၂၀၂၄ ခုႏွစ္အတြက္ သခ်ၤာေဗဒ တစ္ႏွစ္စာ ေဟာစာတမ္း

၂၀၂၄ ခုႏွစ္အတြက္ ကိုယ့္ဇာတာဘယ္လိုအေနထားရွိမလဲ ႏွစ္သစ္မွာ ဘယ္လိုျဖတ္သန္းရမလဲ စသျဖင့္ သိရွိလိုသူမ်ားအတြက္ ကိုယ္တိုင္ တြက္ခ်က္ေဟာေျပာႏိုင္ေသာ အေနာက္တိုင္း သခ်ၤာေဗဒ (ဝါ) ဂဏန္းေဗဒင္ေဟာကိန္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒီနည္းစနစ္မွာေတာ့ မိမိရဲ႕ ေမြးရက္၊ ေမြးလကို သိရွိဖို႔လိုပါတယ္။ မိမိရဲ႕ေမြးလ၊ ေမြးရက္ကို ႏွစ္သစ္ ၂၀၂၄ ခုႏွစ္နဲ႔ ေပါင္းရပါမယ္။ ေပါင္းလို႔ရတဲ့ ဂဏန္းကို ေနာက္ဆုံး ဂဏန္းတစ္လုံးတည္း ရသည္အထိ ဆက္ေပါင္းၿပီး ကိုယ့္ရဲ႕ႏွစ္သစ္ ကံဇာတာေဟာကိန္းကို ဖတ္ရႈႏိုင္ပါတယ္။

ဥပမာ… ကိုယ့္ေမြးသကၠရာဇ္ဟာ ၄.၅.၁၉၈၈ ျဖစ္တယ္ဆိုပါစို႔။ ၁၉၈၈ ကို ဖယ္ၿပီး ကိုယ့္ေမြးရက္ ေမြးလ ျဖစ္တဲ့ ၄+၅ ကို ေပါင္းလိုက္ရင္ ၉ ရပါတယ္။ အဲဒီ ၉ ဂဏန္းကို ၂၀၂၄ နဲ႔ ဆက္ ေပါင္းလိုက္ပါ။ ၂၀၃၃ ရလာပါမယ္။

ဒါကို တစ္လုံးတည္းျဖစ္ေအာင္ ထပ္ေပါင္းမယ္ဆိုရင္ ၂+ဝ+၃+၃= ၈ ဂဏန္း ရရွိတဲ့အတြက္ လာမယ့္ ႏွစ္သစ္ဟာ ကိုယ့္အတြက္ (၈) ဂဏန္း စိုးမိုးႏွစ္ျဖစ္ေၾကာင္း သိရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ စိုးမိုးဂဏန္း ၈ ရဲ႕အေဟာကို ဖတ္ရႈျခင္းအားျဖင့္ မိမိရဲ႕ႏွစ္သစ္ ကံဇာတာကို သိရွိႏိုင္မွာျဖစ္ပါတယ္။ အေနာက္တိုင္း သခ်ၤာေဗဒ (ဝါ) ဂဏန္းေဗဒင္ ေဟာကိန္းအတြက္ စိုးမိုးဂဏန္း (၉)ခု ရွိပါတယ္။ ဖတ္ၾကည့္ပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

