(၁) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

ဒီအကြွင်းဖွားတွေဟာ ဘ၀ရဲ့ အဦးအစပျိုးကာလတွေမှာ အခက်အခဲ မကင်း ရတတ်သူတွေ ဖြစ်ပါတယ်။ ဒီကံတရားဟာ သူတို့ရဲ့ ချစ်မှုရေးရာ နယ်ပယ်မှာလည်း လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ရည်းစားဦး ၊ အချစ်ဦး၊ အိမ်ထောင်ဦးများမှာ တခြားသူတွေထက် ပိုမို အခက်အခဲ များတတ်ပြီး စစချင်း ယဉ်သကို ဆိုသလို တာထွက်မှာကတည်းက ရုန်းကန် ရင်ဆိုင်ရမှုတွေ၊ ပဋိပက္ခလေးတွေ မကင်းဘဲ ဖြစ်တတ်ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးအကဲတွေနဲ့ ပဋိပက္ခ အဖြစ်ရတတ်ဆုံး အကြွင်းဖွားကို ပြပါဆိုရင် ထိပ်ဆုံးက နေရာ ယူထားတာကတော့ ဟောဒီ့ (၁) ခုကြွင်းဖွားတွေပါပဲ။ ဒါကြောင့်လည်း သူတို့ရဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကဏ္ဍတွေမှာ အကြီးအကဲတွေနဲ့ မသင့်မတင့် ဖြစ်ရမှုဟာလည်း ဆက်စပ် ပတ်သက်လာတတ်စမြဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သဝန်တိုတယ် မကလို ဘာပဲပြောပြော (၁) ခုကြွင်းဖွားက သူတို့ချစ်တဲ့သူတွေနဲ့ ပတ်သက်ရင် လုံးဝ ရှင်းသန့်ပြီး All Clear ဖြစ်နေတဲ့ အခြေအနေကိုသာ လိုလားကြသူတွေပါ။ နို့မဟုတ်လို့ကတော့ ရင်ထဲမှာ တနုံ့နုံ့နဲ့ ကြေကွဲ ထိခိုက် နှမြောတသနေတတ်ကြပါတယ်။

ကိုယ်ကိုယ်တိုင်က နေချင်သလိုနေပြီး လုပ်ချင်ရာလုပ်နေတဲ့သူမျိုးတောင်မှ ကိုယ် ချစ်တဲ့သူကိုတော့ ပုလဲလေးကို ကြာဖူးထဲထည့်ပြီး ဂွမ်းပုံလေးနဲ့ ကာထားလိုက်ချင်တာမျိုး ချစ်တတ်ကြသူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ရှင်းရှင်းပြောရရင်တော့ (၁) ခုကြွင်းဖွားတွေရဲ့ အချစ်ခံရပြီဆိုရင် အချစ်ခံရသူ (သူတို့ရဲ့ချစ်သူ) အနေနဲ့ အနေအထိုင် တော်တော် ဆင်ခြင်ရပါလိမ့်မယ်။ မကြာခဏ သဝန်ကြောင် ၊ ရန်ဖြစ် ၊ ခနဲ့ ၊ စကားနာထိုး ၊ ကြေကွဲထိခိုက်နေတတ်တဲ့ (၁) ခုကြွင်းဖွား တစ်ယောက်ယောက်ကို ချစ်ခဲ့မိမယ်ဆိုရင်တော့ သင်ဟာ ကံအကောင်းဆုံးနဲ့  ကံအဆိုးဆုံး ကြားမှာ ကားယားခွ ထိုင်မိလိုက်ပြီ ဆိုတာပါပဲ။

အကြောင်းကတော့ (၁) ခုကြွင်းဖွား တစ်ယောက်က တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ပြီဆိုရင် တစ်ခြား ဘယ်အကြွင်းဖွားတွေမှ လိုက်လို့ မမီအောင် ဖြူစင်သန့်ရှင်းမှု ဂုဏ်မြောက်စေလို့ပဲ ဖြစ်ပါတယ်။ တိုက်တွေ ကားတွေ၊ ရာထူးတွေ၊ ဒေါ်လာတွေ၊ ဘွဲ့ဒီဂရီတွေ၊ ဂဏန်းပေါင်းစက် ရိုက်သံ တွေ ဘာတစ်ခုမှ မပါဘဲ အချစ် သက်သက် ချစ်ပြနိုင်တဲ့ အကြွင်းဖွားမို့ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တစ်ကယ်လို့သင်ဟာ ……သင်ကိုယ်တိုင် (၁) ခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ခံစားချက်ထက် လုပ်သင့်တာကို ပိုမိုပြီးတော့ ဦးစားပေးပါ။  သင့်ချစ်သူက  (၁) ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် သူ့စိတ်ကို ဒဏ်ရာအနာတရ မဖြစ်အောင် သတိထားပါ။ အနာတရ ဖြစ်သွားတာနဲ့ မကြာခဏ ဆိုသလို အတိတ်ဒဏ်ရာကို အကြောင်းပြုပြီး နောက်ဆက်တွဲ အဆင်မပြေမှုတွေ ဆက်လက် တိုးဝင်လာတတ်ပါတယ်။ အချစ်ရဲ့ နောက်ဆက်တွဲ သ၀န်တိုမှုလေးတွေကိုလည်း သည်းခံနိုင်ဖို့ ကြိုပြင်ထားပါ။

အမျိုးသားအတွက် (၁) ခုကြွင်းဖွား ဇနီးမယားကို  ရရှိခဲ့မယ်ဆိုရင် အဖက်ဖက်က ဖြည့်ဆည်းပေးမယ့် ဇနီးမယားမျိုး ရရှိလိုက်တာ လို့တောင် ဆိုနိုင်ပါတယ်။ ကိုယ့်ဆရာတို့ကို ရေပူရေချမ်း ကမ်းပေးမယ့် ဇနီးမျိုးလို့ ဆိုနိုင်ပါတယ်။ ခက်တာက ရုတ်ရုတ်ရုတ်ရုတ်တော့ မလုပ်မိပါစေနဲ့။ မပြီးနိုင်မစီးနိုင်အောင် ပူညံပူညံ လုပ်တဲ့ ဒဏ်ကို ကြောက်တယ် ဆိုရင်ပေါ့လေ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အမျိုးသမီးအတွက်  (၁) ခုကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် ပရော်ဖက်ဆာကြီး တစ်ယောက်ကို လင်တော်ထားရသလို အနေအထားပါပဲ။ မာနလည်း ကြီးသလို ငယ်ကျိုးငယ်နာ ဖော်ပြီး သ၀န်တိုတတ်တဲ့ ကလေးဆန်တဲ့ အမျိုးသားမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ခင်မင်ချစ်ခြင်းဖြင့်  – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)