၂၀၂၂ အောက်တိုဘာ နေကြတ်ဖြစ်စဉ်နှင့် ရာသီခွင်ဗေဒင်အဟော

ဒီနှစ် ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနဲ့ နောက်ဆုံးအကြိမ်မြောက် တစ်စိတ်တစ်ပိုင်း နေကြတ်ခြင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖြစ်ပွားဖို့ ရှိနေပြီး မြန်မာနိုင်ငံကနေတော့ မြင်တွေ့ရမှာ မဟုတ်ဘဲ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအနောက်ပိုင်းဒေသတွေကသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခုတခေါက် နေကြတ်တာက အသဗ္ဗခေါ်တဲ့ တစ်စိတ်တစ်ပိုင်း ကြတ်ခြင်းမျိုးသာ ဖြစ်ပေမယ့် ၁၂ ရာသီဖွားများ အပေါ်မှာတော့ အနည်းနဲ့အများ ရိုက်ခတ်မှုတွေ ရှိလာနိုင်လို့ နေကြတ်အပြီး ၃ လ နဲ့ ၆ လအတွင်းမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ တင်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ငွေရေးကြေးရေးနဲ့ မိသားစုအရေးမှာ ကံဇာတာ အားနည်းတတ်ပါတယ်။ ပြီးတော့ ကျန်းမာရေးလည်း ရုတ်ချည်း ညံ့သွားတတ်လို့ ကြိုတင် ဂရုစိုက်ရပါမယ်။ မတော်တဆမှု သတိပြုပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ပြင်ပလူမှုဆက်ဆံရေးမှာဖြစ်စေ၊ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဖြစ်စေ ပြဿနာလေးတွေ အနည်းအများ ပေါ်ပေါက်လာနိုင်ပါတယ်။ စုံတွဲတွေကြား ကတောက်ကဆ များတတ်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ကျန်းမာရေးကို ခါတိုင်းထက် ပိုပြီး အလေးထား ဂရုစိုက်ရပါလိမ့မယ်။ နေ့စဉ်လူနေမှုဘဝမှာ အခက်အခဲတွေ ရင်ဆိုင်ရတတ်ပါတယ်။ ရောဂါဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – လောင်းကစားကိစ္စ၊ ကံစမ်းဉာဏ်စမ်းကိစ္စတွေ အလွဲအချော် များပြီး ဆုံးရှုံးနစ်နာရတတ်ပါတယ်။ လူငယ်တွေဆိုရင် နှလုံးသားရေးမှာ စိတ်ပျက်ဝမ်းနည်းစရာတွေ ခံစားရတတ်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အိုးအိမ်၊ မိသားစုအရေးကိစ္စ ပူပန်စရာတွေ များလာတတ်ပါတယ်။ အလုပ်သစ်၊ ဌာနသစ် ပြောင်းရွှေ့ရတတ်ပြီး အပြောင်းအလဲမျိုးစုံကိုလည်း ဆက်တိုက် ကြုံတွေ့ရတတ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ခရီး အနီးအဝေးတိုင်းကို သတိထားသွားရမယ်။ လမ်းခရီးမှာ အဆင်မပြေ ဖြစ်တတ်တယ်။ လူတွေရဲ့အမြင်စောင်းတာ ခံရမယ်။ နားလည်မှု လွဲပြီး အခြေအတင် ဖြစ်နေမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – မျက်စိ၊ မျက်နှာပိုင်းဆိုင်ရာဝေဒနာ ဖြစ်တတ်ပါတယ်။ ငွေကြေးကိစ္စတိုင်းကို သတိနဲ့ ဆောင်ရွက်ပါ။ မိသားစုထဲမှာ မကျေလည်စရာတွေ ပေါက်ကွဲထွက်တတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – စိတ်ပိုင်းရုပ်ပိုင်းမွန်းကြပ်နာကျင်မှု ခံစားရတတ်ပါတယ်။ လူမှုဆက်ဆံရေး၊အိမ်ထောင်ရေးတွေမှာ ပြဿနာ ပေါ်လာနိုင်ပါတယ်။ ကျန်းမာရေး ရုတ်တရက် ညံ့နိုင်တယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ငွေအချေးအငှားကိစ္စတွေကို သတိထား ဆောင်ရွက်ရပါမယ်။ မထင်မှတ်ဘဲ အကုန်အကျ အရမ်းများလာနိုင်ပါတယ်။ အမှုအခင်းတွေ ဖြစ်လာရင် ကံဆိုးသွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး အဖုအထစ် ဖြစ်လာနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် လွဲမှားတာတွေ ရှိလာနိုင်ပါတယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အလုပ်ကိစ္စ စိတ်ဖိစီးမှုတွေ များလာတတ်လို့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ အလုပ်ပြောင်းဌာနပြောင်းရတာ၊ အလုပ်နဲ့ပတ်သက်လို့ ဆုံးရှုံးတာတွေ ရှိလာနိုင်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – မရောက်ဖူး၊ မသွားဖူးတဲ့ခရီးမျိုးတွေ ပေါ်လာတတ်ပြီး ခရီးလမ်းမှာပါ အဆင်မပြေမှုတွေ များတတ်ပါတယ်။ သင်ကြားရေး၊ ပညာရေး၊ သင်တန်းကိစ္စတွေ ခက်ခဲကြန့်ကြာနိုင်ပါတယ်။

