (၁) ကြွင်းဖွားတိုင်းမှာ စိတ်နာကျည်း ရလောက်တဲ့ အသိမှတ်ပြု မခံရမှုတစ်မျိုးမျိုး ပိုင်ဆိုင်နေတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပမာအားဖြင့် မိသားစု အပေါ် ကောင်းအောင်နေပြီး ကောင်းတယ်လို့ အသိမှတ်ပြု မခံရဘဲ ဖြစ်ချင်ဖြစ်မယ်။ လူတစ်ယောက်အပေါ် အနွံတာ ဘယ်လောက်ခံခံ၊ ဘယ်လောက်ပဲ ဖြည့်ဆည်းပေးပေး ကျေးဇူးတင် အသိမှတ်ပြု မခံရတာလည်း ဖြစ်ချင်ဖြစ်နေမယ် စသည်ဖြင့် အသိမှတ်ပြုခံရမှု မရှိတတ်သော ကံတရားမျိုးကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။

အဲဒီ့လိုပါပဲ ဘ၀ရဲ့ အောင်မြင်မှုတွေကို အခြားသော အကြွင်းဖွားတွေထက် ခက်ခက်ခဲခဲ တိုက်ခိုက် ယူရသူတွေဟာ (၁) ကြွင်းဖွားတွေပဲလို့ ဆိုရမှာပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အောင်မြင်မှု ရခါနီးတိုင်း ရခါနီးတိုင်း အကြီးအကဲတစ်ဦးဦးနဲ့ ဆန့်ကျင်တိုက်ခိုက်ရမယ့် ကံဇာတာမျိုးကိုလည်း သူတို့မှာ အခါအားလျော်စွာ တွေ့ရှိကြရပါတယ်။ အဲဒီ့လိုပါပဲ (၁) ကြွင်းဖွားတွေဟာ အလုပ်အကိုင် အသက်မွေးမှု အပြောင်းအလဲ  အများဆုံး အကြွင်းဖွားတွေလို့ ဆိုနိုင်ပါတယ်။  လုံးဝ လုပ်ငန်း ပြောင်းမသွားသည့်တိုင်အောင် လုပ်ရိုးလုပ်စဉ်  စည်းမျဉ်း စည်းကမ်းနဲ့ ထုံးတမ်းစဉ်လာ အပြောင်းအလဲ များစွာကို ကြုံတွေ့ရင်ဆိုင်ကြရလေ့ ရှိပါတယ်။

(၁) ကြွင်းဖွားတွေဟာ အများအားဖြင့် အတိတ်ကံနဲ့ ပတ်သက်ပြီး ကံကောင်းမှုလေးတွေ ကြုံရတတ်ပါတယ်။ မြောက်များလှစွာသော ထီကံရှိသူတွေဟာ (၁) ကြွင်းဖွား ဇာတာရှင်တွေပါပဲ။ ငွေအစုလိုက် ရခြင်း၊ အမွေရခြင်း ၊ ထီပေါက်ခြင်း စသည်ဖြင့် မိမိ အထူးတလည် ကြိုးစားအားထုတ်ခြင်းကြောင့် မဟုတ်ဘဲ အတိတ်ကံ ဒါနမျိုးစေ့ အလျောက် ပေါ်ပေါက်လာသော ကံထောက်မမှုမျိုးတွေကို ကြုံတတ်ကြပါတယ်။

(၁) ကြွင်းဖွားအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)