၂၀၂၂ မှာ ငွေအစုလိုက်အပုံလိုက်ဝင်နိုင်တဲ့ ရာသီခွင်များ
ထီပေါက်လို့ဖြစ်စေ၊ အမွေရလို့ ဖြစ်စေ ငွေအစုလိုက်အပုံလိုက် ဝင်တတ်တဲ့ကံထူးရှင်တွေဟာ နှစ်စဉ်နှစ်တိုင်းမှာ ပေါ်လာလေ့ရှိပါတယ်။ ဒီတစ်နှစ် ၂၀၂၂ မှာတော့ ကံတရားကြောင့် ဖြစ်စေ၊ ကိုယ်တိုင် ကြိုးစားမှုကြောင့်ဖြစ်စေ ငွေအလုံးအရင်းနဲ့ ရတတ်တဲ့ ရာသီခွင်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မိန်ရာသီဖွား
မိန်ရာသီဖွားတွေဟာ ဒီတစ်နှစ်တာ ကံအကောင်းဆုံးဇာတာခွင်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်သူတွေ ဖြစ်ပြီး ငွေကြေးအရလည်း ကံထူးကံကောင်းနိုင်တဲ့ရာသီခွင်တွေ ဖြစ်ပါတယ်။ တကယ်လို့များ အပျော်တမ်း ကံစမ်းမဲ နှိုက်လို့ ပေါက်မဲနဲ့ တိုးတယ်ဆိုရင် တခြားကြီးကြီးမားမား ကံကောင်းမှုမျိုးပါ ကြုံရတတ်ပါတယ်။ မမျှော်လင့်ဘဲ ပွပေါက်တိုးတတ်ပါတယ်။ ထီထိုးတာဖြစ်ဖြစ် တခြားကံစမ်းတာမျိုးဖြစ်ဖြစ် ပုံမှန် လုပ်ပေးသင့်ပါတယ်။
ကံကောင်းနိုင်တဲ့လအပိုင်းအခြား – မေ ၊ ဇူလိုင် ၊ နိုဝင်ဘာ ၊ ဒီဇင်ဘာ
ကံစမ်းနိုင်တဲ့ဂဏန်းများ – ၃ ၊ ၉ ၊ ၁၄ ၊ ၃၃ ၊ ၆၇ ၊ ၉၀ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဗြိစ္ဆာရာသီဖွား
၂၀၂၂ မှာ အလုပ်အကိုင်စီးပွား အဘက်ဘက်က တိုးတက်ဖြစ်ထွန်းမှုတွေ ရရှိတတ်သလို ဝင်ငွေအမြတ်အစွန်း ရရှိမှုကလည်း အားရကျေနပ်စရာအခြေအနေ ဖြစ်လာပါလိမ့်မယ်။ ဘဝအဆင့်အတန်း မြင့်သည်ထက်မြင့်မားဖို့ ကြိုးစားနေတဲ့ ဗြိစ္ဆာတွေအဖို့ ဒီတစ်နှစ်မှာ ရည်ရွယ်ချက်ကို အထမြောက်အောင် ဖန်တီးခွင့်တွေ ရလာတတ်ပြီး ငွေကြေး ကံကောင်းမှုတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ကံစမ်းတာတွေ ပုံမှန် လုပ်ပေးကြည့်ပါ။
ကံကောင်းနိုင်တဲ့လအပိုင်းအခြား – ဇူလိုင် ၊ သြဂုတ် ၊ အောက်တိုဘာ၊ နိုဝင်ဘာ
ကံစမ်းနိုင်တဲ့ဂဏန်းများ – ၇ ၊ ၁၇ ၊ ၃၅ ၊ ၅၀ ၊ ၉
တူရာသီဖွား
ဒီတစ်နှစ်မှာ ကံတရားက မျက်လှည့်ပြလိုက်သလို မထင်မှတ်ဘဲ ပွပေါက်တိုးကိန်း ရှိနေတဲ့သူတွေကတော့ တူရာသီဖွားတွေ ဖြစ်ပြီး တစ်ကြိမ်မကတဲ့ ကံကောင်းမှုတွေ ကြုံရတတ်ပါတယ်။ တကယ်လို့များ ကိုယ်တိုင်က တွက်ချက်ခန့်မှန်းတတ်သူ၊ စနစ်တကျ ကံစမ်းတတ်သူဆိုရင် ကံကောင်းနိုင်မယ့်အခွင့်အလမ်း ပိုများပါတယ်။ ဒီနှစ်မှာ ကြံစည်လုပ်ကိုင်တဲ့အလုပ်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကလည်း အကျိုးပေးကောင်းပါလိမ့်မယ်။
ကံကောင်းနိုင်တဲ့လအပိုင်းအခြား – မေ ၊ ဇွန် ၊ သြဂုတ် ၊ အောက်တိုဘာ
ကံစမ်းနိုင်တဲ့ဂဏန်းများ – ၆ ၊ ၉ ၊ ၁၀ ၊ ၈၂
၂၀၂၂ မှာ ငွေကြေးကံကောင်းသူများ ဖြစ်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)