၁၂ ရာသီဖွားအားလုံး ဘေးရန်ကင်းကွာ ချမ်းသာရကြပါစေ – ဧက (ဗေဒင်သုတ)

Zawgyi Font

ဒီႏွစ္ ၂၀၂၂ ခုႏွစ္ရဲ႕ ဒုတိယနဲ႔ ေနာက္ဆံုးအႀကိမ္ေျမာက္ တစ္စိတ္တစ္ပိုင္း ေနၾကတ္ျခင္းဟာ ေအာက္တိုဘာ ၂၅ ရက္ေန႔မွာ ျဖစ္ပြားဖို႔ ရွိေနၿပီး ျမန္မာႏိုင္ငံကေနေတာ့ ျမင္ေတြ႕ရမွာ မဟုတ္ဘဲ ဥေရာပ၊ အာဖရိက၊ အေရွ႕အလယ္ပိုင္းနဲ႔ အာရွအေနာက္ပိုင္းေဒသေတြကသာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အခုတေခါက္ ေနၾကတ္တာက အသဗၺေခၚတဲ့ တစ္စိတ္တစ္ပိုင္း ၾကတ္ျခင္းမ်ိဳးသာ ျဖစ္ေပမယ့္ ၁၂ ရာသီဖြားမ်ား အေပၚမွာေတာ့ အနည္းနဲ႔အမ်ား ႐ိုက္ခတ္မႈေတြ ရွိလာႏိုင္လို႔ ေနၾကတ္အၿပီး ၃ လ နဲ႔ ၆ လအတြင္းမွာ ဘာေတြ ျဖစ္လာႏိုင္မလဲဆိုတာ တင္ျပေပးလိုက္ပါတယ္။

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉) – ေငြေရးေၾကးေရးနဲ႔ မိသားစုအေရးမွာ ကံဇာတာ အားနည္းတတ္ပါတယ္။ ၿပီးေတာ့ က်န္းမာေရးလည္း ႐ုတ္ခ်ည္း ညံ့သြားတတ္လို႔ ႀကိဳတင္ ဂ႐ုစိုက္ရပါမယ္။ မေတာ္တဆမႈ သတိျပဳပါ။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀) – ျပင္ပလူမႈဆက္ဆံေရးမွာျဖစ္ေစ၊ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ျဖစ္ေစ ျပႆနာေလးေတြ အနည္းအမ်ား ေပၚေပါက္လာႏိုင္ပါတယ္။ စံုတြဲေတြၾကား ကေတာက္ကဆ မ်ားတတ္တယ္။

ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀) – က်န္းမာေရးကို ခါတိုင္းထက္ ပိုၿပီး အေလးထား ဂ႐ုစိုက္ရပါလိမ့မယ္။ ေန႔စဥ္လူေနမႈဘဝမွာ အခက္အခဲေတြ ရင္ဆိုင္ရတတ္ပါတယ္။ ေရာဂါေ၀ဒနာေဟာင္းေတြ ျပန္ေပၚတတ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂) – ေလာင္းကစားကိစၥ၊ ကံစမ္းဉာဏ္စမ္းကိစၥေတြ အလြဲအေခ်ာ္ မ်ားၿပီး ဆုံးရႈံးနစ္နာရတတ္ပါတယ္။ လူငယ္ေတြဆိုရင္ ႏွလုံးသားေရးမွာ စိတ္ပ်က္ဝမ္းနည္းစရာေတြ ခံစားရတတ္တယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂) – အိုးအိမ္၊ မိသားစုအေရးကိစၥ ပူပန္စရာေတြ မ်ားလာတတ္ပါတယ္။ အလုပ္သစ္၊ ဌာနသစ္ ေျပာင္းေ႐ႊ႕ရတတ္ၿပီး အေျပာင္းအလဲမ်ိဳးစုံကိုလည္း ဆက္တိုက္ ႀကဳံေတြ႕ရတတ္ပါတယ္။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂) – ခရီး အနီးအေ၀းတိုင္းကို သတိထားသြားရမယ္။ လမ္းခရီးမွာ အဆင္မေျပ ျဖစ္တတ္တယ္။ လူေတြရဲ႕အျမင္ေစာင္းတာ ခံရမယ္။ နားလည္မႈ လြဲၿပီး အေျခအတင္ ျဖစ္ေနမယ္။

တူရာသီဖြား (စက္တင္ဘာ ၂၃ – ေအာက္တိုဘာ ၂၂) – မ်က္စိ၊ မ်က္ႏွာပိုင္းဆိုင္ရာေဝဒနာ ျဖစ္တတ္ပါတယ္။ ေငြေၾကးကိစၥတိုင္းကို သတိနဲ႔ ေဆာင္႐ြက္ပါ။ မိသားစုထဲမွာ မေက်လည္စရာေတြ ေပါက္ကြဲထြက္တတ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁) – စိတ္ပိုင္း႐ုပ္ပိုင္းမြန္းၾကပ္နာက်င္မႈ ခံစားရတတ္ပါတယ္။ လူမႈဆက္ဆံေရး၊အိမ္ေထာင္ေရးေတြမွာ ျပႆနာ ေပၚလာႏိုင္ပါတယ္။ က်န္းမာေရး ႐ုတ္တရက္ ညံ့ႏိုင္တယ္။

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၂ – ဒီဇင္ဘာ ၂၁) – ေငြအေခ်းအငွားကိစၥေတြကို သတိထား ေဆာင္႐ြက္ရပါမယ္။ မထင္မွတ္ဘဲ အကုန္အက် အရမ္းမ်ားလာႏိုင္ပါတယ္။ အမႈအခင္းေတြ ျဖစ္လာရင္ ကံဆိုးသြားတတ္ပါတယ္။

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ – ဇန္နဝါရီ ၁၉) – ခင္မင္ရင္းႏွီးရတဲ့ မိတ္ေဆြအသိုင္းအဝိုင္းနဲ႔ ဆက္ဆံေရး အဖုအထစ္ ျဖစ္လာႏိုင္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္အျမင္ လြဲမွားတာေတြ ရွိလာႏိုင္ပါတယ္။

ကုမ္ရာသီဖြား (ဇန္နဝါရီ ၂၀ – ေဖေဖာ္ဝါရီ ၁၈) – အလုပ္ကိစၥ စိတ္ဖိစီးမႈေတြ မ်ားလာတတ္လို႔ က်န္းမာေရးကိုပါ ထိခိုက္လာႏိုင္ပါတယ္။ အလုပ္ေျပာင္းဌာနေျပာင္းရတာ၊ အလုပ္နဲ႔ပတ္သက္လို႔ ဆံုးရံႈးတာေတြ ရွိလာႏိုင္တယ္။

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀) – မေရာက္ဖူး၊ မသြားဖူးတဲ့ခရီးမ်ဳိးေတြ ေပၚလာတတ္ၿပီး ခရီးလမ္းမွာပါ အဆင္မေျပမႈေတြ မ်ားတတ္ပါတယ္။ သင္ၾကားေရး၊ ပညာေရး၊ သင္တန္းကိစၥေတြ ခက္ခဲၾကန္႔ၾကာႏိုင္ပါတယ္။

၁၂ ရာသီဖြားအားလုံး ေဘးရန္ကင္းကြာ ခ်မ္းသာရၾကပါေစ – ဧက (ေဗဒင္သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)