၂၀၂၂ ခုနှစ် ကမ္ဘာ့ရေးရာဟောစာတမ်း

၂၀၁၉ နှစ်ကုန်က စပြီး ၂၀၂၀ – ၂၀၂၁ တွေအထိ မပြီးဆုံးနိုင်တဲ့ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် တစ်ကမ္ဘာလုံး လူသန်းနဲ့ချီ သေဆုံးတာ၊ စီးပွားပျက်အလုပ်ပျက် ဖြစ်ရတာတွေအပြင် လူမှုရေးရာပြဿနာတွေပါ ဆင့်ကဲဖြစ်ပြီး အခုထိ နာလန်မထူနိုင်အောင် ဖြစ်နေရတဲ့အတွက် ၂၀၂၂ ခုနှစ်မှာရော ဘာတွေ ဖြစ်လာနိုင်လဲ၊ ကိုဗစ်ကရော တကယ် ပြီးဆုံးနိုင်ပါ့မလား ဆိုတာ ကမ္ဘာ့ရေးရာဟောကိန်းတွေ ထုတ်တဲ့ ရုရှားဗေဒင်ဆရာမတစ်ဦးရဲ့အမြင်ကို စုစည်းပြီးတော့ မျှဝေဖော်ပြလိုက်ပါတယ်။

ရုရှားက နာမည်ကျော်လူသိများတဲ့ဗေဒင်ဆရာမ Tatiana Borsch လက်ရှိ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ကြိုတင် ဟောပြောနိုင်ခဲ့သူ ဖြစ်ပြီး ၂၀၁၉-၂၀ မှာ ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကိုလည်း ဟောကိန်းထုတ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ အခု သူ့ရဲ့ ၂၀၂၂ ဟောကိန်းအသေးစိတ်တွေကို ဖော်ပြပေးပါမယ်။

သူ့အနေနဲ့ ၂၀၂၂ ကို ကာလအပိုင်းအခြား (၂) ခု ခွဲပြီး ရှုမြင်ထားပါတယ်။ ပထမနှစ်ဝက်ကို အကောင်းမြင်နေပြီး ဒုတိယနှစ်ဝက်မှာတော့ ပြဿနာတွေ ပိုဖြစ်လာနိုင်တယ်လို့ သူက တွက်ချက်ထားပါတယ်။ သူ့ဟောကိန်းအရ….

မိန်ရာသီမှာ ယှဉ်တွဲရပ်တည်မယ့် ကြာသပတေးဂြိုဟ်နဲ့ နက်ပကျွန်းဂြိုဟ်ပူးကြောင့် ဆေးဝါးလုပ်ငန်းန၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အနုပညာလုပ်ငန်းတွေ၊ အာကာသစူးစမ်းလေ့လာရေး၊ ပင်လယ်ရေကြောင်းလုပ်ငန်း နဲ့ Virtual Reality လို လုပ်ငန်းတွေမှာ တိုးတက်ဖြစ်ထွန်းမှုတွေ အများကြီး ရှိလာမယ်လို့ ဆိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဂီတ၊ အနုပညာ စတဲ့ လုပ်ငန်းတွေမှာဆိုရင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ပန်းချီတွေ စတဲ့ အနုပညာလက်ရာကောင်းတွေ ပေါ်ထွက်လာနိုင်ပြီး ဆေးဝါးနဲ့ အဖျော်ယမကာအပါအဝင် မူးယစ်စေတဲ့ ဆေးဝါးလို လုပ်ငန်းတွေကလည်း အရှိန်အဟုန် ကောင်းလာတတ်တယ်လို့ သူက ဟောဆိုပါတယ်။

တပြိုင်တည်းမှာ ရာသီဥတု ကသောင်းကနင်း ဖြစ်မှုတွေလည်း ဆက်ရှိနေမှာ ဖြစ်ပြီး ရေကြီးရေလျှံမှုတွေ၊ ငလျင် လှုပ်ခတ်မှုတွေနဲ့ မီးတောင် ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားနိုင်ကြောင်းနဲ့ ပင်လယ်ကမ်းရိုးတန်းဒေသက လူတွေဟာ ကြိုတင်သတိထားရမယ့်အခြေအနေ ရှိနေကြောင်း သူက သတိပေးထားပါတယ်။

၂၀၂၂ ၊ ပထမနှစ်ဝက်အထိ တစ်ကမ္ဘာလုံးမှာ နိုင်ငံရေးပဋိပက္ခ ကြီးကြီးမားမားရယ်လို့ မရှိနိုင်ဘဲ မေလအကျော် နဲ့ အောက်တိုဘာလကြားမှာတော့ တောမီး၊ ရှို့မီးတွေကြောင့် လူတွေ အသက်ဆုံးရှုံးတာနဲ့ စီးပွားပျက်တာတွေ ကြုံရနိုင်တယ်လို့ သူက ဆိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၂၀၂၂ ၊ သြဂုတ်လက စပြီး အခြေအနေအရပ်ရပ်က အဆိုးဘက် ဦးတည်လာနိုင်တဲ့အတွက် အဲဒီအချိန်ကစလို့ အကျပ်အတည်းတွေ၊ စစ်ပွဲတွေ စတဲ့ အနိဌာရုံတွေ ဖြစ်တည်လာနိုင်တယ်လို့ သူက ဟောပါတယ်။ အထူးသဖြင့် စစ်ရေးတင်းမာမှုကနေ ပေါက်ကွဲထွက်တဲ့အထိ အခြေအနေတွေ ဆိုးလာတာကို ၂၀၂၂ ဒုတိယနှစ်ဝက်အတွင်း မြင်တွေ့ရနိုင်တယ်လို့ သူက ဟောပါတယ်။

စီးပွားရေးမတည်ငြိမ်ရာကနေ အစိုးရအပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး တရုတ်နဲ့ ရုရှားဟာ ၂၀၂၃-၂၀၂၄ ထိ ဆက်တိုက် အင်အားကြီးမားလာနိုင်တယ်လို့ သူက ဆိုပါတယ်။ တပြိုင်တည်းမှာ နိုင်ငံအတော်များများမှာ ဆူပူ မငြိမ်မသက်မှုတွေ၊ ကသောင်းကနင်းတွေ ဖြစ်လာဦးမယ်လို့ ဟောဆိုထားပါတယ်။  (ကမ္ဘာ့ရေးရာဟောကိန်း တင်ပြမှုကို ဒီမှာ ရပ်နားပါမယ်၊ မကြာခင်ဟောကိန်းအသစ်တွေကို ဗေဒင်သုတကနေ ဆက်တင်ပေးပါမယ်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)