(၁) ဂဏန္းစိုးမိုးသူမ်ား … လုပ္ငန္းသစ္၊ အႀကံအစည္သစ္မ်ား၊ စီမံကိန္းအသစ္မ်ား စတင္ လုပ္ေဆာင္ရမည္။ လြန္ခဲ့ေသာႏွစ္မ်ားက လ်ာထားခ်က္မ်ား ရည္မွန္းခ်က္မ်ားကို စတင္ လုပ္ကိုင္ေဆာင္႐ြက္သင့္သည္။ မိမိကိုယ္ကို အားကိုးအားထားျပဳၿပီး ကိုယ္တိုင္ ႀကိဳးပမ္းအားထုတ္မႈမ်ား အရာထင္လာမည္။ အေတြးအေခၚေကာင္းမ်ားေပၚထြန္းၿပီး လုပ္ငန္းဘဝအေျခအေန တိုးတက္ေျပာင္းလဲမႈမ်ား ျဖစ္ထြန္းမည္။ အနာဂတ္အတြက္ ျဖစ္ထြန္းလာမည့္ ကံတရားမ်ိဳးေစ့ကို စတင္ပ်ိဳးႀကဲရမည့္ႏွစ္ျဖစ္ၿပီး အမွန္တကယ္ သီးပြင့္ျဖစ္ထြန္းလာေပမည္။ အတၱႀကီးျခင္း၊ တစ္ကိုယ္ေကာင္းဆန္ျခင္း၊ ႏိုင္ထက္စီးနင္းျပဳျခင္းမ်ားကို သတိႏွင့္ေရွာင္ၾကဥ္ရပါမည္။ သို႔မွသာ ပိုမိုေအာင္ျမင္တိုးတက္ေသာ ကံအေနအထားကို ရရွိေပမည္။

(၂)ဂဏန္းစိုးမိုးသူမ်ား…ကံတရား အနိမ့္အျမင့္အတက္အက် ျမန္ဆန္တတ္ေသာ ႏွစ္ကာလမ်ိဳး ျဖစ္သည္။ စိတ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈလည္းျမန္ဆန္ေနတတ္မည္။ မိသားစု အိမ္တြင္းေရး စိတ္ပူပန္ရမႈအခ်ိဳ႕ ရွိတတ္သည္။ မိတ္ေဆြသူငယ္ခ်င္းအခ်ိဳ႕ထံမွ အကူအညီေထာက္ပံ့မႈရမည္။ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာတည္ၿငိမ္မႈ ရွိရပါမည္။ ရရန္ရွိေသာ ေငြေၾကးကိစၥမ်ား ျပန္လည္ ေတာင္းခံသင့္ေသာကာလျဖစ္သည္။ ယခုကာလတြင္ အနာဂတ္အတြက္ အတတ္ပညာႏွင့္ ဗဟုသုတ ရွာမွီးစုေဆာင္းရန္အေကာင္းဆုံးကာလျဖစ္သည္။ အားငယ္စိတ္ မထားသင့္။ ကိုယ့္စိတ္ဆုံးျဖတ္ခ်က္ စြမ္းအားအေပၚ ကိုယ္တိုင္ယုံၾကည္မႈ တစိုက္မတ္မတ္ ထားသင့္သည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

(၃) ဂဏန္းစိုးမိုးသူမ်ား…မိတ္ေဟာင္း ေဆြေဟာင္းမ်ားႏွင့္ ျပန္လည္ဆက္သြယ္ရတတ္ၿပီး ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား က်င္းပရတတ္သည္။ မိသားစုတြင္း ေငြကုန္ေၾကးက်မ်ားတတ္သည္။ ယာယီခရီး မ်ားတတ္ေသာကာလျဖစ္သည္။ ၾသဇာအာဏာ ရွိသူမ်ားႏွင့္ပက္သက္ၿပီး အေရးေပးခံရတတ္သည္။ ဘာသာတရားႏွင့္ပက္သက္ေသာကိစၥမ်ား လုပ္ေဆာင္ျဖစ္မည္။ လုပ္ငန္းအေဟာင္းမ်ား အၿပီးသတ္ ၿပီးမွသာ လုပ္ငန္းသစ္ စတင္သင့္သည္။ ေပ်ာ္ေပ်ာ္ေနတတ္မႈ၊ အေကာင္းျမင္တတ္မႈသည္ မိမိအတြက္ ကံပိုမိုအားေကာင္းေစပါမည္။ မိတ္ေဆြအတုအေယာင္မ်ားကို သတိႏွင့္ ဆက္ဆံပါ။

