၂၀၂၀ မှာ ဘဝအလှည့်အပြောင်း ဖြစ်လာမယ့် ရာသီဖွားများ

အနောက်တိုင်းနက္ခတ်ဗေဒင်အရ ၂၀၂၀ ပြည့်နှစ်မှာ ဘဝအလှည့်အပြောင်း ကြီးကြီးမားမား ကြုံတွေ့ရတော့မယ့် ရာသီဖွား (၅) ခု ရှိပါတယ်။ ဒီရာသီဖွားတွေကတော့ ပြိဿ၊ သိဟ်၊ ကန်၊ မကာရနဲ့ မိန်တွေပဲ ဖြစ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ) – လုံးဝ မထင်မှတ်တဲ့ အပြောင်းအလဲကြီးတွေ ဒီနှစ်ထဲမှာ ဖြစ်ပျက်လာနိုင်ပါတယ်။ လုပ်နေကျ အလေ့အကျင့်တွေ ၊ လည်ပတ်နေကျ ပုံစံဓလေ့တွေ အကုန် စွန့်ပြီး နေရာသစ်၊ ပုံစံသစ်၊ ဖြစ်တည်မှုအသစ်တွေ ပေါ်လာပါလိမ့်မယ်၊ အဟောင်းတွေ အကုန် ခွာချပြီး အသစ်တွေ အကုန် ပြောင်းလဲပစ်မယ့် နှစ်ဟာ ၂၀၂၀ ပဲ ဖြစ်ပါတယ်။ သေချာမှု တစ်ခု ပြောကြကြေးဆို လူသစ်စိတ်သစ်၊ စတိုင်သစ် အားလုံး အသစ်တွေချည်း ဖြစ်တည်လာပါတော့မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ) – အတိတ်တွေ အကုန် ပစ်ချထားခဲ့ပြီး အသစ်တွေနောက် ကောက်ကောက် ပါအောင် လိုက်တော့မယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်။ အရင်က မလုပ်ဖူး၊ မလုပ်ရဲ၊ မစမ်းခဲ့တဲ့ အရာတွေ အကုန်လုံးကို ဒီနှစ်ထဲမှာ စမ်းကြည့်၊ လုပ်ကြည့်၊ ထိတွေ့ကြည့်ရင်း အသစ်အဆန်းတွေချည်း လုပ်ချင်လာပါလိမ့်မယ်။ ဘဝက အရင်နေသားကျခဲ့တဲ့ ပုံသဏ္ဍာန်နဲ့ မတူတော့ဘဲ လုံးဝ အသစ်တွေနဲ့ ရှေ့ဆက်ရပါလိမ့်မယ်။ လူဟောင်း၊ အကျင့်ဟောင်းတွေ ထားခဲ့ရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ) – အရင်က မလုပ်ဖူး၊ အတွေ့အကြုံ မရှိဖူးခဲ့တဲ့ အရာတွေ အားလုံးကို ဒီနှစ်ထဲမှာ လုပ်ကြည့်၊ ဖြစ်ကြည့်ဖို့ ခွန်အား သတ္တိတွေ ရရှိလာပါလိမ့်မယ်။ အလုပ်တွေ တိုးချဲ့ကြည့်မယ်၊ မလုပ်ဖူးတာတွေ စမ်းကြည့်မယ်။ အသစ် မှန်သမျှ အားလုံးကို ခြေစမ်းကြည့်ချင်လာပါမယ်။ တစ်ယောက်တည်း နေသူဆို အပေါင်းအဖော်တွေ ခင်မင်လာတတ်ပြီး ဘာမဆို လုပ်ကြည့် စမ်းကြည့်ဖို့လည်း စွန့်စားရဲတဲ့ စိတ်ဓာတ်တွေ ပြင်းပြ ထက်သန်လာဖို့ ရှိနေပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ) – နေရာသစ်၊ အလုပ်သစ်၊ ပုံစံသစ်တွေ စောင့်မျှော်နေတဲ့ ၂၀၂၀ ဖြစ်ပါတယ်။ အပြောင်းအလဲတွေ အားလုံးကို လက်သင့်ခံတတ်ဖို့ လိုမှာ ဖြစ်ပြီး အတင်းတောင့်ခံရင်တော့ အဆင်မပြေနိုင်ပါဘူး။ အရင်တုန်းက စမ်းကြည့်ဖို့ မဝံ့ခဲ့တာတွေ၊ မလုပ်ရဲမကိုင်ရဲ ဖြစ်ခဲ့တာတွေ အကုန်လုံးကို စွန့်ပြီး အသစ်အသစ်တွေမှန်သမျှ အရာအားလုံး စမ်းကြည့် လုပ်ကြည့်ရမယ့် နှစ် ဖြစ်ပါတယ်။ အဟောင်းတွေကို ရဲရဲ စွန့်ပစ်ရမယ့် နှစ်သစ်အဖြစ် ကြိုဆိုပေးပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ) – ဒီနှစ် ၂၀၂၀ မှာ ဘာတွေပဲ ဖြစ်လာလာ၊ အားလုံး ကောင်းဖို့ ဖြစ်လာတယ်ပဲ မှတ်ယူလိုက်ပါ။ အခြေအနေမှန်ကို နားလည်လာသလို တကယ့် အစစ်အမှန်လူတွေ၊ အရာတွေက ဘာတွေလဲ ဆိုတာကိုလဲ သိမြင် သဘောပေါက်လာပါလိမ့်မယ်။ ကိုယ် ဖြစ်ချင်တာကို ဖြစ်ဖို့ ခက်ခဲမှာ သေချာပေမယ့် အဲဒီခက်ခဲကြမ်းတမ်းမှုတွေကြားကပဲ အောင်မြင်မှုဆီကို အရောက်လှမ်းနိုင်ပါလိမ့်မယ်။ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာပါစေ အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ပေးပါ။

မင်္ဂလာရှိသော၊ ကံကောင်းသော အလှည့်အပြောင်းတွေနဲ့သာ ကြုံဆုံကြပါစေသတည်း – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)