၂၀၁၉၊ မေလအတွက် ဂဏန်းဗေဒင်ဟောကိန်း

(၁) မည်သည့်အင်္ဂလိပ်လမဆို ၁ရက်၊ ၁၀ရက်၊ ၁၉ရက်၊ ၂၈ရက် မွေးသော ၁-ဂဏန်းသမားများ

သမားရိုးကျလုပ်ရိုးလုပ်စဉ်များထက် စွန့်စားပြီး လုပ်ကိုင်လိုစိတ်များပြားနေမည်။ အတိုက်အခံများ ရန်မနာလိုမှုများနှင့် ထိပ်တိုက်တွေ့ကြုံရကိန်း ရှိသည်။ ဖြေရှင်းရမည့် ပြသနာအချို့ကို ဖြေရှင်းနေရင်း အခြားအခက်ခဲများ ပေါ်လာတတ်သည်။မိမိအပေါ် သတိပေးစကား ပြောသူများအပေါ် လျစ်လျူရှုရင်း ထင်ရာစိုင်းလိုစိတ်များပြားတတ်သည်။ ဆက်ဆံရသောသူများ ပတ်ဝန်းကျင်မှ အဆင်မပြေဟု ယူဆထားသည့် ကိစ္စများကို အဆင်ပြေအောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ သင်တန်းတက်ခြင်း ပညာသစ် ဆည်းပူးခြင်း ကိစ္စများ ကောင်းသောအဆင်ပြေမှုရှိမည်။ လမ်းသွားနေစဉ် စိတ်မနှံသော အရူးများတွေ့ပါက မိမိသွားလိုသောခရီးကို လမ်းကြောင်းပြောင်းပြီးမှ သွားပါ။ သို့မဟုတ်ပါက အဆင်မပြေဖြစ်တတ်သည်။

ယတြာ – တနင်္ဂနွေနေ့မနက်တွင်း ဘုန်းကြီးတစ်ပါးအား အိုဗာတင်း ၃ထုပ်လှူဒါန်းပါ။

(၂) မည်သည့်အင်္ဂလိပ်လမဆို ၂ရက်၊ ၁၁ရက်၊ ၂၀ရက်၊ ၂၉ရက် မွေးသော ၂-ဂဏန်းသမားများ

ခက်ခဲနေသော အကြောင်းအရာများအပေါ် မေတ္တာတရားဖြင့် ဖြေရှင်းအဆင်ပြေမည်။ ရိုင်းပြနေသော ထင်ရာစိုင်းနေသော သူများအပေါ် မိမိပြောဆိုမှုများ နားဝင်လက်ခံခြင်းရှိမည်။ ငွေကြေးကိစ္စ လူမှုရေးကိစ္စ ပြောဆိုမှုများ အဆင်ပြေမည်။ စာရွက်စာတမ်း လက်မှတ်ရေးထိုးခြင်းများ ယခုကာလအတွင်း ရှောင်ပါ။ နိုင်ငံရပ်ခြ်ား ရပ်ဝေးနှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ လူမျိုးကွဲလူမျိးခြားအကျိုးပေးမည်။ ရည်မှန်းချက်အသစ်များ အကောင်အထည်ဖော် ဆောင်ရွက်အဆင်ပြေမည်။

ယတြာ – အင်္ဂါနေ့တွင် ခွေးစာကျွေးခြင်း ကုသိုလ်ပြုပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၃)မည်သည့်အင်္ဂလိပ်လမဆို ၃ရက်၊ ၁၂ရက်၊ ၂၁ရက်၊ ၃၀ရက် မွေးသော ၃-ဂဏန်းသမားများ

ဘာသာရေးနှင့်ဆိုင်သော ကိစ္စများ ထူးထူးခြားခြား လုပ်ကိုင်ဆောင်ရွက်ရမည်။ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေး ဆောင်ရွက်ပေးရသော အနေထားရှိမည်။ လျှို့ဝှက်ပြီး လုပ်ရသော ကိစ္စများ ပေါက်ကြားတတ်သော ကာလဖြစ်သည်။ ငွေကြေး လူလိမ်ခံရခြင်း မိမိကိုင်တွယ်သုံးစွဲနေသော ပစ္စည်းများ ငှားရမ်းပြီးမှ ပျက်စီးမှု ကြုံရတတ်သည်။ စက်ပစ္စည်း လျှပ်စစ်ပစ္စည်းများ အထိအခိုက် အပျက်အစီး များတတ်သည်။ မိတ်ဆွေတွင်းမှ စီးပွားပျက်နေသူတစ်ဦး၏ အိမ်ခြံမြေ ပေါင်နှံရောင်းချသော ကိစ္စများအပေါ် လိုက်လံကူညီ ဆောင်ရွက်ပေးရကိန်းရှီသည်။ ပစ္စည်းပျောက်ရှတတ်သည်။