(၄) ဂဏန္းစိုးမိုးသူမ်ား…..ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ပန္းတိုင္မ်ား ဖ႐ိုဖရဲ ျဖစ္တတ္ေသာႏွစ္ျဖစ္သည္။ ဆန္းၾကယ္ေသာ ေျပာင္းလဲမႈအခ်ိဳ႕ ႀကဳံရတတ္သည္။ က်န္းမာေရး သတိျပဳရမည့္ႏွစ္ျဖစ္သည္။ အထင္ျမင္လြဲမႈ၊ အျမင္ေစာင္းခံရျခင္းမ်ိဳး လူမႈဆက္ဆံေရးတြင္ ျဖစ္တတ္သည္။ အခ်ိန္ကို အက်ိဳးရွိစြာ အသုံးခ်ရန္ႏွင့္ ၿခိဳးၿခံေခြၽတာရန္ လိုအပ္ပါမည္။ ႏိုင္ငံရပ္ျခား သြားေရာက္ရျခင္း (သို႔) ႏိုင္ငံျခားမွ သူမ်ားႏွင့္ ဆက္ဆံလုပ္ကိုင္ရေသာကိစၥမ်ား ေပၚေပါက္တတ္သည္။ သတိျပဳရန္မွာ တပါးသူႏွင့္ ဆန႔္က်င္ဘက္ျဖစ္မည့္ကိစၥ ေျပာဆိုေဆြးေႏြးျခင္း မျပဳသင့္ပါ။ ျပႆာနာျဖစ္မည့္ ကိစၥမွန္သမွ်ကို ေရွာင္သင့္သည္။

(၅) ဂဏန္းစိုးမိုးသူမ်ား….ေက်းလက္ေဒသမ်ားသို႔ခရီးမ်ားသြားလာရတတ္သည္။ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ဆင္ႏြဲရျခင္း ရွိမည္။ အေရးႀကီးေသာကိစၥမ်ားအတြက္ လက္မွတ္ေရးထိုးေပးျခင္းသတိျပဳပါ။ လုပ္ငန္းတြင္ ေကာင္းေသာအေျပာင္းအလဲ ေပၚထြန္းမည္။ ကံတရားက ေပးအပ္လာေသာ အခြင့္အလမ္းကို အမိအရ ဖမ္းဆုပ္ႏိုင္ရန္ လိုပါမည္။ အစပိုင္း အခက္ခဲမ်ားတတ္ေသာ္လည္း အဆုံးသတ္ေပ်ာ္႐ႊင္ရမည့္ႏွစ္ ျဖစ္ပါသည္။ ကံတရားအတိုင္း လိုက္ပါေဆာင္႐ြက္ျခင္းျဖင့္ ကံေကာင္းမႈကို ရရွိေပမည္။

(၆) ဂဏန္းစိုးမိုးသူမ်ား…..မိသားစုေရးရာႏွင့္ အိမ္တြင္ေရးကိစၥမ်ား အမ်ားဆုံး ႀကဳံရတတ္ေသာ ကာလျဖစ္သည္။ လူငယ္လူ႐ြယ္မ်ား ေမတၱာေရး အိမ္ေထာင္ေရးကိစၥမ်ားေပၚေပါက္တတ္သည္။ အိမ္ဝယ္ျခင္း အိမ္ျပင္ျခင္း အိမ္ေဆာက္ျခင္းမ်ား ႀကဳံရတတ္သည္။ စီးပြားဥစၥာ၊ ေငြေၾကးဓနဥစၥာ တိုးတက္ျဖစ္ထြန္းလာမည့္ႏွစ္ျဖစ္သည္။ မဂၤလာခမ္းအနားမ်ား တက္ေရာက္ရျခင္း ဆင္ႏြဲရျခင္းမ်ား ႀကဳံရမည္။ မိသားစုအေရးကို အေလးေပးေဆာင္႐ြက္ျခင္းျဖင့္ မိမိကံဇာတာ ပိုမိုေတာက္ပလာမည္။ အမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္လုပ္ေဆာင္ရန္ ဝန္မေလးသင့္ေသာႏွစ္ ျဖစ္သည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

