၂၀၂၁ အလုပ်အကိုင်၊ စီးပွားရေး ရာသီခွင်ဟောစာတမ်း

အလုပ်တွေ ရပ်နားရတာ၊ လုပ်ငန်းတွေ လူလျှော့ရတာ၊ စီးပွားရေးတွေ ကျပ်ကုန်တာ စတဲ့ အခက်အခဲတွေကို ကြုံနေရတဲ့ ၂၀၂၁ ဒီနှစ်ထဲမှာ ကိုယ့်လုပ်ငန်းစီးပွား၊ အသက်မွေးမှုကံကြမ္မာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ၁၂ ရာသီခွင်ဗေဒင်ရှုထောင့်ကနေ အဖြေရှာ ဟောကိန်းထုတ်ပေးထားပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ) – ဒီနှစ်မှာ အလုပ်အကိုင်ကံဇာတာ ကောင်းမယ်။ ဒါပေမယ့် အခက်အခဲတွေလည်း ဒွန်တွဲ ရှိနေဦးမယ်။ ဘယ်အရာမှ အချောင်မရနိုင်လို့ ကိုယ့်တိုင်က သေချာကို ကြိုးစားထားရမယ်။ ဇွန်၊ ဇူလိုင်မှာ ကံအားနည်းတတ်ပြီး အောက်တိုဘာ၊ နိုဝင်ဘာမှာ အလုပ်တွေ ပိုများမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ) – ရည်မှန်းသလောက် မအောင်မြင်တတ်ပေမယ့် လုပ်သလောက်တော့ ပြန်ရမယ့်နှစ် ဖြစ်တယ်။ အခက်အခဲအတားအဆီးတွေကြားက ဖြတ်သန်းလုပ်ကိုင်ရမယ်။ ဧပြီနှောင်းပိုင်းမှာ ကံဇာတာ အားနည်းတတ်ပြီး နှစ်ကုန်ပိုင်း ရောက်လာလေ အောင်မြင်မှု ရလေ ဖြစ်လိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ) – အရင်နှစ်က အဆင်မပြေသမျှ ဒီနှစ်မှာ အတိုးချ အောင်မြင်မှု ရလာမယ်။ ကြံစည်ကြိုးစားသမျှလည်း အောင်မြင်ဖြစ်ထွန်းလွယ်လိမ့်မယ်။ တတ်ကျွမ်းတဲ့ ပညာနဲ့ အရည်အချင်းကို ပြသနိုင်မယ်။ တခြားကို စိတ်မများဘဲ တစ်ခုခုကို ပစ်မှတ်ထား ကြိုးစားနိုင်ရင် ပိုကောင်းမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ) – အလုပ်စီးပွားကံဇာတာ အတက်အကျတွေ ရှိနေလို့ ကိုယ့်ဘက်က အားစိုက်ကြိုးစားပါမှတည်ငြိမ်တဲ့အခြေအနေကို ရပါလိမ့်မယ်။ စိတ်ဖိစီးစရာတွေနဲ့အတူ အောင်မြင်မှုကိုလည်း အရယူနိုင်မယ်။ နှစ်အလယ်ပိုင်းမှာ ကံပိုကောင်းတတ်ပြီး ကျန်လတွေမှာ ပင်ပန်းရမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ) – ဒီနှစ်မှာ လူမှုဆက်ဆံရေးပြဿနာတွေက အလုပ်အကိုင်၊ စီးပွားရေးအပေါ် အများကြီး လွှမ်းမိုးရိုက်ခတ်လိမ့်မယ်။ လုပ်ငန်းခွင် ဆက်ဆံရေး၊ လုပ်ငန်းဖက် ပါတနာ၊ စပ်တူရှယ်ယာကိစ္စတွေမှာ သည်းခံစိတ်ရှည်ဖို့ လိုမယ်။ မျှော်လင့်ချက်တချို့ ဖြစ်မလာတာ ကြုံရမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ) – အခက်အခဲတွေကြားကအခွင့်အရေး ရှာဖွေရမယ့်နှစ် ဖြစ်တယ်။ ကြိုးစားထားတဲ့ ရလဒ်တွေ ပေါ်လာအောင်လို့ သည်းညည်းခံ စောင့်ဆိုင်းရလိမ့်မယ်။ ရည်မှန်းတာတွေ အောင်မြင်နိုင်ပေမယ့် အလုပ်တာဝန်တွေ ပြုံကျလာနိုင်တယ်။ မနိုင်ဝန်ထမ်းရသလို ဖြစ်မယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ) – လုပ်ငန်းစီးပွားကံ အောင်မြင် ထူးခြားနိုင်တယ်။ အလုပ်ပြောင်း၊ နေရာပြောင်းတွေမှာ ချက်ချင်း မအောင်မြင်ဘဲ စိတ်ရှည်နိုင်မှ အဆင်ပြေမယ်။ အလုပ်ကနေ ငွေကြေးအကျိုးအမြတ် များများ ဝင်လာမယ်။ ကြုံသလို ဆုံးဖြတ်လုပ်ကိုင်တာမျိုးကို ရှောင်ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – အလုပ်အကိုင်စီးပွားရေး ဇာတာ တက်မယ့်နှစ် ဖြစ်လို့ ကြိုးစားအားထုတ်မှုတွေလည်း အရာထင်အောင်မြင်မယ်။ အိမ်ခြံမြေ၊ ယာဉ်ကားကိစ္စတွေ အဆင်ပြေ စိတ်တိုင်းကျမယ်။ လုပ်ငန်းတိုးချဲ့ရင် ကြီးပွားကိန်း ရှိတယ်။ စပ်တူရှယ်ယာတွေတော့ သတိထားပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ) – ဒီနှစ်မှာ မျှော်လင့်ထားတဲ့ လုပ်ငန်းတွေ အကောင်အထည် ဖော်နိုင်မယ်။ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချရလိမ့်မယ်။ ရပ်နီးရပ်ဝေးက အဆက်အသွယ် အချိတ်အဆက်တွေ ပေါ်လာနိုင်တယ်။ စပ်တူလုပ်ငန်းတွေ အောင်မြင်မယ်။ နိုင်ငံရပ်ခြားကိစ္စ အဆင်ပြေမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ) – လုပ်ငန်းစီးပွားကဏ္ဍမှာ ထင်ရှားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲကြီးတွေ ပေါ်လာနိုင်တယ်။ အလုပ်ပြောင်း၊ နေရာပြောင်းကိစ္စမှာ လိုအင်ဆန္ဒတွေ ပြည့်ဝမယ်။ ရာထူးတိုး၊ လစာတိုးတွေ ဖြစ်လာမယ်။ အလုပ်တွေ ကောင်းလာသလို ဝင်ငွေလည်း တိုးလာမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ) – ကိုယ်ပိုင်လုပ်ငန်းရော စပ်တူရှယ်ယာ အကျိုးတူ စီးပွားရေးမှာပါ အထိုက်အလျောက် အောင်မြင်မှု ရမယ်။ လုပ်ငန်း တိုးချဲ့တာ၊ အသစ် စမ်းသပ်တာမျိုး ကောင်းတယ်။ မိတ်ဆွေတွေနဲ့ တွဲလုပ်ရင် ပိုအဆင်ပြေမယ်။ လုပ်ငန်းကနေ အမြတ်အစွန်းများများ ရလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ) – ဒီနှစ် အလုပ်အကိုင်၊ အသက်မွေးမှုကိစ္စမှာ အပြိုင်အဆိုင်တွေ၊ စိတ်ဖိစီးမှုတွေ များလာနိုင်သလို တစ်ဖက်ကလည်း တိုးတက်ဖြစ်ထွန်းမှုတွေကို ကြုံရမယ်။ နိုင်ငံရပ်ခြားနဲ့ ဆက်စပ်လုပ်ကိုင်သူတွေဆို ပိုထူးခြားမယ်။ ရင်းနှီးမြှုပ်နှံမှုတွေကနေ အကျိုးအမြတ် ဝင်လာမယ်။

၁၂ ရာသီခွင်ဖွားအားလုံး ဒီတစ်နှစ်မှာ ဘေးရန်ကင်းကွာ ချမ်းသာရကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)