၂၀၂၁ ခုနှစ် ရာသီခွင်ဗေဒင်ဟောစာတမ်း (အပိုင်း- ၁)

၂၀၂၁ ခုနှစ်အတွက် ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း အပိုင်း (၁) ကို တင်ပေးလိုက်ပါတယ်။ အပိုင်း (၂) မှာ ကျန်တဲ့ ရာသီခွင် ၆ ခုကို ဆက်လက် ဖော်ပြပေးပါမယ်။ နှစ်သစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေလည်း ပြည့်ဝနိုင်ကြပါစေလို့ ဗေဒင်သုတ Page ကနေ ဆုတောင်းပေးပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – နှစ်ဆန်းပိုင်းမှာ ငွေများများ ဝင်ကိန်း ရှိတယ်။ ၄ လပိုင်းမှာ ဘဝနဲ့ဆိုင်တဲ့ အပြောင်းအလဲသစ်တွေ စတင်နိုင်တယ်။ အလုပ်ကံ အဆိုးနဲ့အကောင်း ယှဉ်နေမယ်။ ကြိုးစားမှုကသာ အဓိက ဖြစ်တယ်။ မေတ္တာရေးမှာ ဖြစ်ချင်တာတွေ အကောင်အထည်ဖော်နိုင်မယ်။ ၈ လနဲ့ ၉ လပိုင်းတွေမှာ ကံကောင်း အဆင်ပြေပေမယ့် ၁၀ လပိုင်းမှာ ညံ့နိုင်တယ်။ ၂ လပိုင်းနဲ့ ၄ လပိုင်းမှာ လိုအင်ဆန္ဒတွေ ပြည့်ဝအောင်မြင့်မယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – လုပ်ငန်းပိုင်းမှာ ကြိုးစားအားထုတ်မှုတွေ အောင်မြင်မယ်။ ၄ လပိုင်းကုန်နဲ့ ၆ လပိုင်းတွေမှာ အခွင့်အလမ်းတွေ၊ အပြောင်းအလဲကောင်းတွေ ပေါ်လာနိုင်တယ်။ နှစ်လယ်ပိုင်းမှာ အချစ်ရေး ကံဇာတာ ထူးခြားမယ်။ အဆင်မပြေတာတွေကို ညှိနှိုင်းနိုင်မယ်။ နှစ်စကနေ ၃ လပိုင်းထိ ဘဝမှာ ဖြစ်ချင်တာနဲ့ စိတ်ကူးထားတာတွေကို ရဲရဲကြီး လုပ်ပစ်လိုက်ပါ။ အခက်အခဲတွေ ရှိပေမယ့် ကျော်ဖြတ်အောင်မြင်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၁) – နှစ်စမှာ အလုပ်ကံတွေ ကောင်းလာမယ်။ ၃ ပိုင်းမှာ အခက်အခဲတွေကို ဖြတ်သန်းရမယ်။ ဒါပေမဲ့ စိတ်ကူးရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်မယ်။ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ဖို့ လိုတယ်။ တစ်နှစ်တာလုံးမှာ နှလုံးသားရေးကံတွေ ကောင်းနေတတ်ပြီး ၈ လပိုင်းနဲ့ ၁၀ လပိုင်းကြားမှာ စိတ်လှုပ်ရှားစရာ ရင်ခုန်ရတာတွေ များမယ်။ ဒါပေမဲ့ ၆ လပိုင်းမှာတော့ စိတ်ညစ်စရာတွေ များမယ်။ အတော့်ကို သည်းခံရမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၂ – ဇူလိုင် ၂၂) – အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ အလှည့်အပြောင်းကြီးတွေ ဖြစ်လာနိုင်တယ်။ သည်းခံအောင့်အီးရတာတွေ များပေမယ့် အသားကျသွားတဲ့အခါ အဆင်ပြေမယ်။ ၅ လပိုင်းနဲ့ ၆ လပိုင်းတွေမှာ အလုပ်ကံကောင်းမယ်။ ၂ လပိုင်းနဲ့ ၇ လပိုင်းမှာ ငွေကြေးကံထူးတတ်တယ်။ ချေးငွေကိစ္စတွေ အမွေအနှစ်ကိစ္စတွေ ပေါ်လာမယ်။ မေတ္တာရေးမှာ တည်ငြိမ်မှု ရှိမယ်။ နှစ်စနဲ့ ၁၁ လပိုင်းမှာ ပျော်ရွှင်ရလိမ့်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃-သြဂုတ် ၂၂) – ပြင်ပလူမှုဆက်ဆံရေးက ဒီနှစ်မှာ အဓိက ကျလာမယ်။ လူအများနဲ့ ဆက်စပ်လုပ်ကိုင်လာရမယ်။ မေတ္တာရေး၊ အိမ်ထောင်ရေးကံတွေ ထူးခြားပွင့်လန်းလာနိုင်တယ်။ ချစ်ရသူတွေနဲ့ နီးစပ်ခွင့် ရမယ်။ အလုပ်ကိစ္စမှာ သူများနဲ့မတူဘဲ ခွဲထွက်လုပ်ကိုင် အောင်မြင်နိုင်မယ်။ စပ်တူစပ်ဖက်အလုပ်တွေ ကောင်းမယ်။ ၅ လပိုင်းနဲ့ ၈ လပိုင်းတွေမှာ ငွေကြေးကံကောင်းတတ်တယ်။ ပြဿနာတွေ ပြေလည်မှု ရရှိမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃-စက်တင်ဘာ ၂၂) – ၄ လပိုင်းမှာ အလုပ်ကံ ထူးခြားနိုင်တယ်။ နေရာတကာတိုင်းမှာ အသေးစိတ် လိုက်လုပ်တာ၊ စေ့စပ်ချင်တာတွေက ကိုယ့်ကို ဒုက္ခပေးမယ်။ အရင်ကထက် ကြိုးစားအားထုတ်မှု ပိုလိုလာမယ်။ ၆ လပိုင်းမှာ အသစ်အဆန်းတွေ ကြိုးစားကြည့်ရင်း အောင်မြင်မှု ရတတ်တယ်။ နှလုံးသားရေးကံ အားနည်းနိုင်တယ်။ သည်းခံစိတ်ရှည်မှုတွေ လိုအပ်မယ်။ ဒါပေမဲ့ ၃ လပိုင်းနဲ့ ၉လပိုင်းမှာ စိတ်ချမ်းသာမှု ရမယ်။

တူကနေ မိန်အထိ ကျန် ရာသီခွင်တွေအတွက် မကြာခင် ဆက်လက် ဖော်ပြပေးပါမယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)