(၇) ဂဏန္းစိုးမိုးသူမ်ား….လုပ္ငန္းစီးပြား ႀကီးႀကီးမားမားတိုးခ်ဲ႕ရန္ မသင့္ေသးပါ။ ေငြေၾကးေနာက္သို႔ လိုက္လြန္းျခင္း၊ ေလာဘႀကီးျခင္းမ်ား ေရွာင္ၾကဥ္ပါ။ မိသားစုႏွင့္ မိတ္ေဆြမ်ားအတြက္ စိတ္ပင္ပန္းရတတ္သည္။ မိတ္ေဆြအသိုင္းအဝန္း မိသားစုမ်ား အခက္အခဲမ်ားေၾကာင့္ ပူပန္ေၾကာင့္ၾကမႈ မ်ားတတ္သည္။ ကိုးကြယ္ရာဘာသာတရားအလိုက္ က်င့္ႀကံအားထုတ္မႈ ျပဳသင့္သည္။ အိပ္မက္ဆန္းမ်ား ျမင္မက္တတ္ျခင္း၊ ပရေလာက၊ ဂမၻီရေလာကႏွင့္ ပက္သက္ေသာ ဆန္းၾကယ္မႈမ်ား ႀကဳံရတတ္သည္။ ေငြေၾကးကို အဓိကမထားဘဲ လုပ္ေဆာင္မွသာ စီးပြားလုပ္ငန္း အဆင္ေျပႏိုင္မည့္ကာလျဖစ္သည္။ ေရကုသိုလ္ မၾကာခဏျပဳပါ။

(၈) ဂဏန္းစိုးမိုးသူမ်ား…..ကိုယ္တိုင္အပင္ပန္းခံ စိုက္ပ်ိဳးခဲ့သမွ် ျပန္လည္ ရိတ္သိမ္းရမည့္ႏွစ္ျဖစ္သည္။ ဉာဏ္ ဝီရိယ စိုက္ထုတ္သေလာက္ အက်ိဳးအျမတ္ ျဖစ္ထြန္းမည့္ျဖစ္သည္ ။ စိတ္ဓာတ္က်တတ္သူမ်ား ႏွင့္ ေပါင္းသင္းဆက္ဆံျခင္း ေရွာင္ပါ။ အခြင့္ၾသဇာအာဏာ ထြန္းေတာက္လာမည္။ လုပ္ငန္း ခ်ဲ႕ထြင္ျခင္း ၊ ေငြေၾကးစီးပြားတိုးတက္ျခင္းမ်ား ျဖစ္ထြန္းမည့္ႏွစ္ ျဖစ္သည္။ တရားမွ်တမႈ ႀကီးစိုးေသာ ႏွစ္ျဖစ္ေပရာ မည္သည့္ကိစၥမဆို တစ္ဖက္ေစာင္းနင္း မျဖစ္ေစရန္ သတိျပဳပါ။

(၉) ဂဏန္းစိုးမိုးသူမ်ား…တစ္ပိုင္းတစ္စျဖစ္ေနေသာ ကိစၥရပ္မ်ား အၿပီးသတ္ရမည့္ ႏွစ္ပိုင္းျဖစ္သည္။ လူအခ်ိဳ႕ႏွင့္ ပဋိပကၡ ျဖစ္ရတတ္သည္။ မိသားစုတြင္လည္း အတိုက္အခံျဖစ္ရတတ္သည္။ လုပ္ငန္းသစ္ အႀကံအစည္သစ္မ်ား စတင္ရန္ အခ်ိန္ မဟုတ္ေသးပါ။ က်န္းမာေရး အားနည္းခ်က္လည္း သတိျပဳရမည္။ စစ္ပြဲတစ္ပြဲကို ဆင္ႏြဲေနသကဲ့သို႔က်န္းမာေရးပိုင္းဆိုင္ရာ ႐ုတ္တရက္ အတက္အက် သတိျပဳပါ။ ေရရွည္စီမံကိန္း၊ ေရရွည္ရင္းႏွီးျမဳပ္ႏွံမႈမ်ား မျပဳသင့္ေသးေသာ ကာလျဖစ္ပါသည္။