ယတြာ – ကြသပတေးနေ့တွင် ပဲနို့ဘုရားလှူပြီး လိုရာဆုတောင်းပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၄) မည်သည့်အင်္ဂလိပ်လမဆို ၄ရက်၊ ၁၃ရက်၊ ၂၂ရက်၊ ၃၁ရက် မွေးသူ ၄-ဂဏန်းသမားများ

ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းအဆင်ပြေမည့်ကာလဖြစ်သည်။ သူတပါးအားကိုးခြင်းထက် ကိုယ်ထူးကိုယ်ချွန် လုပ်ကိုင်ဆောင်ရွက်ခြင်းက ပိုမိုအဆင်ပြေမည်။ ငွေကြေးကံ စီးပွားလုပ်ငန်းကံ အားကောင်းသည်။ ခရီးနှင့်ပက်သက်သော စီစဉ်မှုများ လက်တွေ့အကောင်ထည်ပေါ်လာမည်။ မိသားစုအတွင်း အလုပ်စီးပွားတိုးတက်မည်။ လောဘကြီးပြီး လုပ်ငန်းတိုးချဲ့မှုများကြောင့် မနိုင်မနင်း ဖြစ်တတ်ခြင်းကို သတိပြုရမည်။ အနေထိုင်မတတ်ပါက အကြွေးတင်တတ်သည်။ ရင်းနှီးမြုပ်နှံမှုအား များသွားခြင်းကြောင့် ငွေကြေး မလောက်ငှမှုဖြစ်တတ်ခြင်းသတိပြုပါ။ ပညာသင်တန်းနှင့်ပက်သက်သော ကံများအထူးကောင်းသည်။

ယတြာ – တနင်္လာနေ့တွင် ငါးစာကျွေးခြင်း ကုသိုလ်ပြုပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၅) မည်သည့်အင်္ဂလိပ်လမဆို ၅ရက်၊ ၁၄ရက်၊ ၂၃ရက် မွေးသူ ၅-ဂဏန်းသမားများ

မိတ်ကောင်းဆွေကောင်းများနှင့်တွေ့မည်။ အချစ်ရေး မေတ္တာရေးကံအားကောင်းသောကာလဖြစ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများမှ ကောင်းသောအကျိုး ဖြစ်ထွန်းမည်။ ဥစ္စာဓန ငွေကြေးတိုးပွားခြင်း လုပ်ငန်းအဆင်ပြေခြင်းများရှီမည်။ အလှူမင်္ဂလာ ပွဲလမ်းသဘင်များ ဖိတ်ကြားခြင်းခံရမည်။မိသားစုထဲတွင်ဖြစ်စေ အမျိုးထဲတွင်ဖြစ်စေ ကိုယ်ဝန်ဆောင်ခြင်း နိမိတ်ကို ကြားသိမြင်တွေ့ရပါက နီးစပ်ရာဆိုင်တွင် ထီကံစမ်းပါ။ အိမ်ထောင်ပရိဘောဂ ပစ္စည်းများ ဇိမ်ခံပစ္စည်းများ ၀င်လာမည်။

ယတြာ – သောကြာနေ့တွင် သစ်သီးဆွမ်း အိမ်ဘုရားတွင် ကပ်လှူပြီး လိုရာဆုတောင်းပါ။

(၆) မည်သည့်အင်္ဂလိပ်လမဆို ၆ရက်၊ ၁၅ရက်၊ ၂၄ရက် မွေးသူ ၆-ဂဏန်းသမားများ

မထင်မှတ်သော အပြောင်းလဲများ အချိုးကွေ့များပေါ်မည်။ လုပ်ငန်း နေအိမ်နေရာထိုင်ခင်းကိစ္စများ ပြောင်းလဲမှုရှိမည်။ အလုပ်တစ်ခု မပြီးခင် အခြားတစ်ခု ကူးပြောင်းလုပ်ကိုင်ရခြင်းများရှိမည်။ အရေးပါသော ငွေကြေးကိစ္စ စာရွက်စာတမ်းကိစ္စများ ဆောင်ရွက် အဆင်ပြေမည်။ နိုင်ငံခြားနှင့် ပက်သက်သောခရီးကိစ္စများ ကောင်းသည်။ အချစ်ရေး မေတ္တာရေးကိစ္စများတွင် တွေဝေဒွိဟဖြစ်စရာများ ကြုံမည်။ လည်ချောင်းနာခြင်း အသံဝင်ခြင်းများသတိပြုပါ။ စက်ပစ္စည်းများ ၀င်ကိန်းရှိသည်။

ယတြာ – တနင်္ဂနွေနေ့တွင် နေအိမ်ရှိ ပရိဘောဂ ပစ္စည်းများအား အထားအသို ပြောင်းလဲပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၇) မည်သည့်အင်္ဂလိပ်လမဆို ၇ရက်၊ ၁၆ရက်၊ ၂၅ရက် မွေးသူ ၇-ဂဏန်းသမားများ

