၂၀၂၂ ခုနှစ်အတွက် ရာသီခွင်ဗေဒင် အကြံပြုချက်များ

နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ် ရောက်လာချိန်တိုင်းမှာ လူတိုင်းဟာ နှစ်သစ်ကျရင် ဘာလုပ်မယ်၊ ညာလုပ်မယ် ဆိုတဲ့ သန္နိဋ္ဌာန်တွေ ချမှတ်တတ်ပါတယ်။ တကယ်တမ်း နှစ်သစ်ကို ဖြတ်သန်းသွားချိန်မှာ လူအများစုက သူတို့ သန္နိဋ္ဌာန်အတိုင်း မလုပ်ဖြစ်ကြဘဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူနည်းစုကသာ အောင်မြင်အောင် လုပ်သွားနိုင်ကြတာ တွေ့ရပါတယ်။ အောက်ဖော်ပြပါ အကြံပြုချက်တွေဟာ ၁၂ ရာသီဖွားအားလုံးအတွက် ၂၀၂၂ မှာ သန္နိဋ္ဌာန်တွေ လက်တွေ့ ဖြစ်လာအောင် ကူညီစွမ်းဆောင်ပေးမယ့် ဗေဒင်မှာတမ်းတွေပဲ ဖြစ်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ) – အတိတ်က အမှားတွေကို ပစ္စုပ္ပန်အထိ ဆွဲခေါ်မလာတော့ဘဲ အနာဂတ်ကိုပဲ ဦးတည်လိုက်ပါ။ အတိတ်ကို အတိတ်မှာပဲထားခဲ့ပြီး ရှေ့ဆက်ရမယ့်ခရီးကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – စိုးရိမ်မှုတွေ၊ သံသယတွေကို ချိုးဖျက်ပြီး ဖြစ်အောင်လုပ်မယ့် စိတ်မျိုး မွေးပါ။ ဘဝရဲ့ အချိုးအကွေ့၊ အပြောင်းအလဲတွေနဲ့ ကြုံရတော့မှာ ဖြစ်လို့ အသင့်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ကျန်းမာရေးကို ဂရုစိုက်ရမယ့်နှစ်ပါ။ အရင်လို ပေါ့တီးပေါ့ဆ မနေဖို့ နဲ့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုလာပါမယ်။ ကျန်းမာမှ ကျန်တာအကုန် လုပ်နိုင်မှာပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ)  – စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပြောင်းလဲဖြစ်ထွန်းမှုတွေ ရှိလာမှာမို့ ထိခိုက်ခံစားလွယ်တဲ့စိတ်ကို ပြုပြင်ပြင်ဆင်ထားရမယ်။ ဖြစ်နိုင်ခြေရှိတာမှန်သမျှကိုလည်း ကြိုးစားကြည့်ရမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်တဲ့ စိတ်ကို ပြင်ရမယ်။ ဖြစ်ချိန်တန်မှ ဖြစ်လာမှာမို့လို့ သည်းခံစိတ်ရှည်ပေးဖို့ လိုပါမယ်။ ကြိုးစားမှုတွေလည်း ဖြစ်မြောက်လာလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – ကိုယ့်ကို ချစ်ခင်လေးစား တန်ဖိုးထားသူတွေကိုပဲ အချိန် ပေးရပါမယ်။ လူတိုင်း ကိုယ့်မိတ်ဆွေ ဖြစ်မလာနိုင်တာကို သိရင် ကိုယ့်ကို တန်ဖိုးထားသူတွေနဲ့သာ နေထိုင်ပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – နှစ်သစ်မှာ လုပ်ချင်ဖြစ်ချင်တာတွေကို စာရင်းနဲ့ကို ချရေးထားပါ။ အချိန် မဖြုန်းဖို့လည်း သတိပြုပါ။ အရင်နှစ်တွေနဲ့မတူလို့ ကိုယ့်ဘက်က အသင့်ပြင်ထားရပါမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – ကိုယ်နဲ့ အစပ်မတည့်တဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ခပ်ဝေးဝေး နေတာ ပိုကောင်းမယ်။ သူတို့တွေကြောင့် ကိုယ့်ဘဝ၊ ရည်မှန်းချက်တွေပါ ထိခိုက်သွားတတ်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – ဒီနှစ်မှာ ငွေရေးကြေးရေးကို အလေးထားရမယ်။ အသေးသုံး ဆိုပြီး ပေါ့ဆရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်မယ်။ ငွေအသုံးအစွဲတွေအသုံးအဖြုန်းတွေကို ထိန်းချုပ်ပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – အာရုံ လွင့်လွယ်ပြီး လူမှုကွန်ရက်ပေါ်မှာ အချိန်ဖြုန်းမိလို့ ရည်မှန်းချက်တွေ မအောင်မြင်ဘဲ ဖြစ်တတ်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်ဘဝကိုသာ အလေးထားအာရုံစိုက်ပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – အခန်းအောင်းရမယ့်နှစ် မဟုတ်ဘဲ အပြင်တွေ ထွက်၊ ခရီး ပတ်၊ အသစ်တွေ စမ်းသပ်ရမယ့်နှစ် ဖြစ်တယ်။ ပုံစံဟောင်းကနေ ခွဲထွက်ပြီး အသစ်တွေချည်း စမ်းသပ်ကြည့်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – ကိုယ့်မိသားစုတွေ၊ချစ်ခင်သံယောဇဉ်ရှိသူတွေနဲ့ အချိန်များများ ပေး နေထိုင်ပါ။ ဘဝမှာ နောင်တရစရာတွေ မရှိချင်ရင် ကိုယ့်မိသားစုဝန်းကျင်အပေါ် အလေးထားရပါလိမ့်မယ်။

၁၂ ရာသီဖွားအားလုံး နှစ်သစ်သန္နိဋ္ဌာန်တွေ ပြည့်ဝကြပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)