ဤကား ႏွစ္သစ္အတြက္ မိမိေမြးရက္၊ ေမြးလ အလိုက္ တြက္စစ္ရေသာ အေနာက္တိုင္း သခ်ၤာေဗဒ (ဝါ) ဂဏန္းေဗဒင္ ေဟာကိန္းျဖစ္ပါသည္။ ကိုယ္တိုင္တြက္စစ္၍ အက်ိဳးျဖစ္ထြန္းပါေစသတည္း။

ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့ပါေစ… ဆရာလင္းေဝေအာင္ (ျမန္မာ့ဆန္းက်မ္းေဗဒင္ႏွင့္ ေကပီေရွ႕ေဆာင္နကၡတ္ပညာရွင္)

Unicode Font

၂၀၂၄ အတွက် ကိုယ့်ဇာတာဘယ်လိုအနေထားရှိမလဲ နှစ်သစ်မှာ ဘယ်လိုဖြတ်သန်းရမလဲ စသဖြင့် သိရှိလိုသူများ အတွက် ကိုယ်တိုင် တွက်ချက်ဟောပြောနိုင်သော အနောက်တိုင်း သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင်ဟောကိန်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းစနစ်မှာတော့ မိမိရဲ့ မွေးရက်၊ မွေးလကို သိရှိဖို့လိုပါတယ်။ မိမိရဲ့မွေးလ၊ မွေးရက်ကို နှစ်သစ် ၂၀၂၄ ခုနှစ်နဲ့ ပေါင်းရပါမယ်။ ပေါင်းလို့ရတဲ့ ဂဏန်းကို နောက်ဆုံး ဂဏန်းတစ်လုံးတည်း ရသည်အထိ ဆက်ပေါင်းပြီး ကိုယ့်ရဲ့နှစ်သစ်ကံဇာတာဟောကိန်းကို ဖတ်ရှုနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဥပမာ… ကိုယ့်မွေးသက္ကရာဇ်ဟာ ၄.၅.၁၉၈၈ ဖြစ်တယ်ဆိုပါစို့။ ၁၉၈၈ ကို ဖယ်ပြီး ကိုယ့်မွေးရက် မွေးလ ဖြစ်တဲ့ ၄+၅ ကို ပေါင်းလိုက်ရင် ၉ ရပါတယ်။ ၎င်း ၉ ဂဏန်းကို နှစ်သစ် ၂၀၂၄ နဲ့ ဆက် ပေါင်းလိုက်ပါ။ ၂၀၃၃ ရလာပါမယ်။

ဒါကို တစ်လုံးတည်းဖြစ်အောင် ထပ်ပေါင်းမယ်ဆိုရင် ၂+ဝ+၃+၃= (၈) ဂဏန်းရရှိတဲ့အတွက် လာမယ့် နှစ်သစ်ဟာ ကိုယ့်အတွက် ၈ ဂဏန်း စိုးမိုးနှစ် ဖြစ်ကြောင်းသိရမှာဖြစ်ပါတယ်။ ဒါကြောင့် စိုးမိုးဂဏန်း ၇ ရဲ့အဟောကိုဖတ်ရှုခြင်းအားဖြင့် မိမိရဲ့နှစ်သစ် ကံဇာတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ အနောက်တိုင်း သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင် ဟောကိန်းအတွက် စိုးမိုးဂဏန်း (၉)ခု ရှိပါတယ်။ ဖတ်ကြည့်ပါ။