မတော်တဆ ထိုခိုက်မှုများ သတိပြုအပ်သောကာလဖြစ်သည်။ သူတပါးကိစ္စများတွင် အမုန်းခံပြီး ကြားဝင်ဖြေရှင်းပေးရခြင်းမျိုးများ ဖြစ်တတ်သည်။ မိမိအဆင်မပြေမှုအပေါ် မနာလို အတိုက်ခံများမှုများ ရှိတတ်သည်။ မလိုအပ်ဘဲ စကားများများပြောခြင်းရှောင်ပါ ။နေထိုင်သော အိမ်ရှေ့တွင် လမ်းပြင်ခြင်း ရေပိုက်သွယ်တန်းခြင်း နိမိတ်ပေါ်ပါက ရက်ပိုင်းအတွင်း ကံကောင်းခြင်းရှိမည်။ ညီအကိုမောင်နှမများ ၏ကိစ္စများတွင် ၀င်ရောက်လုပ်ကိုင်ပေးရခြင်းများရှိမည်။ မိသားစုရေးရာကိစ္စများတွင် ဦးဆောင်ဦးရွက်ြ့ပုရခြင်း တာဝန်များထမ်းဆောင်ရတတ်ခြင်းများ ရှိမည်။

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် အသက်ရွယ်ကြီးသူတစ်ဦးအား အားဆေးလှူဒါန်းပါ။

(၈) မည်သည့်အင်္ဂလိပ်လမဆို ၈ရက်၊ ၁၇ရက်၊ ၂၆ရက် မွေးသူ ၈-ဂဏန်းသမားများ

မိမိ၏ အားနာမှု ယုံလွယ်မှုအပေါ် အခွင့်ရေးယူသူများနှင့် တွေ့ရတတ်သည်။ စွန့်စားပြီး လုပ်ရမည့်ကိစ္စများ ယခုကာလအတွင်း ဆိုင်းငံ့ထားသင့်သည်။ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများ မလုပ်သင့်သောကာလဖြစ်သည်။ လူလိမ်လူကောက်အန္တရာယ်သတိပြုရမည်။ မိသားစုအတွင်း ထင်ထားသည်နှင့် လက်တွေ့ကြား ကွာခြားမှုများ ရှိမည်။ ပစ္စည်းပေါင်နှံမှုလက်ခံခြင်းများ သတိနှင့်ဆောင်ရွက်ပါ။ သူတပါး အချစ်ရေး မေတ္တာရေး အိမ်ထောင်ရေး ကိစ္စများတွင် ၀င်ရောက် ခြင်းရှောင်ပါ။ အရာရာကိုယ်တိုင် သုံးသပ်လုပ်ဆောင်ခြင်းဖြင့် အဆင်ပြေခြင်းရှိမည်။

ယတြာ – ကြာသပတေးနေ့တွင် ဖယောင်းဆိုင် အနီ ၁၅တိုင် ဘုရားတွင်ထွန်းညှိပူဇော်ပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၉) မည်သည့်အင်္ဂလိပ်လမဆို ၉ရက်၊ ၁၈ရက်၊ ၂၇ရက် မွေးသူ ၉-ဂဏန်းသမားများ

မိမိလုပ်ကိုင်ဆောင်ရွက်မှုများအပေါ် စိတ်ဝင်စားသူများပြားမည်။ ယှဉ်ပြိုင်ပြီး လုပ်ရသောကိစ္စများ အောင်မြင်မည်။ ရပ်ဝေးနှင့်ပက်သက်သော ပညာသင်တန်းဖြေဆိုမှုများ အောင်မြင်မည်။ နေအိမ်ရှိ ကြီးကဲသူများ မတော်တဆ ထိခိုက်တတ်ခြင်း သတိပြုပါ။ အသင်းအဖွဲ့နှင့်ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက် ရခြင်းများ အဆင်ပြေမည်။ လုပ်ငန်းတိုးတက်ခြင်း ရှိမည်။ သို့သော် ငွေကြေးကံတွင် အားနည်းသည်။ ငွေမြှုပ်နေခြင်း လက်လွန်ခြင်းများဖြစ်တတ်သည်။ ကျန်းမာရေးတွင် မျက်စိ အာရုံကြော အားနည်းတတ်သည်။

ယတြာ – မျက်စဉ်းဆေးတစ်ဘူးကို သက်ကြီးရွယ်အိုတစ်ဦးအား လှူဒါန်းပါ။

ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့သာယာရှိပါစေ

ဆရာလင်းဝေအောင် (ဆန်းကျမ်းနှင့်ကေပီရှေ့ဆောင်နက္ခတ်ဗေဒင်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)