၂၀၁၈ အနှစ်ချုပ် ဗေဒင်

၂၀၁၈ ကို ရောက်ဖို့ တစ်လကျော်ပဲ လိုတော့တဲ့ အချိန်မှာ နှစ်သစ်အကူးမှာ ကံဇာတာတွေ ထူးလာမလား၊ ဒီထက် အခြေအနေ ဆိုးမလား၊ ဘာတွေ ကြုံရမလဲ ဆိုတာ သိချင်တဲ့ ဗေဒင်ဝါသနာရှင် ပရိတ်သတ်တွေ အတော်များများ ရှိနေမှာပါ။

၂၀၁၈ နဲ့ ပတ်သက်တဲ့ ဟောကိန်းမျိုးစုံ စာအုပ်တွေကလည်း ဟိုးအရင်လတွေတည်းက ကြိုတင် ထုတ်နှင့်ပြီး ဈေးကွက်ထဲမှာလည်း အသီးသီး ရောင်းချနေပါပြီ။ ဒါပေမယ့် စီးပွားရေး၊ ငွေကြေး၊ အချစ်ရေး တစ်ခုချင်းစီ အသေးစိတ်ကို မသိချင်ဘဲ အကြမ်းဖျဉ်းအနေနဲ့ နှစ်သစ်မှာ ကံကောင်းမလား၊ မကောင်းဘူး ဆိုတာကိုပဲ သိချင်သူများအတွက် ၂၀၁၈ အနှစ်ချုပ်ဗေဒင် ဟောကိန်းလေးကို တင်ပြချင်ပါတယ်။

ဒီဟောကိန်းကတော့ ရှင်းပါတယ်။ ၂၀၁၈ မှာ ဘယ်ရာသီဖွားတွေက ကံအကောင်းဆုံး ဖြစ်လာပြီး ဘယ်ရာသီဖွားတွေက ကံအား အနည်းဆုံး ဖြစ်လာမလဲ ဆိုတာကို Lucky Planet ကြာသပတေးဂြိုဟ်ရဲ့ အမြင်အယှဉ် ရပ်တည်မှုပေါ် မူတည်ပြီး ကံအနိမ့်အမြင့်အလိုက် နံပါတ်စဉ်ထိုး ဖော်ပြထားပါတယ်။ ဒီနံပါတ်စဉ်အရ ဗြိစ္ဆာရာသီဖွားတွေဟာ ၂၀၁၈ မှာ ကံအကောင်းဆုံး ဖြစ်လာပြီး ပြိဿရာသီဖွားတွေကတော့ ကံအခေဆုံး ဖြစ်လာမှာပါ။

  • ဗြိစ္ဆာ
  • ကရကဋ်
  • မိန်
  • ကန်
  • ဓနု
  • မေထုန်
  • တူ
  • မကာရ
  • မိဿ
  • သိဟ်
  • ကုမ်
  • ပြိဿ

မှတ်ချက်အနေနဲ့ သိထားရမှာက ကံကောင်းတယ်ဆိုတာ လုပ်ကိုင်သမျှ အဆင်ပြေ ချောမွေ့ လွယ်နေတာကို ဆိုလိုပြီး ကံအားနည်းတယ် ဆိုတာက ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ သဘောကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ကံကောင်းတယ်ဆိုပြီး လုပ်ချင်ရာလုပ်လို့ မရသလို ကံနိမ့်နေတယ် ဆိုပြီး လက်လျှော့ အရှုံးပေးစရာ မလိုပါ။ ဘဝမှာ လွယ်လွယ်နဲ့ ရတဲ့ ဆုလာဘ်တွေထက် ခက်ခဲ ပင်ပန်းပြီးမှ ဖြစ်ပေါ်လာတဲ့ ရလဒ်ကောင်းလေး တစ်ခုက ကိုယ့်အတွက် စိတ်ချမ်းသာမှုကို ပိုပေးတတ်ပါတယ်။

ရာသီဖွားအားလုံး ၂၀၁၈ မှာ ဘေးရန်ကင်းကွာ လိုရာဆန္ဒ ပြည့်ဝနိုင်ပါစေ။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)