(၁) ဂဏန်းစိုးမိုးသူများ … လုပ်ငန်းသစ်၊ အကြံအစည်သစ်များ၊ စီမံကိန်းအသစ်များ စတင် လုပ်ဆောင်ရမည်။ လွန်ခဲ့သောနှစ်များက လျာထားချက်များ ရည်မှန်းချက်များကို စတင် လုပ်ကိုင်ဆောင်ရွက်သင့်သည်။ မိမိကိုယ်ကို အားကိုးအားထားပြုပြီး ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုများ အရာထင်လာမည်။ အတွေးအခေါ်ကောင်းများပေါ်ထွန်းပြီး လုပ်ငန်းဘဝအခြေအနေ တိုးတက်ပြောင်းလဲမှုများ ဖြစ်ထွန်းမည်။ အနာဂတ်အတွက် ဖြစ်ထွန်းလာမည့် ကံတရားမျိုးစေ့ကို စတင်ပျိုးကြဲရမည့်နှစ်ဖြစ်ပြီး အမှန်တကယ် သီးပွင့်ဖြစ်ထွန်းလာပေမည်။ အတ္တကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းများကို သတိနှင့်ရှောင်ကြဉ်ရပါမည်။ သို့မှသာ ပိုမိုအောင်မြင်တိုးတက်သော ကံအနေအထားကို ရရှိပေမည်။

(၂)ဂဏန်းစိုးမိုးသူများ…ကံတရား အနိမ့်အမြင့်အတက်အကျ မြန်ဆန်တတ်သော နှစ်ကာလမျိုး ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုလည်းမြန်ဆန်နေတတ်မည်။ မိသားစု အိမ်တွင်းရေး စိတ်ပူပန်ရမှုအချို့ ရှိတတ်သည်။ မိတ်ဆွေသူငယ်ချင်းအချို့ထံမှ အကူအညီထောက်ပံ့မှုရမည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ရှိရပါမည်။ ရရန်ရှိသော ငွေကြေးကိစ္စများ ပြန်လည် တောင်းခံသင့်သောကာလဖြစ်သည်။ ယခုကာလတွင် အနာဂတ်အတွက် အတတ်ပညာနှင့် ဗဟုသုတ ရှာမှီးစုဆောင်းရန်အကောင်းဆုံးကာလဖြစ်သည်။ အားငယ်စိတ် မထားသင့်။ ကိုယ့်စိတ်ဆုံးဖြတ်ချက် စွမ်းအားအပေါ် ကိုယ်တိုင်ယုံကြည်မှု တစိုက်မတ်မတ် ထားသင့်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃)ဂဏန်းစိုးမိုးသူများ…မိတ်ဟောင်း ဆွေဟောင်းများနှင့် ပြန်လည်ဆက်သွယ်ရတတ်ပြီး ပျော်ပွဲရွှင်ပွဲများ ကျင်းပရတတ်သည်။ မိသားစုတွင်း ငွေကုန်ကြေးကျများတတ်သည်။ ယာယီခရီး များတတ်သောကာလဖြစ်သည်။ သြဇာအာဏာ ရှိသူများနှင့်ပက်သက်ပြီး အရေးပေးခံရတတ်သည်။ ဘာသာတရားနှင့်ပက်သက်သောကိစ္စများ လုပ်ဆောင်ဖြစ်မည်။ လုပ်ငန်းအဟောင်းများ အပြီးသတ် ပြီးမှသာ လုပ်ငန်းသစ် စတင်သင့်သည်။ ပျော်ပျော်နေတတ်မှု၊ အကောင်းမြင်တတ်မှုသည် မိမိအတွက် ကံပိုမိုအားကောင်းစေပါမည်။ မိတ်ဆွေအတုအယောင်များကို သတိနှင့် ဆက်ဆံပါ။

