၂၀၂၁ ခုနှစ် ရာသီခွင်ဗေဒင်ဟောစာတမ်း (အပိုင်း- ၂)

၂၀၂၁ ခုနှစ်အတွက် ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်း အပိုင်း (၂) ကို တင်ပေးလိုက်ပါတယ်။ အပိုင်း (၁) မှာ မိဿကနေ ကန်အထိ ရာသီခွင် (၆) ခုကို ဖော်ပြပေးခဲ့ပြီး အခု တူကနေ မိန်အထိ ရာသီခွင် (၆) ခုအတွက် ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃-အောက်တိုဘာ ၂၂) – အရင်နဲ့မတူတဲ့ အတွေးအမြင်သစ်တွေ ရလာဖို့ ရှိတယ်။ အိုင်ဒီယာသစ်တွေနဲ့ လုပ်ငန်းစီးပွား ကောင်းသထက်ကောင်းအောင် လုပ်ပြနိုင်မယ်။ ၁ လပိုင်းမှာ အရေးကြီးတဲ့ လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲရမယ်။ ၁၀ လပိုင်းမှာ အခြေအနေ ကောင်းမယ်။ မေတ္တာရေးကံ ထူးခြားလာမယ်။ ကောင်းဆိုး ယှဉ်တွဲနေမယ်။ ၄ လပိုင်းနဲ့ ၈ လပိုင်းမှာ နှလုံးသားရေးကံဇာတာ ထင်ရှားပေါ်လွင်လာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ ၂၃-နိုဝင်ဘာ၂၂) – အလုပ်နဲ့ မိသားစုဘဝက ဒီနှစ်မှာ ကိုယ့်အတွက် အရမ်းကိုပဲ အရေးပါလာလိမ့်မယ်။ အလုပ်အကိုင် တည်ငြိမ်မှု ရှိမယ်။ ကိုယ့်အရည်အချင်းကိုလည်း ပြသနိုင်မယ်။ မိသားစုနဲ့ အိမ်တွင်းရေးတွေက ၅ လပိုင်းထိ ကိုယ့်ကို လွှမ်းမိုးနေမယ်။ ငွေကြေး ချင့်ချိန်ရတာတွေ များမယ်။ နှစ်ကုန်ပိုင်း အကျပ်အတည်း ဖြစ်နိုင်တယ်။ ဒီနှစ်မှာ နှလုံးသားရေးကံ မတည်မငြိမ် ဖြစ်မယ်။ ၃ လပိုင်း၊ ၁၀ ပိုင်းမှာ ညံ့မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ၂၃-ဒီဇင်ဘာ၂၀) – ၁ ပိုင်းနဲ့ ၅ လပိုင်းတွေမှာ ထူးခြားတဲ့ ကံကောင်းခြင်းတွေ ကြုံရမယ်။ ငွေကံပွင့်တာ၊ ကိုယ်လုပ်တာကို အသိအမှတ်ပြု ခံရတာတွေ ဖြစ်မယ်။ အလုပ်နဲ့ ပတ်သက်လို့ ၈ လပိုင်းနဲ့ ၉ လ ပိုင်းတွေမှာ ကံကောင်းနိုင်တယ်။ လူတွေကို ဆွဲဆောင်စည်းရုံးနိုင်စွမ်း ကောင်းနေမယ်။ ၅ လပိုင်းနဲ့ ၁၂ လပိုင်း ကံဇာတာ အတက်အကျ များမယ်။ မေတ္တာရေးမှာ အစွန်းရောက်တတ်တယ်။ ၄ လနဲ့ ၅ လပိုင်းမှာ သတိပြုပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား(ဒီဇင်ဘာ ၂၁-ဇန်နဝါရီ၁၉) – ငွေရေးကြေးရေး ကံထူးမယ့်နှစ် ဖြစ်တယ်။ ဝင်ငွေရလမ်း တိုးပြီး ရလာတာကိုလည်း ထိန်းသိမ်းနိုင်မယ်။ အလုပ်မှာ ကိုယ်စွမ်းကိုယ်စကို ထုတ်ပြပြီး အကောင်းဆုံးရလဒ်တွေကို ဖန်တီးပြနိုင်မယ်။ လုပ်သာကိုင်သာ ရှိမယ့်နှစ်လည်း ဖြစ်တယ်။ ၂ လပိုင်းနဲ့ ၆ လပိုင်းတွေမှာ ငွေကြေးကံဇာတာ ထူးခြားတတ်တယ်။ နှလုံးသားရေး ကံခေတတ်တဲ့နှစ် ဖြစ်တယ်။ တဇွတ်ထိုး၊ မိုက်ရူးရဲဆန်တာကို ရှောင်ရမယ်။

ကုမ်ရာသီဖွား(ဇန်နဝါရီ ၂၀-ဖေဖော်ဝါရီ ၁၈) – ဘဝအပြောင်းအလဲ ကြီးကြီးမားမား ကြုံတွေ့ရမယ့်နှစ် ဖြစ်တယ်။ ကောင်းသော အပြောင်းအလဲတွေပဲ ဖြစ်ဖို့ များတယ်။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ ရလာနိုင်တယ်။ စီးပွားလည်း တက်လိမ့်မယ်။ နှစ်ဆန်းပိုင်းတည်းက အောင်မြင်မှု ရတတ်တယ်။ သတ္တိရှိဖို့ စွန့်စားရဲဖို့ပဲ လိုတယ်။ အချစ်ရေးကိစ္စတွေ ၆ လနဲ့ ၇ လပိုင်းမှာ ကောင်းမယ်။ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေး ပြတ်တတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉-မတ် ၂၀) – ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းကိစ္စတွေမှာ ပိုပြီး ရုန်းကန်ရလိမ့်မယ်။ ဘယ်အရာကိုမှ သက်တောင့်သက်သာနဲ့ အလွယ်တကူ မရဘဲ ဖြစ်လာမယ်။ အနစ်နာခံ အပင်ပန်းခံရတာတွေ များလာနိုင်တယ်။ ၉ လပိုင်းနဲ့ ၁၂ လပိုင်းမှာတော့ ပျော်ရွှင်ကံကောင်းမှုတွေ ကြုံရတတ်တယ်။ မေတ္တာရေးမှာ နှလုံးသားထက် ဦးနှောက်ကို ဦးစားပေးလာရလိမ့်မယ်။ ၃ လပိုင်းနဲ့ ၄ လပိုင်းတွေမှာ စိတ်ညစ်စရာ များရမယ်။

၂၀၂၁ အတွက် ရာသီခွင်ဟောစာတမ်း အပိုင်း (၁) ကို ဗေဒင်သုတ Page မှာ ပြန်ရှာဖတ်နိုင်ပါတယ်။ နှစ်သစ် အခါသမယမှာ ကံကောင်းခြင်းတွေသာ ခံစား စံစားရရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)