၂၀၁၉ မှာ ဖိုးကံကောင်းတွေ ဖြစ်လာမယ့် ရာသီဖွား (၃) ခု

မကြာခင် ရောက်ရှိလာတော့မယ့် ၂၀၁၉ ခုနှစ်ထဲမှာ ဘယ်ရာသီဖွားတွေက ကံအကောင်းဆုံး ဖြစ်လာနိုင်လဲ ဆိုတာကို ဗေဒင်သုတ Facebook Page ရဲ့ ပရိတ်သတ်တွေအတွက် တင်ပြပေးချင်ပါတယ်။

အနောက်တိုင်း ရာသီခွင်စနစ်အရ ၂၀၁၉ ထဲမှာ ကံအကောင်းဆုံး ဖြစ်လာနိုင်တဲ့ ရာသီဖွား (၃) ခုကတော့ ကန်ရာသီ၊ ဓနုရာသီနဲ့  ဗြိစ္ဆာရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ဒီရာသီဖွား (၃) ခုဟာ ၂၀၁၉ ထဲမှာ သိသာထင်ရှားတဲ့ ကောင်းသော အပြောင်းအလဲတွေကို ကြုံတွေ့ရတတ်ပြီး ဘဝမှာ အမှတ်တရ ထင်ကျန်ရစ်မယ့် အကောင်းဆုံး အချိန်ကာလကိုလည်း ဖြတ်သန်းရနိုင်ပါတယ်။

၁။ ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

နက္ခတ်ဗေဒင်စနစ်အရ ၂၀၁၉ ရဲ့ အကောင်းဆုံး ရာသီဖွားကို ပြပါဆိုရင် ကန်ရာသီက ထိပ်ဆုံးကနေ နေရာယူ ရပ်တည် လာပါလိမ့်မယ်။ အသက်မွေးဝမ်းကျောင်းအရ အောင်မြင်မှုတွေ ရယူလာနိုင်မှာ ဖြစ်သလို ဆုံးဖြတ်ချက် ပြတ်သား ခိုင်မာမှု၊ ဇွဲလုံ့လ ကြီးမားမှုတွေကြောင့်လည်း တစ်နှစ်တာလုံးမှာ အဆင်ပြေ သာယာမှုတွေနဲ့ ပြည့်ဝ လွှမ်းခြုံနိုင်ပါလိမ့်မယ်။ နှစ်ဆန်းပိုင်းလတွေမှာ အခက်အခဲတချို့ တွေ့ရတတ်ပြီး နှလုံးသားရေးနဲ့ အလုပ်ကိစ္စမှာ ပြဿနာလေးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်ပျက်လက်လျှော့ မသွားဘဲ ဆက်ပြီး ကြိုးစားနေမယ်ဆိုရင် ၂၀၁၉ ဟာ အောင်မြင်မှုနဲ့ ချမ်းသာသုခတွေကို အရယူပေးမယ့်နှစ်ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

၂။ ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အထိ)

အလုပ်သစ်၊ နေရာသစ်၊ အင်္ကျီသစ်၊ ဘောင်းဘီသစ် ဆိုတာ ၂၀၁၉ ရဲ့ အဓိကသော့ချက် စကားလုံးတွေပါပဲ။ ဒီနှစ်ထဲမှာ အလုပ်အကိုင်သစ်တွေ ပေါ်လာမယ်၊ နေရာ အပြောင်းအလဲတွေ ဖြစ်လာမယ်။ ယုတ်စွအဆုံး လူပျို၊ အပျိုဆိုရင် ဘဝသစ် ပြောင်းတဲ့ အနေနဲ့ အိမ်ထောင်ပါ ကျတတ်ပါတယ်။ အသစ်တွေ ကြုံရမယ့်သူ ဆိုတော့ အစောပိုင်းမှာ ဖြစ်နေကျ အခက်အခဲလေးတွေ ရှိနေမှာပါ။ ဒါပေမယ့်လည်း ၂၀၁၉ ဟာ ကံကောင်း၊ အောင်မြင်မှုတွေ သယ်ဆောင်လာမှာမို့ ခဏ သည်းခံပေးလိုက်ပါ။ ဘာပဲလုပ်လုပ် ကြီးကြီးမားမားတွေကိုပဲ ကြံစည် အားထုတ် လုပ်ကိုင်ပါ။ သတ္တိ ရှိဖို့ လိုအပ်သလို သတိထား လုပ်ကိုင်ဖို့လည်း အကြံပြုချင်ပါတယ်။

၃။ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အထိ)

ဖြစ်ချင်တာတွေ ဖြစ်လာမယ့်၊ လိုချင်တာတွေ ရယူနိုင်မယ့် ရွှေရောင်ကာလဟာ ၂၀၁၉ ခုနှစ်လို့ ဆိုရမှာပါ။ ကိုယ်ပိုင်လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းကဏ္ဍတွေတင် မကဘဲ လူမှုရေး၊ နှလုံးသားရေးတွေမှာလည်း ဒီနှစ်ဟာ စိတ်ချမ်းသာ ကျေနပ်စရာတွေကို ဖန်တီးပေးပါလိမ့်မယ်။ နဂိုအရည်အသွေးအရ ကိုယ် ဖြစ်ချင်၊ လုပ်ချင်တာကို ရဲရဲ လုပ်ချဝံ့တဲ့ ဗြိစ္ဆာတွေဟာ ဒီနှစ်ထဲမှာလည်း ကိုယ့်ဆန္ဒ စိတ်ကူးတွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ပါတော့မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) ထီ၊ လောင်းကစားလို ကံစမ်းကိစ္စတွေရော၊ ဥာဏ်ရည်ဥဏ်သွေး ထည့်ရတဲ့ စွန့်စားမှုတွေမှာရော အောင်မြင်မှုတွေ ရတတ်ပါတယ်။ စီးပွားဥစ္စာလညး တိုးပွားလာနိုင်ပါတယ်။

ရာသီဖွားအားလုံးအတွက် မင်္ဂလာနှစ်သစ် ဖြစ်ပါစေ

ဧက

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)