(၄)ဂဏန်းစိုးမိုးသူများ…..ရည်ရွယ်ချက် ရည်မှန်းချက်ပန်းတိုင်များ ဖရိုဖရဲ ဖြစ်တတ်သောနှစ်ဖြစ်သည်။ ဆန်းကြယ်သော ပြောင်းလဲမှုအချို့ ကြုံရတတ်သည်။ ကျန်းမာရေး သတိပြုရမည့်နှစ်ဖြစ်သည်။ အထင်မြင်လွဲမှု၊ အမြင်စောင်းခံရခြင်းမျိုး လူမှုဆက်ဆံရေးတွင် ဖြစ်တတ်သည်။ အချိန်ကို အကျိုးရှိစွာ အသုံးချရန်နှင့် ခြိုးခြံချွေတာရန် လိုအပ်ပါမည်။ နိုင်ငံရပ်ခြား သွားရောက်ရခြင်း (သို့) နိုင်ငံခြားမှ သူများနှင့် ဆက်ဆံလုပ်ကိုင်ရသောကိစ္စများ ပေါ်ပေါက်တတ်သည်။ သတိပြုရန်မှာ တပါးသူနှင့် ဆန့်ကျင်ဘက်ဖြစ်မည့်ကိစ္စ ပြောဆိုဆွေးနွေးခြင်း မပြုသင့်ပါ။ ပြဿာနာဖြစ်မည့် ကိစ္စမှန်သမျှကို ရှောင်သင့်သည်။

(၅)ဂဏန်းစိုးမိုးသူများ….ကျေးလက်ဒေသများသို့ခရီးများသွားလာရတတ်သည်။ ပျော်ပွဲရွှင်ပွဲများ ဆင်နွဲရခြင်း ရှိမည်။ အရေးကြီးသောကိစ္စများအတွက် လက်မှတ်ရေးထိုးပေးခြင်းသတိပြုပါ။ လုပ်ငန်းတွင် ကောင်းသောအပြောင်းအလဲ ပေါ်ထွန်းမည်။ ကံတရားက ပေးအပ်လာသော အခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်နိုင်ရန် လိုပါမည်။ အစပိုင်း အခက်ခဲများတတ်သော်လည်း အဆုံးသတ်ပျော်ရွှင်ရမည့်နှစ် ဖြစ်ပါသည်။ ကံတရားအတိုင်း လိုက်ပါဆောင်ရွက်ခြင်းဖြင့် ကံကောင်းမှုကို ရရှိပေမည်။

(၆)ဂဏန်းစိုးမိုးသူများ…..မိသားစုရေးရာနှင့် အိမ်တွင်ရေးကိစ္စများ အများဆုံး ကြုံရတတ်သော ကာလဖြစ်သည်။ လူငယ်လူရွယ်များ မေတ္တာရေး အိမ်ထောင်ရေးကိစ္စများပေါ်ပေါက်တတ်သည်။ အိမ်ဝယ်ခြင်း အိမ်ပြင်ခြင်း အိမ်ဆောက်ခြင်းများ ကြုံရတတ်သည်။ စီးပွားဥစ္စာ၊ ငွေကြေးဓနဥစ္စာ တိုးတက်ဖြစ်ထွန်းလာမည့်နှစ်ဖြစ်သည်။ မင်္ဂလာခမ်းအနားများ တက်ရောက်ရခြင်း ဆင်နွဲရခြင်းများ ကြုံရမည်။ မိသားစုအရေးကို အလေးပေးဆောင်ရွက်ခြင်းဖြင့် မိမိကံဇာတာ ပိုမိုတောက်ပလာမည်။ အများနှင့်ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ရန် ဝန်မလေးသင့်သောနှစ် ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇)ဂဏန်းစိုးမိုးသူများ….လုပ်ငန်းစီးပွား ကြီးကြီးမားမားတိုးချဲ့ရန် မသင့်သေးပါ။ ငွေကြေးနောက်သို့ လိုက်လွန်းခြင်း၊ လောဘကြီးခြင်းများ ရှောင်ကြဉ်ပါ။ မိသားစုနှင့် မိတ်ဆွေများအတွက် စိတ်ပင်ပန်းရတတ်သည်။ မိတ်ဆွေအသိုင်းအဝန်း မိသားစုများ အခက်အခဲများကြောင့် ပူပန်ကြောင့်ကြမှု များတတ်သည်။ ကိုးကွယ်ရာဘာသာတရားအလိုက် ကျင့်ကြံအားထုတ်မှု ပြုသင့်သည်။ အိပ်မက်ဆန်းများ မြင်မက်တတ်ခြင်း၊ ပရလောက၊ ဂမ္ဘီရလောကနှင့် ပက်သက်သော ဆန်းကြယ်မှုများ ကြုံရတတ်သည်။ ငွေကြေးကို အဓိကမထားဘဲ လုပ်ဆောင်မှသာ စီးပွားလုပ်ငန်း အဆင်ပြေနိုင်မည့်ကာလဖြစ်သည်။ ရေကုသိုလ် မကြာခဏပြုပါ။

