၂၀၂၂ ခုနှစ် ၊ ပထမအကြိမ် နေကြတ်ခြင်းနှင့် ရာသီခွင်ဗေဒင်အဟော

ဒီနှစ် ၂၀၂၂ ရဲ့ ပထမဆုံးအကြိမ် နေကြတ်ခြင်းဟာ ဧပြီ ၃၀ နဲ့ မေလ ၁ ရက်နေ့အကူးမှာ ဖြစ်ပွားခဲ့ပါတယ်။ နေကြတ်ခြင်းကို မြန်မာနိုင်ငံက မြင်တွေ့ရမှာမဟုတ်ဘဲ နေကြတ်တာကလည်း အသဗ္ဗခေါ်တဲ့ တစ်စိတ်တစ်ပိုင်း ကြတ်ခြင်းမျိုးသာ ဖြစ်လို့ တိုင်းပြည်အပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ပါဘူး။

ဒါပေမယ့် ၁၂ ရာသီဖွားများအပေါ်မှာတော့ အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ရှိလာနိုင်လို့ နေကြတ်အပြီး ၃ လ နဲ့ ၆ လအတွင်းမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ တွက်ချက် အဖြေရှာဟောကိန်း ထုတ်ပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – မျက်စိ၊ မျက်နှာပိုင်းဆိုင်ရာဝေဒနာ ဖြစ်တတ်ပါတယ်။ နဂိုကမှ မျက်စိပိုင်း အားနည်းရင် ပိုဂရုစိုက်ပေးပါ။ ငွေကြေးကိစ္စတိုင်းကို သတိနဲ့ဆောင်ရွက်ပါ။ မိသားစုအရေး ပူပန်ရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – စိတ်ပိုင်းရုပ်ပိုင်းမွန်းကြပ်နာကျင်မှု ခံစားရတတ်ပါတယ်။ လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ပေါက်ကွဲချင်စိတ်တွေ များလာနိုင်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ငွေအချေးအငှားကိစ္စတွေမှာ သတိထားဆောင်ရွက်ရပါမယ်။ ရောဂါအခံ ဝေဒနာအခံရှိသူတွေ ကျန်းမာရေးရာ အားနည်းလာနိုင်ပါတယ်။ ကျန်းမာရေးကို ခါတိုင်းထက် ဂရုစိုက်ရပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး အဖုအထစ် ဖြစ်လာနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြား အထင်အမြင် လွဲမှားတာတွေကို ပြန်ညှိနှိုင်းသင့်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အိုးအိမ် ပြင်ဆင်ရ၊ မွမ်းမံရတာတွေ၊ အိမ်အပြောင်းအရွှေ့ကိစ္စတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အလုပ်ကိစ္စ စိတ်ဖိစီးမှုတွေ များလာတတ်လို့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ခရီးအသွားအလာကိစ္စတွေ ပေါ်ပေါက်လာတတ်ပြီး တခါကိုမှ မရောက်ဖူးတဲ့မသွားဖူးတဲ့ဒေသတွေဆီ သွားလာလည်ပတ်ရတတ်ပါတယ်။ ခရီးသွားရင်း စိတ်ညစ်ရတတ်တယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ငွေရေးကြေးရေးနဲ့မိသားစုအရေးကိစ္စတွေမှာ ကံဇာတာ အားနည်းလာတတ်ပါတယ်။ ပြီးတော့ ကျန်းမာရေးလည်း ရုတ်ချည်း ညံ့သွားတတ်လို့ ကြိုတင် ဂရုစိုက်ရပါမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – လူမှုဆက်ဆံရေးမှာဖြစ်စေ၊ အချစ်ရေး၊အိမ်ထောင်ရေးမှာ ဖြစ်စေ အဟောင်းတွေ ရပ်ဆိုင်းပြီး အသစ်တွေ စတင်ရတတ်ပါတယ်။ အတွေးအမြင်တွေ ပြောင်းလာနိုင်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ကျန်းမာရေးကို ခါတိုင်းထက် ပိုအလေးထား ဂရုစိုက်ဖြစ်လာမယ်။ နေ့စဉ်လူနေမှုဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ မမြင်ရတဲ့ဘေးရန်တွေလည်း ရှိနေနိုင်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – လောင်းကစားကိစ္စ၊ ကံစမ်းဉာဏ်စမ်းကိစ္စတွေ အလွဲအချော် များပြီး ဆုံးရှုံးနစ်နာရတတ်ပါတယ်။ လူငယ်တွေရဲ့နှလုံးသားရေးမှာလည်း စိတ်ပျက်ဝမ်းနည်းစရာ များလာမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အိုးအိမ်၊ မိသားစုအရေး ပူပန်စရာတွေ များလာတတ်ပါတယ်။ အလုပ်သစ်၊ ဌာနသစ် ပြောင်းရွှေ့ရတတ်ပြီး အပြောင်းအလဲမျိုးစုံကိုလည်း ဆက်တိုက် ကြုံတွေ့ရတတ်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ငွေကြေး အခက်အခဲတွေ ပြေလည်မှု ရလာပါမယ်။ ယာဉ်ဝယ်တာ၊ ကားဝယ်တာတွေ အဆင်ပြေပါမယ်။ အရင်က နားလည်မှု လွဲနေတာတွေကို ပြန်အဆင်ပြေ တည့်မတ်နိုင်မယ်။

၁၂ ရာသီဖွားအားလုံး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)