(၈)ဂဏန်းစိုးမိုးသူများ…..ကိုယ်တိုင်အပင်ပန်းခံ စိုက်ပျိုးခဲ့သမျှ ပြန်လည် ရိတ်သိမ်းရမည့်နှစ်ဖြစ်သည်။ ဉာဏ် ဝီရိယ စိုက်ထုတ်သလောက် အကျိုးအမြတ် ဖြစ်ထွန်းမည့်ဖြစ်သည် ။ စိတ်ဓာတ်ကျတတ်သူများ နှင့် ပေါင်းသင်းဆက်ဆံခြင်း ရှောင်ပါ။ အခွင့်သြဇာအာဏာ ထွန်းတောက်လာမည်။ လုပ်ငန်း ချဲ့ထွင်ခြင်း ၊ ငွေကြေးစီးပွားတိုးတက်ခြင်းများ ဖြစ်ထွန်းမည့်နှစ် ဖြစ်သည်။ တရားမျှတမှု ကြီးစိုးသော နှစ်ဖြစ်ပေရာ မည်သည့်ကိစ္စမဆို တစ်ဖက်စောင်းနင်း မဖြစ်စေရန် သတိပြုပါ။

(၉)ဂဏန်းစိုးမိုးသူများ…တစ်ပိုင်းတစ်စဖြစ်နေသော ကိစ္စရပ်များ အပြီးသတ်ရမည့် နှစ်ပိုင်းဖြစ်သည်။ လူအချို့နှင့် ပဋိပက္ခ ဖြစ်ရတတ်သည်။ မိသားစုတွင်လည်း အတိုက်အခံဖြစ်ရတတ်သည်။ လုပ်ငန်းသစ် အကြံအစည်သစ်များ စတင်ရန် အချိန် မဟုတ်သေးပါ။ ကျန်းမာရေး အားနည်းချက်လည်း သတိပြုရမည်။ စစ်ပွဲတစ်ပွဲကို ဆင်နွဲနေသကဲ့သို့ကျန်းမာရေးပိုင်းဆိုင်ရာ ရုတ်တရက် အတက်အကျ သတိပြုပါ။ ရေရှည်စီမံကိန်း၊ ရေရှည်ရင်းနှီးမြုပ်နှံမှုများ မပြုသင့်သေးသော ကာလဖြစ်ပါသည်။

ဤကား နှစ်သစ်အတွက် မိမိမွေးရက်၊ မွေးလ အလိုက် တွက်စစ်ရသော အနောက်တိုင်း သင်္ချာဗေဒ (ဝါ) ဂဏန်းဗေဒင် ဟောကိန်းဖြစ်ပါသည်။ ကိုယ်တိုင်တွက်စစ်၍ အကျိုးဖြစ်ထွန်းပါစေသတည်း။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ… ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)